spot_img

ဆော်ဒီသို့ ပြောင်းရွှေ့ကစားရန် မစဉ်းစားကြောင်း ဘာစီလိုနာဝါရင့်တိုက်စစ်မှူး လီဝန်ဒေါစကီး ပြောကြား

ဘာစီလိုနာဝါရင့်တိုက်စစ်မှူး လီဝန်ဒေါစကီးက မိမိအနေဖြင့် ဆော်ဒီသို့ ပြောင်းရွှေ့ကစားရန် စဉ်းပင်မစဉ်းစားဖူးကြောင်း ပြောကြားခဲ့သည်။

ဆော်ဒီပရိုလိဂ်ကလပ်အသင်းများသည် ပြီးခဲ့သည့်နွေရာသီအပြောင်းအရွှေ့စျေးကွက်တွင် ဘန်ဇီမာ၊ ကွန်တေ၊ ဖေမီနို၊ ဟန်ဒါဆန်၊ နေမာ၊ မာနေ၊ မီလင်ကိုဗစ်၊ ကူလီဘလီ၊ မန်ဒီတို့အပါအဝင် နာမည်ကျော်ထိပ်တန်းကစားသမားများကို လစာမြောက်မြား စွာပေးချေကာ ခေါ်ယူခဲ့ကြသည်။ 

myan789

ဆော်ဒီ ကလပ်အသင်းများအနေဖြင့် လာမည့်အပြောင်းအရွှေ့ကာလများတွင် ဥရောပမှ ထိပ်တန်းကစားသမားများကို လစာအဆမတန်ပေးချေကာ ခေါ်ယူရန် စီစဉ်နေကြောင်းလည်း သိရှိရသည်။ သုုိ့သော် အသက် ၃၅ နှစ်ကျော်ပြီဖြစ်ပြီး ကစားသမားဘဝမှ အနားယူရန် နီးကပ်လာပြီဖြစ်သည့် ဘာစီလိုနာဝါရင့်တိုက်စစ်မှူး လီဝန်ဒေါစကီးကမူ ၎င်းအနေဖြင့် ဆော်ဒီပရိုလိဂ်သို့ ပြောင်းရွှေ့ရန် မစဉ်းစားကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။ 

လီဝန်ဒေါစကီးက “ဆော်ဒီအာရေဗျကို ပြောင်းရွှေ့ဖို့အတွက် ကျွန်တော့်အနေနဲ့ အခုအချိန်မှာ စဉ်းတောင် မစဉ်းစားမိပါဘူး။ ဘာစီလိုနာအသင်းမှာ ကျွန်တော် အရမ်းပျော်ရွှင်နေပါတယ်။ ပြီးတော့ ဒီမှာ နေရတာကို ကျွန်တော့်မိသားစုကလည်း သဘောကျကြတယ်။ ဘာစီလိုနာကို မရောက်ခင်တုန်းကတော့ ကျွန်တော်ဟာ စက်ရုပ်တစ်ရုပ်လိုပါပဲ။ ဒါပေမဲ့ ဘာစီလိုနာမှာတော့ ကျွန်တော်ဟာ လူသားပိုဆန်လာပါတယ်။ စံချိန်တွေချိုးဖို့က ကျွန်တော့်ရဲ့ အဓိကရည်မှန်းချက် မဟုတ်တော့ပါဘူး။ အခုအချိန်မှာ အ သင်းကို နိုင်ပွဲရအောင်ကူညီဖို့နဲ့ ဘောလုံးပွဲတွေကို ပျော်ရွှင်စွာကစားနိုင်ဖို့က ကျွန်တော့်အတွက် ပိုပြီးအရေးကြီးပါတယ်။ ကျွန်တော့် အနေနဲ့ နှစ်နှစ်၊ သုံးနှစ်လောက်တော့ ဆက်ကစားနိုင်ဦးမှာပါ”ဟု ပြောကြားခဲ့သည်။ 

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular