ရီးယဲလ်နှင့် ဘိုင်ယန်မြူးနစ်အပါအဝင် ဥရောပထိပ်သီးအသင်းများသည် ဒေါ့မွန်တိုက်စစ်မှူး ဟော်လန်းနှင့် ခိုင်းနှိုှုင်း ခံနေရသည့် ဆလိုဗေးနီးယားဆယ်ကျော်သက်တိုက်စစ်မှူး ဘင်ဂျမင်ဆက်စ်ကိုကို စောင့်ကြည့်နေကြောင်း သိရသည်။
ဆက်စ်ကို(၁၈ နှစ်)သည် ဆာလ်ဇ်ဘာ့ဂ်အသင်း၏ တိုက်စစ်မှူးဖြစ်ပြီး လီဖရင်းအသင်းထံ အငှားချခဲ့စဉ် သြစတြီးယားဒုတိယတန်း၌ တိုက်စစ်ခြေစွမ်းပြခဲ့သဖြင့် ထင်ရှားလာသူဖြစ်သည်။
ယခုနှစ်အတွင်း ဆလိုဗေးနီးယားလက်ရွေးစင်အဖြစ် စတင်ရွေးချယ်ခံခဲ့ရပြီး အရပ်(၆)ပေ၊ (၄)လက်မမြင့်သည့် ဆက်စ်ကိုကို ဟော်လန်းကဲ့သို့ တောက်ပလာမည့် ကစားသမား အဖြစ် ညွှန်းဆိုမှုများလည်း ရှိနေသည်။
ထို့ကြောင့် ဥရောပထိပ်သီးအသင်းများက စောင့်ကြည့်နေကြခြင်းဖြစ်ပြီး ပရီးမီးယားလိဂ်ထိပ်သီးများဖြစ်သည့် မန်စီးတီးနှင့် လီဗာပူးလ်တို့လည်း ပါဝင်နေကြောင်း သိရသည်။