လာဇီယို – တိုရီနို (မြန်မာစံတော်ချိန် မေလ ၁၉ ရက် နံနက် ၁းဝ၀ နာရီ)
လာဇီယိုအသင်းက ယူရိုပါလိဂ်ဝင်ခွင့်အတွက် စိုးရိမ်စရာမရှိတော့တဲ့အပြင် အမှတ်ပေးဇယားရပ်တည်မှုကလည်း အဆင့်(၅)နေရာကလွဲပြီး ပြောင်းလဲမှုမရှိတော့ဘူး။ ဒါပေမဲ့ တစ်ဖက်မှာထည့်သွင်းစဉ်းစားရမှာက လာဇီယိုအသင်းရဲ့အိမ်ကွင်းနိုင်ပွဲဆက်မှတ်တမ်းပါ။ ဒီစံချိန်ကို လာဇီယိုက ဆက်လက်သယ်ဆောင်သွားဖို့ ဆန္ဒရှိနေမှာသေချာပြီး တိုရီနိုကို လက်တွဲခေါ်သွားဖို့ဆိုတာ ဖြစ်နိုင်ခြေနည်းပါတယ်။ တိုရီနိုကတော့ ဒီပွဲအမှတ်ယူနိုင်ရင် နောက်ဆုံးပွဲစဉ်ကို စောင့်ဆိုင်းစရာမလိုတော့ဘဲ တန်းဆင်းဇုန်က လွတ်မြောက်သွားဖို့တော့ရှိတယ်။ ဒါပေမဲ့ ရောမမြေဖြစ်လို့ လာဇီယိုကိုပဲ ရွေးချယ်ချင်တယ်။