spot_img

ဆီဗီလာနှင့်ဒုကျော့ပွဲစဉ်အတွက် နောက်တန်းကို စိတ်မပူ ရှေ့တန်းကလည်း ဂိုးရမည်ဟု တန်းဟက်ပြောဆို

ယနေ့ည ကစားမည့်ပွဲတွင် မန်ယူအသင်း၏ခံစစ်အတွက်စိတ်ပူစရာအများကြီးမရှိသော်လည်း အသင်း၏ တိုက်စစ်မှာမူ တိုးတက်အောင်လုပ်နိုင်ရန် အရေးကြီးကြောင်း မန်နေဂျာတန်းဟက်က ပြောဆိုလိုက်သည်။

မန်ယူအသင်း၏ခံစစ်တွင် အဓိက ခံစစ်မှူးနှစ်ဦးဖြစ်သော ဗာရန်းနှင့် မာတီနက်ဇ်တို့သည်ဒဏ်ရာ ကြောင့်ပါဝင်ကစားနိုင်မည်မဟုတ်ချေ။ မာတီနက်ဇ်သည် ခြေချောင်းရိုးကျိုးသည့် ဒဏ်ရာကြောင့် ရာသီကုန်သည်အထိ အနားယူရမည်ဖြစ်သည်။

myan789

မန်ယူသည် ယနေ့ညတွင် ယူရိုပါလိဂ် ကွာတားဖိုင်နယ် ဒုတိယအကျော့အဖြစ် ဆီဗီလာနှင့် စပိန်တွင် ကစားရမည်ဖြစ်သည်။ မန်ယူသည် ပထမအကျော့တွင် နှစ်ဂိုးအသာဖြင့် ဦးဆောင်နိုင်ခဲ့သော်လည်း ပွဲပြီးကာနီးတွင် မာလာဆီယာနှင့် မက်ဂွိုင်းယားတို့က ကိုယ့်ဂိုးကိုယ်သွင်းမိသဖြင့် ၂ ဂိုးစီသရေကျခဲ့ ရသည်။

တန်းဟက်က ပထမအကျော့မှ အမှားအယွင်းမျိုး ထပ်မံမှားယွင်းမိမည်ကို စိုးရိမ်မှုမရှိကြောင်း ဂိုးရမည်ဟုလည်း ယူဆကြောင်း ထုတ်ဖော်ပြောဆိုလိုက်သည်။ “ကျွန်တော်တို့အသင်းရဲ့ စုဖွဲ့မှုက ကောင်းပါတယ်။ ရှေ့တန်းကတော့ ပိုပြီးတိကျဖို့လိုအပ်ပါတယ်။ ကြာသပတေးနေ့ ကစားမယ့်ပွဲမှာ ဂိုးသွင်းနိုင်မယ်လို့ ယူဆပါတယ်”ဟု တန်းဟက်က ပြောဆိုလိုက်သည်။

မန်ယူအသင်းရှေ့တန်းတွင် ပထမအကျော့ကို ဒဏ်ရာကြောင့် မပါဝင်နိုင်ခဲ့သော တိုက်စစ်မှူး ရက်ရှ်ဖို့ ပြန်လည်ပါဝင်လာနိုင်ဖွယ်ရှိသည်။ ရက်ရှ်ဖို့သည် ပေါင်ကြွက်သားဒဏ်ရာမှ ပြန်လည်သက်သာလာပြီး မန်ယူအသင်းဖော်များနှင့်အတူ စပိန်သို့ လိုက်ပါလာပြီး ယနေ့ညတွင် ပွဲချိန်အချို့ကို ပါဝင်ကစားဖွယ်ရှိသည်။

တန်းဟက်က မန်ယူဂိုးသမား ဒဟေးယားကိုလည်း ချီးကျူးပြောဆိုလိုက်သည်။ ဒဟေးယားသည် တန်းဟက် မန်ယူကို စတင်ကိုင်တွယ်စဉ်က ဝေဖန်မှုများနှင့် ရင်ဆိုင်ခဲ့ရသော်လည်း နောက်ပိုင်းတွင် ပို၍ တည်ငြိမ်လာပြီးမန်ယူအသင်း၏ အငြင်းပွားဖွယ်မရှိသော နံပါတ်တစ်ဂိုးသမားအဖြစ်ရပ်တည်နေသည်။ “ဂိုးမဝင်အောင် ကာကွယ်ဖို့က ဂိုးသမားတစ်ယောက်အတွက် အဓိက တာဝန်ဖြစ်ပါတယ်။ ကစားသမားတိုင်းက သူတို့ကိုယ်ပိုင်ကစားဟန်ရှိပါတယ်။ ဂိုးသမားတစ်ယောက်အတွက် အရေးအကြီးဆုံးကတော့ ဖြတ်တင်ဘောတွေ ဂိုးကန်သွင်းမှုကို ကာကွယ်တာတွေနဲ့ ပြိုင်ဘက်နဲ့ တစ်ယောက်ချင်းတွေ့တဲ့အခါမှာ ကာကွယ်မှုပြုလုပ်တာတွေ ဖြစ်ပါတယ်။ ဒဟေးယားက ပြည့်စုံတဲ့ ဂိုးသမားတစ်ဦးဖြစ်ပါတယ်” ဟုတန်းဟက်က ပြောဆိုလိုက်သည်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular