spot_img

ဆန်ချိုနှင့် အန်တိုနီတို့ကို တစ်ဦးလျှင် ပေါင်သန်း(၅၀)ဝန်းကျင်ဖြင့် ဆော်ဒီကလပ်များထံ မန်ယူအသင်း ရောင်းထုတ်ရန် ဆန္ဒရှိနေ

မန်ယူအသင်းသည် တိုက်စစ်ကစားသမားများဖြစ်သည့် ဆန်ချိုနှင့် အန်တိုနီတို့ကို တစ်ဦးလျှင် ပြောင်းရွှေ့ကြေး ပေါင်သန်း(၅၀)ဝန်းကျင်ဖြင့် ဆော်ဒီကလပ်များထံ ရောင်းထုတ်ရန် ဆန္ဒရှိနေကြောင်း The Standard မီဒီယာ၏ ဆောင်းပါးရှင် နီဇာကင်ဆဲလားက သုံးသပ်ဖော်ပြခဲ့သည်။

မန်ယူအသင်းသည် လက်ရှိအချိန်၌ အင်္ဂလန်တောင်ပံကစားသမား ဆန်ချိုကို ဒေါ့မွန်အသင်းထံ ရာသီကုန်အထိ အငှားချထားပြီး အပြီးသတ်ရောင်းချမည့် သဘောတူညီချက် မပါဝင်သော်လည်း အသင်းတွင် ပြန်လည်နေရာပေးလိုခြင်း မရှိတော့ဟု သိရသည်။

ထို့ကြောင့် ဥရောပမှ ထိပ်တန်းကစားသမားများအား ကြေးကြီးပေး၍ ခေါ်ယူနေသော ဆော်ဒီကလပ်အသင်းများထံ ရောင်းထုတ်ရန် ရည်ရွယ်နေခြင်းဖြစ်ပြီး ခေါ်ယူစဉ်က ပေါင်(၇၃)သန်းပေးခဲ့ရသည့် ကစားသမားအတွက် ပေါင်သန်း(၅၀)ဝန်းကျင် ပြန်လည်ရရှိရန် လိုလားနေခြင်းဖြစ်ကြောင်း သိရသည်။

ပေါင်(၈၆)သန်းဝန်းကျင်ဖြင့် ခေါ်ယူခဲ့ရသော ဘရာဇီးလ်တောင်ပံကစားသမား အန်တိုနီမှာလည်း မျှော်လင့်သလောက် ခြေစွမ်းမပြနိုင်သည့်အတွက် မန်ယူအသင်းက ပြန်လည်ရောင်းထုတ်ရန် ဆန္ဒရှိနေခြင်းဖြစ်ပြီး ၎င်း၏ အနာဂတ်မှာ အာမခံချက်မရှိတော့ကြောင်း နီဇာကင်ဆဲလားက သုံးသပ်ခဲ့သည်။

ဆန်ချိိုကို ဆော်ဒီကလပ် အယ်လ်အစ်တီဖာအသင်းက ခေါ်ယူရန် စိတ်ဝင်စားနေသလို၊ မန်ယူအသင်းမှ အခြားကစားသမားများဖြစ်သည့် ကက်စီမီရိုနှင့် ဗာရန်းတို့မှာလည်း ဆော်ဒီကလပ်များနှင့် သတင်းထွက်နေသည်။


မန်ယူအသင်းသည် ဗာရန်းကို ဆက်လက်ထိန်းသိမ်းထားလိုသော်လည်း ကျန်ကစားသမားများကိုမူ သင့်တော်သည့် ပြောင်းရွှေ့ကြေးရရှိပါက ရောင်းထုတ်ဖွယ်ရှိကြောင်း သိရသည်။

မန်ယူအသင်းမှ တာဝန်ရှိသူများသည် ပြီးခဲ့သည့်နှစ်အတွင်း ဆော်ဒီလိဂ်မှ တာဝန်ရှိသူများနှင့် မိတ်ဖွဲ့မှုပြုလုပ်ထားသည့်အတွက် လာမည့်နွေရာသီ၌ မန်ယူအသင်းနှင့် ဆော်ဒီကလပ်အသင်းများကြား အပြောင်းအရွှေ့ကိစ္စရပ်များ ပေါ်ပေါက်လာရန် အလားအလာများနေသည်ဟုလည်း နီဇာကင်ဆဲလားက သုံးသပ်ခဲ့သည်။ 

myan789

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular