ပြင်သစ်နိုင်ငံသမ္မတ မက်ခရွန်က ဂန္ထဝင်ကစားသမားတစ်ဦးဖြစ်သည့် ဇီဒန်းအား ပြင်သစ်လိဂ်တွင် နည်းပြအဖြစ် ဆောင်ရွက်စေလိုကြောင်း ထုတ်ဖော်ပြောကြားသည်။
၂၀၂၁ ခုနှစ် နွေရာသီတွင် ရီးယဲလ်အသင်းနှင့် လမ်းခွဲပြီးနောက် အသင်းလက်မဲ့ ဖြစ်နေသည့် ဇီဒန်းအနေဖြင့် PSG အသင်းနည်းပြရာထူးအတွက် ရေပန်းစားနေစဉ် မက်ခရွန်က ယခုလို ပြောကြားခဲ့ခြင်းဖြစ်သည်။
”ပြင်သစ်ကို သူပြန်လာပြီးတော့ ထိပ်တန်းကလပ်တစ်သင်းကို လေ့ကျင့်ပေးစေဖို့ ကျွန်တော်ဆန္ဒပြုပါတယ်။ အဲဒါဆို အရမ်းကောင်းမှာပါ။ ပြင်သစ်ဟာ အားကစားနဲ့ ဘောလုံးလောကမှာ ထိပ်တန်းဖြစ်တယ်လို့ ပြောပြရမှာက ကျွန်တော့်ရဲ့တာဝန်ပါ။ အားကစားကိုနှစ်သက်တဲ့ ပရိသတ်တွေလည်း အများကြီးရှိပါတယ်။ ဒါကြောင့် အကောင်းဆုံးတွေရှိနေဖို့ အရေးကြီးပါတယ်” ဟု ၎င်းက ဆိုသည်။