spot_img

ဆန်ချိုထက်စာရင် လီဗာပူးရဲ့ ကစားဟန်နဲ့ ပိုမိုသင့်တော်တဲ့ ကစားသမားကို ပြောပြလိုက်တဲ့ ဂျွန်ဘန်း

လီဗာပူး ဂန္ထဝင် ဂျွန်ဘန်းက ယာဂန်ကလော့ အနေနဲ့ ဂျေဒွန်ဆန်ချိုထက်စာရင် ဘယ်သူ့ကို ခေါ်ယူသင့်သလဲဆိုတာကို ပြောပြလိုက်ပါတယ်။ ဘိုရပ်ရှားဒေါ့မွန် စတားဟာ ပြီးခဲ့တဲ့ ၁၂လ အတွင်း မန်ချက်စတာယူနိုက်တက် အပြင် လီဗာပူးနဲ့လည်း အပြောင်းအရွေ့ သတင်းတွေ ထွက်ပေါ်လျက် ရှိနေသူ ဖြစ်ပါတယ်။

ဆန်ချိုဟာ ပြီးခဲ့တဲ့ နွေရာသီက မန်ယူနိုက်တက်ကို ပြောင်းရွေ့ရန် အတော်လေး နီးစပ်ခဲ့ပေမယ့်လည်း နောက်ဆုံးမှာတော့ ယူနိုက်တက် နဲ့ ဒေါ့မွန်တို့ ပြောင်းရွေ့ကြေး ညှိနှိုင်းမရ ဖြစ်ခဲ့တာကြောင့် အပြောင်းအရွေ့ ပျက်ပြယ် သွားခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် အင်္ဂလန်နဲ့အတူ ယူရိုပြိုင်ပွဲ အတွက် ပြင်ဆင်နေတဲ့ ဆန်ချိုဟာ ဒေါ့မွန်ရဲ့ ပြောင်းရွေ့ကြေး လျော့ချပေးထားမှုကြောင့် ဒီတစ်ကြိမ်မှာတော့ အိုးထရပ်ဖို့ဒ်ကို ရောက်လာရန် နီးစပ်နေပြီ ဖြစ်ပါတယ်။

myan789

ဂျွန်ဘန်းကတော့ ဆန်ချိုထက်စာရင် ဘာစီလိုနာရဲ့ အူစမာနီဒမ်ဘီလီ ကသာ ပိုမိုကောင်းမွန်တဲ့ option ဖြစ်တယ်လို့ ယုံကြည် နေပါတယ်။

ဘန်းက ”ပထမဦးဆုံး ပြောချင်တာကတော့ ဘယ်ထိပ်တန်း ကစားသမားကို မဆို အသင်းကြီးတွေ စိတ်ဝင်စားကြမှာပါ။ ဒီအသင်းတွေထဲမှာ လီဗာပူး မန်စီးတီး မန်ယူနိုက်တက် အာဆင်နယ် ချဲလ်ဆီး ဘာစီလိုနာ ရီးရဲယ်မက်ဒရစ် တို့ ပါဝင်ပါတယ်။ ဒါ့ကြောင့် ကလပ် တစ်ခုခုက ချိတ်ဆက်နေတယ် ဆိုတာ တကယ်တန်းဆိုရင် ဘာမှ မဟုတ်ပါဘူး။

စိတ်ဝင်စားမှု ရှိတယ်ဆိုရင် ဒီကစားသမားဟာ available ဖြစ်သလား ၊ သူ့အတွက် ကုန်ကျစရိတ် ၊ ကလပ်ကကော သူ့အတွက် တက်နိုင်သလား? ဒါတွေကို စတင် စဥ်းစားရပါတယ်။ ဒါဟာ စိတ်ဝင်စားတဲ့ အဆင့်ပါ။ တကယ် ခေါ်ယူချင်တယ် ဆိုရင် အချက်အလက် ၇ ခု ၈ ခု လောက်တော့ အနည်းဆုံး ကိုက်ညီရပါတယ်။

ဂျေဒွန်ဆန်ချိုနဲ့ ပက်သက်ပြီး ပြောရမယ်ဆိုရင်တော့ သူ့ကို စိတ်ဝင်စားနေတဲ့ အသင်းတွေထဲမှာ မန်ချက်စတာယူနိုက်တက်ဟာ သူ့အတွက် အသင့်တော်ဆုံး အသင်း ဖြစ်ပါတယ်။ လီဗာပူး အတွက် ဆိုရင်တော့ ကျွန်တော့် အနေနဲ့ တိုက်စစ်မှာ တိုက်ရိုက်ဆန်ဆန် ကစားတဲ့ သူကို ပိုမို နှစ်သက်ပါတယ်။ ဆန်ချိုဟာ တအားကို skill ပြည့်ဝပြီး အလိမ်အခေါက် အရမ်းကောင်းပါတယ်။ ဒါပေမယ့် စျေးကွက်ထဲမှာ ဒီနေရာ အတွက် ရနိုင်ခြေရှိတဲ့ ကစားသမားတွေ ထဲမှာ အူစမာနီဒမ်ဘီလီဟာ လီဗာပူးနဲ့ ပိုပြီး အံဝင်ခွင်ကျ ဖြစ်တယ်လို့ ကျွန်တော် ထင်ပါတယ်။” လို့ ဆိုလိုက်ပါတယ်။

ဘာစီလိုနာဟာ ဒီနွေရာသီမှာ ဆာဂျီယိုအဂွေးရိုးကို ခေါ်ယူထားခဲ့တဲ့ အပြင် လီယွန်ရဲ့ မက်ပစ်ဒီပိုင်း ကိုလည်း ထပ်မံ ခေါ်ယူသွားဖို့ ရှိနေပြီး အန်ဆူဖာတီ ကလည်း လာမည့်ရာသီ ဒဏ်ရာကနေ ပြန်လာတော့မှာ ဖြစ်တာကြောင့် ဒမ်ဘီလီဟာ နူးကမ့်မှာ နေရာပျောက်မယ့် အရေးနဲ့ ရင်ဆိုင်နေရပါတယ်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular