ဘာစီလိုနာအသင်းခေါင်းဆောင် မက်ဆီသည် မဟာပြိုင်ဘက် စီရော်နယ်လ်ဒို လာလီဂါမှထွက်ခွာသွားပြီးနောက် ၎င်းပါဝင်ကစားခဲ့သည့် El Clásico ပွဲစဉ် ပြိုင်ပွဲစုံနောက်ဆုံး (၆)ပွဲဆက် ဂိုးမသွင်းနိုင်ခဲ့ဘဲ ဂိုးပေါက်ပျောက်ဆုံးနေကြောင်း သိရသည်။
မက်ဆီသည် El Clásico ပွဲစဉ်များတွင် စုစုပေါင်းသွင်းဂိုး (၂၆)ဂိုးအထိသွင်းယူကာ ဂိုးသွင်းအများဆုံးကစားသမားအဖြစ် ရပ်တည်နေသော်လည်း နောက်ဆုံးဂိုးသွင်းယူနိုင်ခဲ့သည်မှာ ၂၀၁၈ ခုနှစ် မေလ (၇)ရက်နေ့ကယှဉ်ပြိုင်ခဲ့သော ဘာစီလိုနာ (၂-၂) ရီးယဲလ်မက်ဒရစ် လာလီဂါပွဲစဉ်တွင်ဖြစ်သည်။
မက်ဆီသည် ၎င်း၏ အဓိကပြိုင်ဘက်ကစားသမားဖြစ်သည့် ရီးယဲလ်တိုက်စစ်မှူး စီရော်နယ်လ်ဒို ထွက်ခွာသွားပြီးနောက်ပိုင်း El Clásico ပွဲစဉ်များတွင် ဂိုးမသွင်းနိုင်ခဲ့ခြင်းမှာလည်း ထူးခြားမှုတစ်ခုဖြစ်ခဲ့သည်။
ရီးယဲလ်အသင်းမှ စီရော်နယ်လ်ဒို ထွက်ခွာသွားပြီးနောက်ပိုင်း ပြိုင်ပွဲစုံတွင် El Clásico ပွဲစဉ် (၇)ပွဲယှဉ်ပြိုင်ခဲ့ပြီး မက်ဆီအနေဖြင့် ၂၀၁၈ ခုနှစ် အောက်တိုဘာလကယှဉ်ပြိုင်ခဲ့သော ဘာစီလိုနာ (၅-၁) ရီးယဲလ်မက်ဒရစ် လာလီဂါပွဲစဉ်အား ဒဏ်ရာကြောင့် လွဲချော်ခဲ့သည်မှအပ နောက်ဆုံး (၆)ပွဲတွင် ပါဝင်ကစားခဲ့သော်လည်း ဂိုးပေါက်ပျောက်ဆုံးခဲ့ခြင်းဖြစ်သည်။