spot_img

စီးရီးအေပွဲစဉ် (၃၆) ပွဲကြိုသုံးသပ်ချက်

အေစီမီလန် – အတ္တလန်တာ (မြန်မာစံတော်ချိန် ဇူလိုင် ၂၅ ရက်၊ နံနက် ၂:၁၅ နာရီ)


အေစီမီလန်အသင်းရဲ့ အမြင့်ပျံခရီးကို ထပ်ပြီးစမ်းသပ်မယ့်ပွဲမျိုးပါပဲ။ ယူရိုပါလိဂ်ဝင်ခွင့်မျှော်လင့်ချက် အားကောင်းမောင်းသန်ရှင်သန်နေတယ်ဆိုပေမယ့် အေစီမီလန် အမှားလုပ်လို့မရသေးဘူး။ အတ္တလန်တာက ချန်ပီယံလိဂ်ဝင်ခွင့်ရထားပြီး အမှတ်မလိုအပ်တော့ဘူးလို့ အပေါ်ယံတွေးနိုင်ပေမယ့် ကြိုးစားအားထုတ်ပုံ လျော့မသွားပါဘူး။ နောက်ဆုံး (၂)ပွဲမှာ အတ္တလန်တာ တိုက်စစ်ဂိုးအရနည်းနေပေမယ့် တိုက်စစ်ကစားဟန်က ထက်မြက်နေဆဲပါပဲ။ အေစီမီလန်ခံစစ်မှာ အားထားရတဲ့ ရိုမက်ဂ်နိုလီ မပါဝင်နိုင်လို့ အတ္တလန်တာရဲ့လျင်မြန်တဲ့တွဲလုံးတွေနဲ့တိုက်စစ်ကို ထိန်းချုပ်ရခက်ပါလိမ့်မယ်။ ရာသီအဆုံးသတ်ခါနီးမှာ အီဘရာဟီမိုဗစ် ခြေစွမ်းပြန်ပြနေတာ အေစီမီလန်ရဲ့ ယူရိုပါလိဂ်ဝင်ခွင့်မျှော်လင့်ချက်အတွက် အရေးပါတဲ့အချက်ဖြစ်နေပါတယ်။ နှစ်သင်းပေါင်း သွင်းဂိုးများမယ့်ပွဲဖြစ်ပြီး အေစီမီလန် မရှုံးအောင်ကစားပါလိမ့်မယ်။

myan789
  • ပွဲကြိုအထောက်အကူပြု အချက်များ
    • အေစီမီလန်အသင်းသည် စီးရီးအေအိမ်ကွင်း နောက်ဆုံး (၈)ပွဲတွင် (၁)ပွဲသာရှုံးနိမ့်ထားပြီး (၅)ပွဲနိုင်၊ (၂)ပွဲသရေကျခဲ့သည်။
    • အတ္တလန်တာအသင်းသည် စီးရီးအေအဝေးကွင်း နောက်ဆုံး (၈)ပွဲဆက်ရှုံးပွဲမရှိခဲ့ဘဲ (၅)ပွဲနိုင်၊ (၃)ပွဲသရေကျထားပြီး ပွဲတိုင်းဂိုးသွင်းနိုင်ခဲ့သည်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular