ဘာစီလိုနာအသင်းသည် လီဗာပူးလ်အသင်းနှင့် အနာဂတ်မရေမရာဖြစ်နေသည့် အီဂျစ်တိုက်စစ်မှူး ဆာလာအား ယူရိုသန်း (၇၀)ဖြင့်ခေါ်ယူရန်အသင့်ရှိနေကြောင်း စပိန်မီဒီယာများကဖော်ပြခဲ့ကြသည်။
အသက် (၂၉)နှစ်အရွယ်ရှိ ဆာလာသည် လီဗာပူးလ်နှင့် စာချုပ်သက်တမ်းတစ်နှစ်သာကျန်ရှိတော့ပြီး လက်ရှိအချိန်အထိစာချုပ်သစ်အတွက် သဘောတူညီမှုတစ်စုံတစ်ရာမရှိသေးပေ။
ထို့ကြောင့် ဘာစီလိုနာအသင်းအနေဖြင့် ဆာလာအားလက်ဦးမှုရယူနိုင်ရန်စီစဉ်နေခြင်းဖြစ်ပြီး ပြောင်းရွှေ့ကြေးယူရိုသန်း (၇၀)အပြင် မြင့်မားသည့်လစာငွေလည်း ပေးချေဖွယ်ရှိနေသည်။