spot_img

စျေးကွက်ထဲမှာ ယူနိုက်တက်တို့ ပေါင် သန်း 100 ချွေတာလို့ ရနိုင်ကြောင်း ပြောပြလိုက်တဲ့ ဂယ်ရီ နဗီးလ်

မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ဂန္တဝင် ကစား သမားဟောင်း တစ်ဦး ဖြစ်သူ ဂယ်ရီ နဗီးလ် က အသင်းရဲ့ အကယ်ဒမီထွက် ကစားသမားလေး မေဆွန် ဂရင်းဝုဒ်ကြောင့် ယူနိုက်တက်တို့ဟာ နွေစျေးကွက်မှာ ပေါင် သန်း 100 လောက် ချွေတာလို့ ရနိုင်ကြောင်း ပြောသွားခဲ့လိုက် ပါတယ် ။

မေဆွန် ဂရင်းဝုဒ်ဆိုတာ 2019 – 20 ဘောလုံး ရာသီတုန်းက မန်ချက်စတာ ယူနိုက်တက် စီနီယာ အသင်း အတွက် စတင် ကစားပေးခွင့် ပိုင်ဆိုင်ခဲ့ရတဲ့ အကယ်ဒမီထွက် ကစားသမားလေး ဖြစ်ပြီး အဆိုပါ ရာသီမှာ ကိုယ်တိုင် 17 ဂိုး သွင်းယူ 4 ကြိမ် ဂိုး ဖန်တီးပေးခြင်းဖြင့် နာမည်ရခဲ့ ပါတယ် ။

myan789

ဒါပေမဲ့ ပြီးခဲ့တဲ့ ဘောလုံးရာသီတုန်းက တည်ငြိမ်တဲ့ ပုံစံကောင်းတွေ ပြသဖို့ ရုန်းကန် နေခဲ့ရတဲ့ မေဆွန် ဂရင်းဝုဒ်ဟာ ဒီဇင်ဘာ နဲ့ ဧပြီလ အကြားမှာ လေးလဆက်တိုက်ထိ ဂိုးပေါက် ပျောက်ဆုံးခဲ့ရ ပါတယ် ။ အချုပ်အားဖြင့် ဆိုရရင် သူဟာ ပရိသတ်မျှော်လင့်ထားသလောက် ကောင်းမွန်တဲ့ ဘောလုံး ရာသီ မပိုင်ဆိုင်နိုင်ခဲ့ ပါဘူး ။

ဒါပေမဲ့ သူဟာ ဂါးရတ်ဆောက်ဂိတ် ရွေးချယ်သွားခဲ့တဲ့ အင်္ဂလန် လက်ရွေးစင် အသင်းရဲ့ ပဏာမ ကစားသမား 33 ဦး စာရင်းမှာ ဂရင်းဝုဒ်ဟာ ပါဝင်နိုင်ခဲ့ပါသေးတယ် ။ ဒါပေမဲ့ ဒဏ်ရာ ပြသနာ ရှိနေခဲ့တဲ့ ကစားသမားလေးဟာ အဆုံးသတ် ရွေးချယ်မှုမှာ မပါဝင်နိုင်ခဲ့ပါဘူး ။

အခုတော့ သူဟာ နောက်ရာသီသစ် မတိုင်မီ အနားယူခွင့် တွေကို ပိုင်ဆိုင်နိုင်ခဲ့ပါပြီ ။ ထို့အတူ ယူနိုက်တက် ဂန္တဝင် ဂယ်ရီ နဗီးလ် က ပါရမီ ကောင်းတဲ့ မေဆွန် ဂရင်းဝုဒ်ဟာ အသင်းဟောင်းအတွက် စျေးကွက်ထဲမှာ ပေါင်သန်း 100 လောက် သက်သာ စေနိုင်လိမ့်မယ်လို့ သုံးသပ်ခဲ့လိုက် ပါတယ် ။

” ဟုတ်ပါတယ် ၊ မေဆွန် ဂရင်းဝုဒ်ဟာ နောက်ရာသီမှာ မန်ချက်စတာ ယူနိုက်တက် အသင်းအတွက် ဦးစားပေး ကစားသမား ဖြစ်လာနိုင်ပါလိမ့်မယ် ။ ဒါပေမဲ့ ပွဲတိုင်း ပွဲထွက် ကစားခွင့်ရလိမ့်မယ်လို့တော့ ပြောလို့မရနိုင်ပါဘူး ။ ခင်ဗျားတို့ကတော့ အသက် 19 ၊ 20 ပဲ ရှိသေးတယ်ဆိုပြီး ပြောကြပါလိမ့်မယ် ၊ ဒါပေမယ့် သူ့မှာ ပါရမီကောင်းတွေ ရှိနေပါတယ် ”

” ပထမဆုံး အနေနဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းဖက်မှ ဂရင်းဝုဒ် ဘယ်နေရာမှာ ကစားချင်သလဲဆိုတာကို မေးမြန်းရပါ့မယ် ။ အဲ့တာပြီးမှ ဘယ်နေရာတွေ အတွက် ကစားသမား ခေါ်ယူသင့်လဲဆိုတာ တွေးတော့ရပါ့မယ် ။ ခင်ဗျား အနေနဲ့ သူကစားတဲ့ နေရာအတွက် ကစားသမား ခေါ်လိုက်ပြီး သူ့ရဲ့ တိုးတက်ရေး လမ်းကြောင်း ပိတ်ဆို့လိုက်လို့တော့ မရပါဘူး ”

” ခင်ဗျား အနေနဲ့ သူ့ကို တိုးတက်ခွင့်တွေ ပေးဆောင်ရ ပါ့မယ် ။ ဘာဖြစ်လို့လဲဆိုတော့ သူက ခင်ဗျားတို့အတွက် ပေါင် သန်း 100 တန်တဲ့ ကစားသမား ဖြစ်နေလို့ ပါပဲ ။ သူဟာ ညာတောင်ပံ ဖြစ်တယ်ဆိုတာ သေချာသွားရင် ယူနိုက်တက် အနေနဲ့ ဟားလန်း (သို့) ကိန်း ကို ခေါ်ယူသင့် ပါတယ် ။ အကယ်လို့ သူက အထောင်တိုက်စစ် ကစားမယ်ဆိုရင် ယူနိုက်တက် အနေနဲ့ ညာတိုက်စစ် (သို့) ဆန်ချိုကို ခေါ်ယူသင့် ပါတယ် ”

” အကယ်လို့ သူတို့တွေသာ ပရိသတ်တွေ အလိုကို လိုက်ပြီး နှစ်နေရာလုံး လူခေါ်လိုက်မယ်ဆိုရင် အသင်းမှာ ရှိနေတဲ့ ဂရင်းဝုဒ် ၊ ရပ်ရှ်ဖို့ နဲ့ အခြား ကစားသမားရဲ့ တိုးတက်ရေးကို အဟန့်အတား ဖြစ်သွားစေပါ လိမ့်မယ် ။ ဒါတွေ အပြင် မာရှယ်လည်း ရှိနေသေးတယ်လေ ”

” ဒါ့ကြောင့် ယူနိုက်တက်အနေနဲ့ မေဆွန် ဘယ်မှာ ကစားချင်သလဲ ဆိုတာကို အရင်ဦးဆုံး အတည်ပြုလိုက်သင့် ပါတယ် ။ အဲ့တာပြီးမှ လိုတဲ့ နေရာ တစ်ခု အတွက်ပဲ ကစား သမား အင်အား ဖြည့်တင်းလိုက်သင့် ပါတယ် ” လို့ ဂယ်ရီ နဗီးလ် က အကြံပေး သွားခဲ့လိုက် ပါတယ် ။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular