spot_img

စီးရီးအေချန်ပီယံဆု ဆွတ်ခူးနိုင်ခဲ့ပါက အေစီမီလန်အသင်း အပြောင်းအရွှေ့အသုံးစရိတ် ယူရိုသန်း (၃၀၀) ရရှိမည်

အေစီမီလန်အသင်းသည် လာမည့်ရာသီအတွက် အပြောင်းအရွှေ့အသုံးစရိတ် ယူရိုသန်း (၃၀၀)ရရှိဖွယ်ရှိကြောင်း သိရသည်။

အေစီမီလန်အသင်းကို ဝယ်ယူရန် သေချာသလောက်ရှိနေသည့် ဘာရိန်းအခြေစိုက် ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီ Investcorp သည် စီးရီးအေချန်ပီယံဆုသာ ပိုင်ဆိုင်ခွင့်ရရှိပါက အကြီးစားပြင်ဆင်မှုများ ပြုလုပ်သွားရန် အသင့်ရှိနေခြင်းဖြစ်သည်။

myan789

ထို့ပြင် Investcorp သည် အေစီမီလန်အသင်း၏ ကွင်းသစ်စီမံကိန်းကိုလည်း အကောင်အထည်ပေါ်ရန် အားစိုက်ကြိုးပမ်းသွားဖွယ်ရှိနေသည်။

လက်ရှိအချိန်တွင် အေစီမီလန်နှင့် အင်တာမီလန်အသင်းတို့သည် ကွင်းသစ်စီမံကိန်းဆောင်ရွက်ရန် ကြိုးပမ်းနေသော်လည်း မီလန်မြို့တော်ဝန်နှင့် ဒေသအာဏာပိုင်များထံမှ အလုံးစုံခွင့်ပြုချက်မရသေးသဖြင့် ကြန့်ကြာနေရသည်။

Investcorp သည် ပြီးခဲ့သည့်နှစ်များအတွင်း စီးရီးအေချန်ပီယံဆုကို လွှမ်းမိုးထားသော ဂျူဗင်တပ်စ်အသင်းကဲ့သို့ ကွင်းအတွင်းအောင်မြင်မှုနှင့် ကွင်းပြင်ပ စီးပွားရေးအောင်မြင်မှုများပါ ရယူနိုင်ရန် ရည်ရွယ်ထားကြောင်းလည်း Calcio Finanza ကဖော်ပြခဲ့သည်။

Calcio Finanza က အေစီမီလန်အသင်းအနေဖြင့် စီးရီးအေချန်ပီယံဆု ပြန်လည်ဆွတ်ခူးနိုင်ပြီး ပုံရိပ်ပြန်လည်မြင့်မားလာပါက ကစားသမားကောင်းအချို့ကို ဆွဲဆောင်နိုင်လိမ့်မည်ဖြစ်ပြီး Investcorp ဘက်ကလည်း UEFA ၏ ဘဏ္ဍာရေးသာတူညီမျှစည်းမျဉ်းအသစ် အသက်မဝင်မီ ၂၀၂၅-၂၆ ရာသီမတိုင်မီ အကြီးစားပြင်ဆင်မှုများ ပြုလုပ်ခွင့်ရဖွယ်ရှိနေသည်။

UEFA ၏ ဘဏ္ဍာရေးသာတူညီမျှစည်းမျဉ်းအရ ပိုင်ရှင်သစ်များအနေဖြင့် အပိုအသုံးစရိတ်ရရှိမည်ဖြစ်ကြောင်း သိရသည်။

Investcorp သည် အေစီမီလန်အသင်းကို ယူရို (၁ .၁၈)ဘီလီယံဖြင့် ဝယ်ယူရန်နီးစပ်နေခြင်းဖြစ်ပြီး စီးရီးအေအသင်းများထဲတွင် အာရပ်များပိုင်ဆိုင်သည့် ပထမဆုံးအသင်းအဖြစ် မှတ်တမ်းဝင်ဖွယ်ရှိနေသည်။

Investcorp ၏ နောက်ကွယ်တွင် မန်စီးတီးအသင်းကို ပိုင်ဆိုင်ထားသည့် အဘူဒါဘီမိသားစု၏ ငွေကြေးများရှိနေသဖြင့် အေစီမီလန်အသင်းအနေဖြင့် ဘာလူစကိုနီနောက်ပိုင်း အကောင်းဆုံး အသင်းပိုင်ရှင်များလက်ထဲသို့ ရောက်ရှိတော့မည်ဖြစ်ကြောင်း အီတလီမီဒီယာများက ဖော်ပြနေကြသည်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular