spot_img

စီးရီးအေပွဲစဉ် (၂၉) ပွဲကြိုသုံးသပ်ချက်

အေစီမီလန် – ဆမ်ဒိုးရီးယား (မြန်မာစံတော်ချိန် ဧပြီလ ၃ ရက် ညနေ ၅:၀၀ နာရီ)
ချန်ပီယံဆုမျှော်လင့်ချက်အတွက် အေစီမီလန် အမှားခံလို့မရတော့ဘူး။ ဒါပေမဲ့ အေစီမီလန်ရဲ့အခြေအနေက သိပ်ပြီးယုံကြည်လို့မရဘူး။ ချာဟာနိုဂလူးက ကြံ့ခိုင်မှုမပြည့်သေးသလို၊ အီဘရာဟီမိုဗစ်ဆီကလည်း သွင်းဂိုးရရှိမှု အားနည်းနေတယ်။ ဆမ်ဒိုးရီးယားက ခြေစွမ်းယိမ်းယိုင်နေပေမဲ့ စုဖွဲ့မှုအရ အေစီမီလန်ကို ဒုက္ခပေးနိုင်တယ်။ အူဒီးနီးစ်ကို အိမ်ကွင်းမှာ (၁-၁)ဂိုးစီသရေကျခဲ့သလိုမျိုး ထပ်မဖြစ်အောင် အေစီမီလန် ဂရုစိုက်ရမယ်။

နာပိုလီ – ခရိုတိုနီ (မြန်မာစံတော်ချိန် ဧပြီလ ၃ ရက် ည ၇:၃၀ နာရီ)
နာပိုလီရဲ့ တိုက်စစ်ကစားသမားတွေ ဒဏ်ရာပြဿနာဟာ အဆုံးမသတ်သေးဘူး။ မာတင်စ်က ပခုံးဒဏ်ရာရခဲ့ပြန်လို့ တိုက်စစ်အရှိန်ပြန်ကျသွားမလား သတိထားရမယ်။ ဒါပေမဲ့ ယူရိုပါလိဂ်က ထွက်ခွာရပြီးနောက် စီးရီးအေကို နာပိုလီ အာရုံပိုစိုက်လာလို့ ဒီပွဲမှာလည်း အမှားခံမှာမဟုတ်ဘူး။ ခရိုတိုနီက လွတ်မြောက်ရေးမျှော်လင့်ချက် အနည်းငယ်ရှိလာပေမဲ့ ခံစစ်မလုံခြုံပါဘူး။ နာပိုလီ (၂)ဂိုး ပြတ်၊ မပြတ်ပဲ စဉ်းစားရမယ်။

myan789

ဂျီနိုအာ – ဖီအိုရင်တီးနား (မြန်မာစံတော်ချိန် ဧပြီလ ၃ ရက် ည ၇:၃၀ နာရီ)
နှစ်သင်းစလုံး တန်းဆင်းဇုန်အန္တရာယ်ရှိနေသေးတယ်။ ဂျီနိုအာရဲ့ ကစားပုံကပိုပြီးစိတ်ချရပေမဲ့ ဖီအိုရင်တီးနားက အနိမ့်အမြင့်များပြီး မတည်ငြိမ်ဘူး။ ဒါ့အပြင် ဂျီနိုအာက အိမ်ကွင်းနောက်ဆုံး (၆)ပွဲဆက်မရှုံးသေးဘဲ (၃)ပွဲနိုင်၊ (၃)ပွဲသရေ ကစားထားလို့ ဒီပွဲလည်း အမှတ်ရပါလိမ့်မယ်။

ဘင်နီဗန်တို – ပါးမား (မြန်မာစံတော်ချိန် ဧပြီလ ၃ ရက် ည ၇:၃၀ နာရီ)
စီးရီးအေဝါရင့် ပါးမားလိုအသင်းက တန်းဆင်းဇုန်ထဲကနေ ရုန်းထွက်နိုင်ပါ့မလားဆိုတာ သံသယဝင်ချင်စရာကောင်းလာ တယ်။ တိုက်စစ်ကစားပုံမဆိုးပေမဲ့ ခံစစ်ကဂိုးတွေပေးနေရတာ ပါးမားရဲ့အားနည်းချက်ဖြစ်နေတယ်။ ဘင်နီဗန်တိုက စုစည်းမှု ပိုကောင်းလို့ အနည်းဆုံးတစ်မှတ်ယူပါလိမ့်မယ်။

ဆာဆူအိုလို – ရိုးမား (မြန်မာစံတော်ချိန် ဧပြီလ ၃ ရက် ည ၇:၃၀ နာရီ)
ဆာဆူအိုလိုရဲ့ နောက်ဆုံး (၆)ပွဲမှာ တစ်ပွဲပျမ်းမျှသွင်းဂိုးက ရိုးမားထက်ပိုပြီးထက်မြက်နေတယ်။ အစဉ်အလာအရလည်း ဆာဆူအိုလိုက ရိုးမားကို ဒုက္ခပေးနိုင်လေ့ရှိတယ်။ ရိုးမားက တစ်ရာသီလုံးနီးပါး တိုက်စစ်မှာအပြောင်းအလဲတွေများပြီး မ တည်ငြိမ်ခဲ့ဘူး။ ဒါပေမဲ့ ခံစစ်အားနည်းတဲ့ ဆာဆူအိုလိုဘက်ကို ဂိုးသွင်းနိုင်ပါလိမ့်မယ်။ နှစ်သင်းပေါင်းသွင်းဂိုး (၃)ဂိုးရှိနိုင်ပြီး ဆာဆူအိုလို အမှတ်ရမယ်ထင်တယ်။

လာဇီယို – စပီဇီယာ (မြန်မာစံတော်ချိန် ဧပြီလ ၃ ရက် ည ၇:၃၀ နာရီ)
လာဇီယိုက အူဒီးနီးစ်ကိုအနိုင်ယူပြီး ရလဒ်ဆိုးတွေကနေ ရုန်းထွက်စပြုလာပါပြီ။ ဒါပေမဲ့ တိုက်စစ်က ဂိုးရဖို့ရုန်းကန်နေရ ပါတယ်။ စပီဇီယာက တန်းဆင်းဇုန်ကလွတ်မြောက်ဖို့ အမှတ်လိုနေပြီး လာဇီိယို (၂)ဂိုးပြတ်နိုင်မယ်မထင်ဘူး။

အတ္တလန်တာ – အူဒီးနီးစ် (မြန်မာစံတော်ချိန် ဧပြီလ ၃ ရက် ည ၇:၃၀ နာရီ)
အတ္တလန်တာတိုက်စစ်က မေးခွန်းထုတ်စရာမလိုအောင် သွင်းဂိုးတွေအတွက် စိတ်ချနေရဆဲပါ။ လက်ရှိအချိန်မှာ ချန်ပီယံလိဂ်ဝင်ခွင့်က အတ္တလန်တာအတွက် အရေးပါဆုံးဖြစ်နေပြီး အမှားခံမှာမဟုတ်ဘူး။ အူဒီးနီးစ်က အတ္တလန်တာလို အသင်းမျိုးနဲ့ရင်ဆိုင်ရတဲ့အခါ ခံစစ်လုံခြုံအောင် ဦးစားပေးကစားလေ့ ရှိပါတယ်။ ဒါပေမဲ့ အတ္တလန်တာ အနိုင်သေချာပြီး (၂-၀)၊ (၂-၁)ရလဒ် ဖြစ်လာနိုင်တယ်။

ကာဂလီယာရီ – ဗီရိုနာ (မြန်မာစံတော်ချိန် ဧပြီလ ၃ ရက် ည ၇:၃၀ နာရီ)
(၃)ပွဲဆက်နိုင်ပွဲပျောက်ဆုံးပြီး တန်းဆင်းဇုန်ထဲ ကာဂလီယာရီ ရောက်ရှိသွားတယ်။ ကာဂလီယာရီရဲ့ ကစားသမားစုဖွဲ့မှု အရ မဖြစ်သင့်တဲ့အခြေအနေလို့ဆိုုနိုင်ပြီး ပြန်လည်ရုန်းထွက်နိုင်သင့်ပါတယ်။ ဗီရိုနာ တစ်မှတ်ထက်ပိုမရပါဘူး။

တိုရီနို – ဂျူဗင်တပ်စ် (မြန်မာစံတော်ချိန် ဧပြီလ ၃ ရက် ည ၁၀:၃၀ နာရီ)
တူရင်ဒါဘီဟာ သက်ဆိုင်ရာအသင်းနှစ်သင်းရဲ့ ကိုယ်ပိုင်ဒုက္ခတွေနဲ့ အသက်ဝင်နေပါလိမ့်မယ်။ တိုရီနိုက တန်းဆင်းဇုန်နှုတ်ခမ်းဝမှာ နစ်မွန်းနေပြီး ဂျူဗင်တပ်စ်က ချန်ပီယံဆုရဲ့ အဝေးခပ်လှမ်းလှမ်းကို ရောက်ရှိနေလို့ သိက္ခာပြန်ဆယ်ရမယ်။ နှစ်သင်းစလုံးမှာ စိတ်ပိုင်းဆိုင်ရာပြဿနာတွေရှိနေတယ်။ စုဖွဲ့မှုအရ ဂျူဗင်တပ်စ်အားသာပေမဲ့ ကစားသမားအများစု ပွဲပန်းလာနိုင်တာ စဉ်းစားရမယ်။ (၁-၁)၊ (၁-၂) လောက်ဖြစ်မယ်။

ဘိုလော့ဂ်နာ – အင်တာမီလန် (မြန်မာစံတော်ချိန် ဧပြီလ ၄ ရက် နံနက် ၁:၁၅ နာရီ)
နည်းပြ မီဟိုင်းလိုဗစ်ချ်ရဲ့ ဘိုလော့ဂ်နာက ထက်မြက်တိုက်စစ်နဲ့အတူ အမြင့်ပျံနေတယ်။ သွင်းဂိုးတွေထက် ဘိုလော့ဂ်နာရဲ့ကစားပုံက ချီးကျူးစရာကောင်းပြီး ပြိုင်ဘက်ခံစစ်ကို စနစ်တကျထိုးဖောက်နိုင်တာ မြင်ရတယ်။ အပြောင်းအရွှေ့စျေးကွက်မှာ Hot ဖြစ်လာတဲ့ ဆဗန်ဘတ်က အဆုံးသတ်စွမ်းဆောင်ရည်ကောင်းပြသနေပြီး ဘာရိုးဆီကနေစတင်မယ့် တန်ပြန်တိုက်စစ်ကလည်း အင်တာမီလန်ကို ဒုက္ခပေးနိုင်ပါတယ်။ အင်တာမီလန်က ချန်ပီယံဆုအတွက် စိတ်အေးရပြီလို့ မဆိုနိုင်ပေမဲ့ အားသာချက်အတော်များနေပါပြီ။ လက်ကျန်ပွဲစဉ်တွေထဲမှာလည်း ပွဲကျပ်အများကြီးမကျန်တော့လို့ အမှားအယွင်းသိပ်မရှိရုံနဲ့ ချန်ပီယံဆုကို သိမ်းပိုက်နိုင်မယ့်အခြေအနေမျိုးပါပဲ။ ဒါပေမဲ့ ဒီပွဲက အင်တာမီလန်အတွက် ခပ်လွယ်လွယ်အောင်ပွဲရမယ့်အခြေအနေမျိုးမဟုတ်ဘဲ ရုန်းကန်ရပါလိမ့်မယ်။ ဘိုလော့ဂ်နာ တစ်မှတ်မျှော်လင့်ခွင့်ရှိတယ်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular