ရုပ်သံသုံးသပ်သူတစ်ဦးအဖြစ် ဆောင်ရွက်နေသည့် မန်ယူအသင်းနှင့် ပြင်သစ်လက်ရွေးစင် နာမည်ကျော်နောက်ခံလူဟောင်း ပက်ထရစ် အီဗရာက စီရော်နယ်လ်ဒိုသာ မရှိလျှင် မန်ယူအသင်း မည်သည့်အခြေအနေအထိ ရောက်ရှိနေမည်ကို တွေး ပင်မတွေးရဲကြောင်း ဝေဖန်ပြောကြားခဲ့သည်။
အသက် (၃၈) နှစ်အရွယ်ရှိ စီရော်နယ်လ်ဒိုသည် ပြီးခဲ့သည့်ရာသီက မန်ယူအသင်း အခြေအနေဆိုးများဖြင့် ကြုံတွေ့နေသည့်ကြားမှ သွင်းဂိုး (၁၈) ဂိုးအထိ သွင်းယူပေးခဲ့သူဖြစ်ပြီး အသင်းမှာမူ ယူရိုပါလိဂ်ဝင်ခွင့်သာ ရရှိခဲ့သည်။
စီရော်နယ်လ်ဒိုသည် အသင်းအတွက် ဂိုးများသွင်းယူပေးနေသော်လည်း ကစားကွက်တွင် ပါဝင်မှုအခန်းကဏ္ဍနှင့် နည်းပြလိုလားချက်ကို အကောင်အထည်ဖော်မပေးနိုင်ခဲ့ သည့် အခြေအနေတို့ကြောင့် မန်ယူအသင်းကို အခြေအနေပိုဆိုးစေသည်ဆိုသည့် ဝေဖန်မှုများလည်း ရှိခဲ့သည်။
ယင်းအတွက်ကြောင့် အီဗရာက ”ခရစ္စတီယာနိုက မေးခွန်းမဟုတ်ပါဘူး။ ကျွန်တော်တို့က သူ့ကို ထွက်သွားခိုင်းချင်လို့လား။ သူက (၁၈) ဂိုး သွင်းခဲ့တယ်။ သူသာမရှိရင် မန်ယူအသင်း ဘယ်အခြေအနေအထိ ရောက်သွားမလဲ။ သူ့အပေါ် မနာလိုသူတွေရဲ့ သုံးသပ်မှုတွေက အရေးမကြီးပါဘူး။ ဒါဟာ ကျွန်တော့်သူငယ်ချင်းဖြစ်နေလို့ ပြောတာလည်းမဟုတ်ပါဘူး”ဟု ဆိုခဲ့သည်။