PSG တိုက်စစ်မှူး နေမာက မိမိအနေဖြင့် ဂျူဗင်တပ်စ် ၀ါရင့်တိုက်စစ်မှူး စီရော်နယ်လ်ဒိုနှင့်တွဲဖက်ကစားခွင့်ရလိုသည်ဟု ဖွင့်ဟခဲ့သည်။
အသက် (၂၉)နှစ်အရွယ်ရှိ ဘရာဇီးလ်တိုက်စစ်မှူး နေမာသည် PSG အသင်းနှင့် ၂၀၂၅ ခုနှစ်အထိ စာချုပ်သစ်ချုပ်ဆိုထားပြီး GQ France မဂ္ဂဇင်းနှင့်တွေ့ဆုံ ရာတွင် ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
နေမာက ”ကျွန်တော့်အနေနဲ့ စီရော်နယ်လ်ဒိုနဲ့ တွဲဖက်ကစားချင်ပါတယ်။ ကျွန်တော်ဟာ ကစားသမားဘဝမှာ မက်ဆီ၊ ဘာပေတို့လို ထိပ်တန်းကစားသမားတွေနဲ့ တွဲဖက်ကစားခဲ့ပြီးပါပြီ။ စီရော်နယ်လ်ဒိုနဲ့ တွဲဖက်ကစားခွင့်မရသေးပါဘူး”ဟု ပြောကြားခဲ့သည်။
နေမာသည် ၂၀၁၇ ခုနှစ်တွင် PSG အသင်းသို့ ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေး ယူရို(၂၂၂)သန်းဖြင့် မပြောင်းရွှေ့မီ ဘာစီလိုနာအသင်းတွင် မက်ဆီနှင့် (၄)ရာသီကြာ တွဲဖက်ကစားခဲ့သည်။
ထို့ပြင် နေမာသည် PG အသင်းတွင်လည်း ၂၀၁၇-၁၈ ရာသီမှစကာ လက်ရှိအချိန်ထိ ပြင်သစ်တိုက်စစ်မှူး ဘာပေနှင့်တွဲဖက်ကစားလျက်ရှိသည်။