မန်ယူအသင်း၏ အင်္ဂလန်ဂိုးသမား ဒင်းန်ဟန်ဒါဆန်သည် လာမည့် ဇန်နဝါရီအပြောင်းအရွှေ့ကာလတွင် အခြားအသင်းတစ်သင်းသင်းသို့ အငှားသွားရောက်ကစားရန် စဉ်းစားနေကြောင်း သိရသည်။
ဟန်ဒါဆန်သည် ရာသီကြိုကာလတွင် ကိုဗစ်ရောဂါကူးစက်မှုခံခဲ့ရပြီး လက်ရှိတွင် အသင်း၌ ပွဲကစားခွင့်ရရန် ရုန်းကန်နေရသည်။
မန်ယူအသင်းနည်းပြ ဆိုးလ်ရှားက ယခုရာသီတွင် အသင်း၌ စပိန်ဂိုးသမား ဒီဟေးယားကိုုသာ အဓိကအသုံးပြုနေရာ ပွဲကစားခွင့် နည်းပါးပါက အခြားအသင်းတစ်သင်းသင်းသို့ အငှားသွားကစားခွင့်ပြုရန် အသင်းအား ဟန်ဒါဆန်က တောင်းဆိုသွားမည်ဖြစ်ကြောင်း သိရသည်။