spot_img

ဆော်ဒီအစိုးရ ကျောထောက်နောက်ခံပြု LIV Golf Series ပွဲစဉ်များတွင် ပါဝင်ကစားရန် တိုက်ဂါးဝုဒ်ကို ဒေါ်လာ သန်း ၇၀၀ နှင့် ၈၀၀ ကြားဖြင့် ကမ်းလှမ်းခဲ့သော်လည်း ငြင်းဆန်ခဲ့

ဆော်ဒီအာရေဗျအစိုးရ ကျောထောက်နောက်ခံပြု LIV Golf Series ပွဲစဉ်များတွင် အမေရိကန်နာမည်ကျော်ဂေါ့ဖ်သမား တိုက်ဂါးဝုဒ်ကို ပါဝင်ယှဉ်ပြိုင်ရန် ဒေါ်လာ သန်း ၇၀၀ နှင့် ၈၀၀ ကြားဖြင့် ကမ်းလှမ်းခဲ့သော်လည်း ငြင်းဆန်ခဲ့ကြောင်း LIV ပြိုင်ပွဲကျင်းပ ရေးကော်မရှင်နာဖြစ်သူ သြစတြေးလျဂေါ့ဖ်သမားဟောင်း ဂရက်နော်မန်က အတည်ပြုပြောကြားခဲ့သည်။

တိုက်ဂါးဝုဒ်သည် ၁၅၀ ကြိမ်မြောက်The Open (ဗြိတိန်အိုးပင်း)ပြိုင်ပွဲမတိုင်မီ LIV Golf Series ပွဲစဉ်များတွင် ပါဝင်ယှဉ်ပြိုင်နေသူများကို လူသိရှင်ကြား ပြစ်တင်ဝေဖန်ထားသူဖြစ်သည်။

myan789

“LIVပြိုင်ပွဲတွေကို သွားကစားနေသူတွေကို ကျွန်တော် သဘောမတူပါဘူး။ သူတို့ရဲ့အရင်နေရာကို ပြန်လာရမယ်လို့ ကျွန်တော် ထင်မြင်မိပါတယ်။ LIV မှာယှဉ်ပြိုင်နေတဲ့ တချို့ကစားသမားတွေကTour (PGA Tour နှင့် European Tour ကိုဆိုလို) တွေထဲက တစ်ခုမှာတောင် ကစားခွင့်ရသူတွေ မဟုတ်ပါဘူး” ဟု တိုက်ဂါးဝုဒ်က ဝေဖန်ခဲ့ခြင်းဖြစ်သည်။

တိုက်ဂါးဝုဒ်ကို ကမ်းလှမ်းခဲ့ခြင်းနှင့်ပတ်သက်ပြီး ဂရက်နော်မန်က “ကျွန်တော် CEO မဖြစ်လာခင်က ဒီကိန်းဂဏန်း ထွက်ခဲ့ပါတယ်။ ဒီကိန်းဂဏန်းနဲ့ ကမ်းလှမ်းခဲ့တယ်ဆိုတာ မှန်ပါတယ်။ တိုက်ဂါးက လက်တံရှည်သူတစ်ဦးပါ။ ကျွန်တော် CEO ဖြစ်မလာခင်က ချဉ်းကပ်ခဲ့တာဖြစ်ပါတယ်” ဟု ဂရက်နော်မန်က Fox News သို့ ပြောကြားခဲ့သည်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular