spot_img

ဆိုးလ်ရှားရဲ့ ထူးဆန်းတဲ့ ဆုံးဖြတ်ချက် တစ်ခုအပေါ် ဝေဖန်သုံးသပ်လိုက် ကြတဲ့ ပေါလ် စခိုးလ် နဲ့ မိုက်ကယ် အိုဝင်

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ဒီနေ့ နံနက်မှာတော့ ဘရာမောလိန်း ကွင်းထဲမှာ ခရစ် ဝိုင်ဒါ ဦးဆောင် ခဲ့တဲ့ ရှက်ဖီး ယူနိုက်တက် အသင်းနဲ့ အဝေးကွင်း ပွဲစဉ် ရင်ဆိုင် ကစားခဲ့ရပြီး 2 – 3 ဆိုတဲ့ ရလဒ် နဲ့ အနိုင်ယူ သွားနိုင်ခဲ့ ပါတယ် ။ အဆိုပါ နိုင်ပွဲကြောင့် အခုတော့ ယူနိုက်တက် တို့ဟာ အမှတ်ပေး ဇယား အဆင့် 6 နေရာကို တက်လှမ်း သွားနိုင်ခဲ့ ပါပြီ ။

အဆိုပါ ပွဲစဉ်မှာတော့ ယူနိုက်တက် နည်းပြ ဆိုးလ်ရှားက နံပါတ်တစ် ဂိုးသမား ဖြစ်သူ ဒေးဗစ် ဒီဂီယာကို အရံခုံ ပေါ်မှာပဲ အနားပေး ခဲ့ပြီး အပြောင်းအလဲ လုပ်ဆောင်တဲ့ အနေနဲ့ အကယ်ဒမီထွက် လူငယ် ကစားသမားလေး ဖြစ်တဲ့ ဒင်းန် ဟန်ဒါဆန်ကို အသင်းဟောင်း နဲ့ ရင်ဆိုင် ကစား စေဖို့ ရွေးချယ် သွားခဲ့လိုက် ပါတယ် ။

myan789

ရလဒ် တစ်ခု အနေနဲ့ ယူနိုက်တက် အသင်း အတွက် ပွဲထွက် ကစားခွင့် ပိုင်ဆိုင် သွားခဲ့တဲ့ အကယ်ဒမီထွက် ဂိုးသမားလေး ဒင်းန် ဟန်ဒါဆန်ဟာ ပွဲချိန် 5 မိနစ်မှာပဲ အမှား ကျူးလွန် ခဲ့တဲ့ အတွက် အသင်းဟောင်းရဲ့ တိုက်စစ်မှူး မက် ဂေါဒရစ် ကို လက်ဆောင်ဂိုး နဲ့ အတူ ဦးဆောင်ခွင့် ပေးဆောင် သွားခဲ့ရ ပါတယ် ။

ဒါပေမယ့် ပွဲချိန် 26 မိနစ် နဲ့ 34 မိနစ် တွေမှာ ရပ်ရှ်ဖို့ နဲ့ မာရှယ် တို့က တစ်ဂိုးစီ သွင်းယူခဲ့ ကြပြီး ပထမပိုင်းကို 1 – 2 ဆိုတဲ့ ရလဒ် နဲ့ ဦးဆောင် စေနိုင် ခဲ့ကြ ပါတယ် ။ အဲ့ဒီနောက် ဒုတိယပိုင်း 51 မိနစ် မှာလည်း ရပ်ရှ်ဖို့ ကပဲ နောက်ထပ် တစ်ဂိုး သွင်းယူရင်း အသင်းကို 2 ဂိုးပြတ် နဲ့ ဦးဆောင်ခွင့် ရရှိ သွားစေခဲ့ ပါတယ် ။

ဒါပေမယ့် ပွဲချိန် 87 မိနစ် မှာတော့ ရှက်ဖီး တို့ ရရှိ ခဲ့တဲ့ ထောင့်ကန်ဘော မှ တစ်ဆင့် တိုက်စစ်မှူး မက် ဂေါဒရစ် ကပဲ ခေါင်းတိုက်ဂိုး သွင်းယူ သွားခဲ့ပြီး 2 – 3 ဆိုတဲ့ ရလဒ်ကို ရယူ ပေးနိုင်ခဲ့ကာ ပွဲစဉ်ကို ဦးဆောင် နေခဲ့တဲ့ ယူနိုက်တက် တို့ကို ဖိအားပေး သွားနိုင်ခဲ့ပါတယ် ။ ဒါပေမယ့် ဂိုး ဆက်လက် မသွင်းနိုင်ခဲ့တဲ့ အတွက် 2 – 3 နဲ့ပဲ ပွဲစဉ် ပြီးဆုံး သွားခဲ့ရ ပါတယ် ။

ဒီပွဲ မှာတော့ ဟန်ဒါဆန်ဟာ အမှား 1 ကြိမ် ကျူးလွန် ခဲ့တာက လွဲရင် ကောင်းမွန်တဲ့ ဂိုးပေါက် ကာကွယ်မှု အချို့ကို လုပ်ဆောင် သွားနိုင်ခဲ့ ပါသေးတယ် ။ ဒါပေမယ့် ပွဲစဉ်အပြီးမှာတော့ ယူနိုက်တက် ဂန္တဝင် ပေါလ် စခိုးလ်က ပြိုင်ဖက်တွေ အကြောင်းသိ ကြတဲ့ ဟန်ဒါဆန်ကို ပွဲထွက်ခွင့် ပေးတာက ထူးဆန်းတဲ့ ဆုံးဖြတ်ချက် တစ်ခု ဖြစ်ကြောင်း ဝေဖန် သွားခဲ့ကြ ပါတယ် ။

” အမှား ကျူးလွန်မုှက ဘောလုံး ကစားရင်း ဖြစ်ပေါ် လာတာ မဟုတ်ဘူးလို့ ကျွန်တော် ထင်ပါတယ် ။ သူ့ကို ပွဲထွက် ကစားခွင့် ပေးခဲ့တာကိုက အနည်းငယ် ထူးဆန်းတယ်လို့ ကျွန်တော်ထင်ပါတယ် ။ ခရစ် ဝိုင်ဒါဟာ ပြီးခဲ့တဲ့ ဘောလုံး ရာသီ တုန်းက ဒီမှာ ကစားခဲ့ ကတည်းက အသင်းရဲ့ အားနည်းချက် အနည်းငယ်ကို သိရှိ ထားခဲ့ ပါတယ် ”

” ဒီတစ်ကြိမ်မှာ သူဟာ ဒင်းန်ကို အသုံးချ သွားနိုင်ခဲ့ ပါတယ် ။ သူဟာ လူကောင်း ကြီးမားလွန်းတဲ့ ဂိုးသမားမျိုး မဟုတ်ပါဘူး ။ သူက ဘယ်လို နေရာတွေမှာ အခက်တွေ့ နိုင်သလဲ ဆိုတာကို ခရစ် ဝိုင်ဒါ ကောင်းကောင်း သိနေခဲ့ ပါတယ် ” လို့ ပေါလ် စခိုးလ်က ဝေဖန် သုံးသပ် သွားခဲ့လိုက် ပါတယ် ။ မိုက်ကယ် အိုဝင် ကတော့ ဟန်ဒါဆန်ကို လုံလောက်တဲ့ ပွဲကစားချိန် မိနစ်တွေ ပေးဖို့ လိုအပ်ပြီ ဖြစ်ကြောင်း သုံးသပ် ခဲ့လိုက် ပါတယ် ။

” အမှား တစ်ကြိမ် ကျူးလွန်တာက လွဲရင် သူ့ရဲ့ ကစားပုံ ကောင်းမွန်ခဲ့ ပါတယ် ။ ပွဲစဉ် မတိုင်ခင် ကောင်လေးတွေ ပြောတာကို ကြားခဲ့ရတာ တွေက စိတ်ဝင်စားဖို့ ကောင်းခဲ့ ပါတယ် ။ ဆိုးလ်ရှားကို ကြည့်ရတာ သူဟာ ပွဲထွက် ကစားသမား အပြောင်းအလဲတွေ အများကြီး မလုပ်ဆောင်ချင် သလို ဖြစ်ခဲ့ရ ပါတယ် ”

” ပြီးတော့ အနာဂတ်မှာ ယူနိုက်တက် ရဲ့ နံပါတ်တစ် ဖြစ်လာမယ့် ကစားသမား ကိုလည်း သူတို့ ပိုင်ဆိုင် ထားကြတယ်လေ ။ ဒီလို ပိုင်ဆိုင် ထားကြတဲ့ အတွက် ဒီဂီယာဟာ အရံခုံ ပေါ်မှာပဲ ဆက်လက် ရှိနေတော့မှာလား ? ဒါကတော့ ဖြစ်လာ နိုင်ခြေ လုံးဝ မရှိပါဘူး ။ သူဟာ နံပါတ်တစ် အဖြစ် ဆက်လက် ရှိနေဦးမှာ ပါပဲ ”

” အခြား တစ်ဖက် မှာတော့ အသင်းဖက်ကလည်း ဒင်းန် ကို အရံခုံ ပေါ်မှာ သုံး ၊ လေးနှစ်လောက် ဆက်ပြီး ထားလို့ မရနိုင် ပါဘူး ။ အဲ့တာတွေ မတိုင်ခင် မင်းဟာ အသင်းရဲ့ အနာဂတ်ပါလို့ ပြောပြီး ဆက်လက် ထိန်းသိမ်းထားလို့ မရနိုင် ပါဘူး ။ လက်ရှိ အနေအထားမှာ သူ့ကို အငှားချ ထားလိုက်တာက အကောင်းဆုံး ပါပဲ ”

” ဒါပေမယ့် သူဟာ အငှားချ ကစားစေခဲ့တာလည်း များခဲ့ ပါပြီ ။ လက်ရှိ အချိန် က သူ့ကို ပွဲကစားခွင့် လုံလောက်စွာ ပေးဖို့ လုပ်ဆောင်ရမယ့် အချိန် ဖြစ်လာခဲ့ ပါပြီ ။ သူဟာ အသင်းမှာ ပွဲထွက် ကစားပေးဖို့အတွက် လုံလောက်တဲ့ အတွေ့အကြုံ ကောင်းတွေ ပိုင်ဆိုင်ထားသူ ဖြစ်နေပါပြီ ” လို့ အိုဝင် က သုံးသပ် သွားခဲ့လိုက် ပါတယ် ။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular