လီဗာပူးလ်တောင်ပံကစားသမား ချိန်ဘာလိန်သည် သူ၏အနာဂတ်နှင့်ပတ်သက်ပြီး စိတ်ပူနေကြောင်း သိရသည်။
ချိန်ဘာလိန်သည် ယခုရာသီ ပြိုင်ပွဲစုံ (၂၉) ပွဲသာ ကစားထားရပြီး ကြံ့ခိုင်မှုပြည့်ဝနေသော်လည်း မတ် (၂၀) ရက်နောက်ပိုင်းကတည်းက ပွဲကစားရခြင်းမရှိတော့ကြောင်း သိရှိရသည်။
ထို့ပြင် ချိန်ဘာလိန် (၂၈ နှစ်) သည် ၂၀၂၃ ခုနှစ်တွင် လီဗာပူးလ်အသင်းနှင့် စာချုပ်သက်တမ်းကုန်ဆုံးမည်ဖြစ်သည်။
သို့သော် လီဗာပူးလ်အသင်းအနေဖြင့် လက်ရှိအချိန်ထိ စာချုပ်သစ်အတွက် ကမ်းလှမ်းမှုမရှိသေးသဖြင့် ချိန်ဘာလိန်သည် အနာဂတ်အတွက် စိတ်ပူနေခြင်းဖြစ်ကြောင်း သိရသည်။