spot_img

စီရော်နယ်လ်ဒို၏မိခင် ဒိုလိုရက်စ်က လာမည့်ရာသီတွင် သားဖြစ်သူ စပို့တင်းလစ္စဘွန်းအသင်းတွင် ပြန်လည်ကစားမည်ဟု ပြောကြား

ဂျူဗင်တပ်စ်အသင်းတိုက်စစ်မှူး စီရော်နယ်လ်ဒို၏မိခင်ဖြစ်သူ ဒိုလိုရက်စ်အေဗီရိုက မိမိသားအနေဖြင့် လာမည့်ရာသီတွင် စပို့တင်းလစ္စဘွန်းအသင်း၌ ပြန်လည်ကစားမည် ဖြစ်ကြောင်း စပို့တင်းလစ္စဘွန်းအသင်း ပရိသတ်များအား ပြောကြားခဲ့သည်။

စီရော်နယ်လ်ဒိုအနေဖြင့် ယခုရာသီကုန်တွင် ဂျူဗင်တပ်စ်အသင်း ချန်ပီယံလိဂ်ဝင်ခွင့် လွဲချော်ပါက ထွက်ခွာနိုင်ကြောင်း သတင်းများထွက်ပေါ်နေစဉ် ၎င်း၏မိခင်ဖြစ်သူ ဒိုလိုရက်စ်က ယခုလို ပြောကြားခြင်းဖြစ်သည်။

myan789

စပို့တင်းလစ္စဘွန်းအသင်း အမှတ်ပေးချန်ပီယံ ဆုရရှိသဖြင့် လမ်းများပေါ်တွင် အောင်ပွဲခံနေသည့် ပရိသတ်များအား နေအိမ်လသာဆောင်မှတစ်ဆင့် ဒိုလိုရက်စ်က “သူ (ခရစ္စတီယာနို) ပြန်လာဖို့ ကျွန်မပြောမှာပါ။ လာမယ့်နှစ်ကျရင် Alvalade (စပို့တင်းလစ္စဘွန်း အသင်း၏ကွင်း) မှာ သူကစားပါလိမ့်မယ်” ဟု ပြောကြားခဲ့ခြင်းဖြစ်သည်။

အသက် ၃၆ နှစ်ရှိပြီဖြစ်သည့် စီရော်နယ်လ်ဒိုသည် စပို့တင်းလစ္စဘွန်းအကယ်ဒမီ မှ ထွက်ပေါ်လာသည့် ကစားသမားတစ်ဦး ဖြစ်ပြီး မန်ယူအသင်းသို့ မပြောင်းရွှေ့မီ စပို့ တင်းလစ္စဘွန်း (ခ) အသင်းအတွက် နှစ်ပွဲ၊ စီနီယာအသင်းအတွက် ၃၁ ပွဲကစား ငါးဂိုး သွင်းယူပေးခဲ့သူဖြစ်သည်။

၎င်းနှင့် ဂျူဗင် တပ်စ်အသင်း၏စာချုပ်မှာ တစ်နှစ်ကျန်ရှိနေသော်လည်း အသင်းက ရောင်းချရန် ဆန္ဒရှိ သလို ကစားသမားကိုယ်တိုင်ကလည်း ချန် ပီယံလိဂ်ဝင်ခွင့်လွဲချော်ပါက ထွက်ခွာရန် ပြင်ဆင်နေကြောင်း သတင်းများထွက်ပေါ် လျက်ရှိသည်။

ထို့ပြင် စီရော်နယ်လ်ဒိုသည် ဂျူဗင်တပ်စ်အသင်း အဝတ်လဲခန်းတွင် တစ်ဦးတည်းသီးသန့်ဖြစ်နေပြီး အသင်းဖော်များကလည်း ၎င်းမှာ အထူးလွတ်လပ်ခွင့်ရနေသည် ဟု ထင်မြင်နေကြောင်း သိရသည်။ စပိန်နိုင်ငံ ထုတ် AS သတင်းစာ၏ဖော်ပြမှုအရ စီရော်နယ်လ်ဒိုသည် ပြီးခဲ့သည့်တစ်ပတ်က အေစီမီလန်အသင်းအား ရှုံးနိမ့်ပြီး နောက်တစ်ရက်တွင် လေ့ကျင့်ရေးကွင်းသို့ မလာရောက်ဘဲ အားလပ်ရက်ရရှိခဲ့ကြောင်း သိရသည်။

စီရော်နယ်လ်ဒိုသည် မာရာနယ်လိုမြို့ရှိ ဖာရာရီ ကားစက်ရုံသို့သွားရောက်၍ ပေါင် ၁ ဒသမ ၄ သန်းတန်ဖိုးရှိ Ferrari Monza ကားကို ဝယ်ယူခဲ့ခြင်းဖြစ်ပြီး ယင်းကဲ့သို့ သွားရောက်ရာတွင် အသင်းဥက္ကဋ္ဌ အက်ဂ်နယ်လီလည်း အတူလိုက်ပါခဲ့ကြောင်း သိရသည်။

ဂျူဗင်တပ်စ်အသင်းနည်းပြ ပီယာလိုကမူ စီရော်နယ်လ်ဒိုအား အထူးအခွင့်အရေး ပေးခြင်းမရှိကြောင်း ငြင်းဆန်ထားပြီး “တခြားကစားသမားတွေ အားလုံးလိုပဲ သူ့ကိုဆက်ဆံတာပါ။ နှိမ့်ချတတ်တဲ့သူတွေကြားမှာ ကောင်းမွန်တဲ့ဆက်ဆံရေးရှိဖို့ လွယ်ကူပါတယ်” ဟု ပြောကြားခဲ့ဖူးသည်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular