spot_img

စီးရီးအေပွဲစဉ် (၁) ပွဲကြိုသုံးသပ်ချက်

ဗီရိုနာ – ဆာဆူအိုလို (မြန်မာစံတော်ချိန် သြဂုတ်လ ၂၁ ရက် ည ၁၁:၀၀ နာရီ)
နှစ်သင်းစလုံးက ကစားသမားသစ်တွေ ခေါ်ယူထားတယ်။ ဆာဆူအိုလိုကတော့ အမ်ပိုလီက ထရာအိုရေးလို ချာတိတ်လေးကို ယူရို (၁၆)သန်းပေးပြီး ခေါ်ယူထားပြီး စိတ်ဝင်စားစရာ အပြောင်းအရွှေ့ပါပဲ။ ဗီရိုနာကလည်း ဘာရက်ခ်ကို ရထားလို့ ဒီပွဲက အကြိတ်အနယ်ရှိပါမယ်။ သရေပွဲဖြစ်လာနိုင်တယ်။

အင်တာမီလန် – ဂျီနိုအာ (မြန်မာစံတော်ချိန် သြဂုတ်လ ၂၁ ရက် ည ၁၁:၀၀ နာရီ)
ဦးဆောင်သူ နည်းပြ ကွန်တီ မရှိတော့ဘူး။ ဂိုးသွင်းဘုရင် လူကာကူမရှိတော့ဘူး။ ဒီကြားထဲ အင်တာမီလန်ရဲ့ ဘဏ္ဍာရေးပြဿနာဟာ မတည်ငြိမ်သေးဘူး။ နည်းပြသစ် ဆီမြွန်နီအင်ဇာဂီက လာဇီယိုမှာ သူ့ရဲ့ဇကို ပြသထားနိုင်ပေမဲ့ အင်တာမီလန်ရဲ့ အလုံးအထည်ဟာ သံသယဝင်ချင်စရာကောင်းနေတယ်။ ဂျီနိုအာက ထုံးစံအတိုင်းပဲ ကစားသမား အဝင်အထွက်တွေများနေပြီး တစ်မှတ်ထက် ပိုမျှော်လင့်ထားမယ်မထင်ဘူး။

myan789

အမ်ပိုလီ – လာဇီယို (မြန်မာစံတော်ချိန် သြဂုတ်လ ၂၂ ရက် နံနက် ၁:၁၅ နာရီ)
လာဇီယိုနည်းပြ ဆာရီက သူ့ကို ခေတ်ပေါ်ဘောလုံးကမ္ဘာထဲ ထင်ရှားအောင် မြေတောင်မြှောက်ပေးခဲ့တဲ့ အမ်ပိုလီနဲ့ ပြန် လည်ဆုံတွေ့မှာပါ။ အမ်ပိုလီက စီးရီးအေနဲ့မစိမ်းတဲ့အသင်း ဖြစ်ပြီး အငှားခေါ်ယူမှုတွေကလည်း စိတ်ဝင်စားစရာကောင်းတယ်။ ကူထရိုနီလို တိုက်စစ်မှူးမျိုး ရှိနေလို့လည်း လာဇီယိုခံစစ် သတိထားရမယ်။ ဆာရီရဲ့တိုက်စစ်ဦးစားပေးကစားဟန်ကို စောင့်ကြည့်ရမှာဖြစ်ပြီး နိုင်ပွဲရဖို့ များပါတယ်။

တိုရီနို – အတ္တလန်တာ (မြန်မာစံတော်ချိန် သြဂုတ်လ ၂၂ ရက် နံနက် ၁:၁၅ နာရီ)
ဂိုးသမား ဂိုလီနီနဲ့ နောက်ခံလူ ရိုမဲရိုးကို လက်လွှတ်လိုက်ရလို့ ဖြစ်လာတဲ့ပြဿနာက ဂျူဗင်တပ်စ်နဲ့ပွဲမှာ အတ္တလန်တာ ရင်ဆိုင်လိုက်ရတယ်။ နည်းပြ ဂတ်စ်ပါရီနီရဲ့ တိုက်စစ်ဦးစားပေးကစားဟန်ဟာ နဂိုကတည်းက ခံစစ်မလုံခြုံဘဲ သူတို့နှစ်ဦးမရှိချိန်မှာ ပိုဆိုးတာမြင်ခဲ့ရတယ်။ တိုရီနိုက ကွင်းလယ်ကို အဓိကပြင်ဆင်ထားပြီး ဂိုးရဖို့ ရုန်းကန်ရဦးမယ် ထင်တယ်။ မထင်မှတ်ဘဲ သရေကျသွားနိုင်တယ်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular