ကာဂလီယာရီ – ဖီအိုရင်တီးနား (မြန်မာစံတော်ချိန် မေလ ၁၂ ရက် ည ၁၁:၀၀ နာရီ)
ကာဂလီယာရီက အရေးပေါ်အမှတ်လိုအပ်နေသေးပြီး ဖီအိုရင်တီးနားကလည်း ပေါ့ဆလို့မရသေးဘူး။ နှစ်သင်းစလုံးမှာ တိုက်စစ်ကစားသမားကောင်းတွေရှိသလို၊ အမှတ်လိုအပ်ပုံချင်းတူညီနေလို့ အပြန်အလှန်ထိုးစစ်ဆင်တာ မြင်တွေ့ရပါလိမ့်မယ်။ အိမ်ကွင်းနောက်ဆုံး (၂)ပွဲဆက် အနိုင်ရထားပြီး (၇)ဂိုးအထိ သွင်းယူထားနိုင်တဲ့ ကာဂလီယာရီ နိုင်ပွဲရပါလိမ့်မယ်။ (၂-၁)လောက် ဖြစ်လာနိုင်တယ်။
အတ္တလန်တာ – ဘင်နီဗန်တို (မြန်မာစံတော်ချိန် မေလ ၁၃ ရက် နံနက် ၁:၁၅ နာရီ)
ရာသီပိတ်ကာလမတိုင်မီမှာ အတ္တလန်တာက ဂျူဗင်တပ်စ်နဲ့ ကိုပါအီတာလီယာဗိုလ်လုပွဲ၊ အေစီမီလန်နဲ့စီးရီးအေပွဲတွေ ရင်ဆိုင်ရမှာဖြစ်လို့ ဒီလိုပွဲမျိုးမှာ နိုင်ပွဲယူပြီး စိတ်ဓာတ်ပိုင်းအားတက်အောင် ပြင်ဆင်ထားပါလိမ့်မယ်။ လက်ရှိရာသီ စီးရီးအေရဲ့ တိုက်စစ်အကောင်းဆုံး အတ္တလန်တာနဲ့ ခံစစ်အညံ့ဆုံးအသင်းတစ်သင်းဖြစ်တဲ့ ဘင်နီဗန်တိုတို့ ဆုံတွေ့တဲ့ပွဲမှာ အတ္တလန်တာနဲ့ သွင်းဂိုးအများကို ရွေးချယ်ထားရမယ်ထင်တယ်။
ဘိုလော့ဂ်နာ – ဂျီနိုအာ (မြန်မာစံတော်ချိန် မေလ ၁၃ ရက် နံနက် ၁:၁၅ နာရီ)
နှစ်သင်းစလုံးရဲ့ခံစစ်က နောက်ပိုင်းပွဲစဉ်တွေမှာ ပေးဂိုးနှုန်းမြင့်မားနေတယ်။ ဘိုလော့ဂ်နာထက် ဂျီနိုအာက အမှတ်လိုအပ်ချက်ပိုများနေလို့ ပိုပြီးအားစိုက်ကစားမယ်ဆိုပေမဲ့ အိမ်ကွင်းမှာ ရလဒ်ကောင်းအောင် ရုန်းကန်တတ်တဲ့ ဘိုလော့ဂ်နာကြောင့် ဂျီနိုအာ တစ်မှတ်ထက်ပိုမရနိုင်ဘူး။
ဆာဆူအိုလို – ဂျူဗင်တပ်စ် (မြန်မာစံတော်ချိန် မေလ ၁၃ ရက် နံနက် ၁:၁၅ နာရီ)
ဂျူဗင်တပ်စ်အတွက် လက်ကျန်စီးရီးအေပွဲစဉ်တိုင်းဟာ သိက္ခာဆယ်ပွဲတွေချည်းပါပဲ။ ချန်ပီယံလိဂ်ဝင်ခွင့်ရရှိရေးအတွက် အမှားမခံလို့လည်း နည်းပြ ပီယာလို အာရုံစိုက်ကစားပါလိမ့်မယ်။ ဒါပေမဲ့ အခုရင်ဆိုင်ရမယ့် ဆာဆူအိုလိုက စီးရီးအေထိပ်တန်းအသင်းတွေနဲ့ ရင်ဆိုင်ရတိုင်း ရလဒ်ကောင်းအောင် ရုန်းကန်ပြလေ့ရှိတယ်။ အေစီမီလန်ကို အနိုင်၊ အတ္တလန်တာကို သရေကစားထားလို့ ဂျူဗင်တပ်စ်လည်း အမှတ်လျော့သွားနိုင်တယ်။
တိုရီနို – အေစီမီလန် (မြန်မာစံတော်ချိန် မေလ ၁၃ ရက် နံနက် ၁:၁၅ နာရီ)
တိုရီနိုရဲ့ တန်းဆင်းဇုန်ရုန်းကန်အားက အသိအမှတ်ပြုရမယ်။ စိတ်ပိုင်းဆိုင်ရာတိုးတက်မှုအပြင် ရုပ်ပိုင်းဆိုင်ရာသန်မာမှုကိုပါ တိုရီနိုဆီကနေ မြင်တွေ့နေရြ့ပီ။ အေစီမီလန်က ရာသီနှောင်းပိုင်းကာလမှာ မတည်ငြိမ်မှုတွေကြား လူးလွန့်နေရတယ်။ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် အရေးကြီးနေချိန်မှာ အေစီမီလန်က ကိုယ်တိုင်မတည်မငြိမ်ဖြစ်နေသလို၊ ကံကြမ္မာရဲ့ဖေးမမှုလည်း မရရှာဘူး။ အေစီမီလန်က ဂျူဗင်တပ်စ်နဲ့ ရင်ဆိုင်ပြီးနောက် တန်းဆင်းဇုန်ထဲက တိုရီနို၊ ကာဂလီယာရီတို့နဲ့ ကစားရပြီး ရာသီ ပိတ်နောက်ဆုံးပွဲမှာ အတ္တလန်တာနဲ့ ကစားရမှာပါ။ အေစီမီလန် အနိုင်ရသင့်ပေမဲ့ တိုရီနို အမှတ်လုယူမယ်ထင်တယ်။
လာဇီယို – ပါးမား (မြန်မာစံတော်ချိန် မေလ ၁၃ ရက် နံနက် ၁:၁၅ နာရီ)
တန်းဆင်းပြီးသား ပါးမားနဲ့ ရင်ဆိုင်ရတာဖြစ်လို့ လာဇီယို အမှားမခံဘဲ အသာစီးယူပါလိမ့်မယ်။ ဒီပွဲပြီးရင် မြို့ခံပြိုင်ဘက် ရိုးမား၊ တန်းဆင်းဇုန်ထဲက တိုရီနို၊ ဖျက်မြင်းလိုက်လုပ်နေတဲ့ ဆာဆူအိုလိုတို့နဲ့ လာဇီယို ကစားရမှာပါ။ ဒီတော့ အခုပွဲမှာ လာဇီယို အမှတ်ပြည့်ရအောင် ယူထားပါလိမ့်မယ်။ အိမ်ကွင်းမှာ ဂိုးမြူးတတ်တဲ့ လာဇိီယို အနိုင်သေချာပြီး ခံစစ်အားနည်းတဲ့ ပါးမားကြောင့် ဂိုးလည်းပြတ်သွားနိုင်ပါတယ်။
အင်တာမီလန် – ရိုးမား (မြန်မာစံတော်ချိန် မေလ ၁၃ ရက် နံနက် ၁:၁၅ နာရီ)
အင်တာမီလန်နဲ့ ရိုးမားတို့ နောက်ဆုံး (၆)ကြိမ်ဆုံတွေ့မှုက အရှုံးအနိုင်အဖြေမပေါ်ခဲ့ဘူး။ လက်ရှိအချိန်မှာ နှစ်သင်းစလုံးက ကြီးမားတဲ့ ဖိအားနဲ့ မျှော်လင့်ချက်တွေရှိမနေဘူးလို့ ဆိုရမယ်။ ရိုးမားက ယူရိုပါလိဂ်ဝင်ခွင့်မျှော်လင့်ချက်လည်း မရေရာတော့တဲ့ဘဝ၊ အင်တာမီလန်က ချန်ပီယံဆုသိမ်းပိုက်ထားတဲ့ အခြေအနေမျိုးဖြစ်လို့ ဂုဏ်သိက္ခာအားပြိုင်ပွဲပုံစံ ဖြစ်လာပါလိမ့် မယ်။ အင်တာမီလန် အနိုင်ရပါလိမ့်မယ်။
ဆမ်ဒိုးရီးယား – စပီဇီယာ (မြန်မာစံတော်ချိန် မေလ ၁၃ ရက် နံနက် ၁:၁၅ နာရီ)
ပြီးခဲ့တဲ့ပွဲတွေတုန်းက ဆမ်ဒိုးရီးယားက အရေးပေါ်အမှတ်လိုနေတဲ့အသင်းတွေနဲ့ ရင်ဆိုင်ရတဲ့အခါ အလျှော့မပေးဘဲ ကစားတာမြင်တွေ့ခဲ့ရတယ်။ အခု စပီဇီယာနဲ့ပွဲမှာလည်း ပုံမှန် အတိုင်းဆိုရင် ဆမ်ဒိုးရီးယားရဲ့ကစားပုံ မာဂုဏ်မြင့်နေပါဦးမယ်။ အိမ်ကွင်းဖြစ်နေလို့လည်း ဆမ်ဒိုးရီးယား ပိုပြီးအာရုံစိုက်ပါ လိမ့်မယ်။ စပီဇီယာကလည်း အဝေးကွင်းဆိုရင် ရလဒ်ဆိုးတတ်လို့ ဆမ်ဒိုးရီးယား အနိုင်ရမယ်ထင်တယ်။