ဂျူဗင်တပ်စ် – လာဇီယို (မြန်မာစံတော်ချိန် ဇူလိုင်လ ၂၁ ရက် နံနက် ၂း၁၅ နာရီ)
ဂျူဗင်တပ်စ်ရဲ့ ပွဲကျပ်ကာလနောက်ဆုံးပွဲပါပဲ။ ဆာဆူအိုလိုနဲ့ပွဲမတိုင်မီအထိ ဂျူဗင်တပ်စ်ရဲ့ ပွဲကျပ်ကာလရလဒ်တွေဟာ သိပ်ပြီးအထင်ကြီးစရာမရှိဘူး။ စီရော်နယ်လ်ဒို ဂိုးတွေသွင်းနေတယ်၊ ဒီဘားလားက ခြေစွမ်းပြနေတယ်ဆိုပေမယ့် ခံစစ်က ဂိုးတွေ ခပ်လွယ်လွယ်ပေးနေရတာ စိတ်ပျက်စရာပါပဲ။ ဒီလစ်ကိုခေါ်ယူပြီး အားဖြည့်ထားတဲ့ဂျူဗင်တပ်စ်ရဲ့ ခံစစ်က မလုံလောက်သေးဘူး။ အိုမင်းနေတဲ့ ဂျူဗင်တပ်စ်ခံစစ်အစုအဖွဲ့က အရည်အသွေးမြင့်ကစားသမားတွေ လိုအပ်နေပါသေးတယ်။ လာဇီယိုအတွက် ဒီပွဲက ချန်ပီယံဆုမျှော်လင့်ချက် အသက်ဆက်နိုင်အောင် တိုက်ရမယ့်ပွဲမျိုးပါပဲ။ ဒါပေမဲ့ စိတ်ပျက်စရာကောင်းလောက်အောင် လာဇီယိုက ရလဒ်တွေကျဆင်းနေတယ်။ အီမိုဘီလီက အူဒီးနီးစ်နဲ့ပွဲမတိုင်မီအထိ ဂိုးပေါက်ပျောက်ဆုံးနေလို့ ဝေဖန်ခံနေရတယ်။ ဂုဏ်သိက္ခာတိုက်ပွဲမှာ လာဇီယို တစ်မှတ်ထက်ပိုပြီး မမျှော်လင့်သင့်ဘူး။ ဂိုးများမယ့်ပွဲမျိုးပါပဲ။