spot_img

စာချုပ်သက်တမ်းတိုးပြီးနောက် အိုးလ်ထရက်ဖို့ဒ်ကွင်းတွင် ပရိသတ်ရှေ့မှောက်၌ အမြန်ကစားလိုသည်ဟု ကာဗာနီ ပြောကြား

မန်ယူတိုက်စစ်မှူး ကာဗာနီသည် မေလ ၁၀ ရက်က အသင်းနှင့်တစ်နှစ်သက်တမ်းတိုး စာချုပ်ချုပ်ဆိုပြီးနောက် အိုးလ်ထရက်ဖို့ဒ် ကွင်းတွင် ပရိသတ်ရှေ့မှောက်ကစားခွင့်ရရန် မစောင့်နိုင်တော့ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။

ရာသီအဆုံးသတ်ခါနီး၌ အသင်းအတွက် ခြေစွမ်းပြဂိုးများ ဆက်တိုက်သွင်းယူပေးနေသည့် ကာဗာနီကို မန်ယူနည်းပြ ဆိုးလ်ရှားက ဆက်ထိန်းထားရန် ဆန္ဒရှိခဲ့သည့်အတွက် လစာတိုးပေးပြီး ကမ်းလှမ်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

myan789

“ပရိသတ်တွေအနေနဲ့ ကျွန်တော့်ကို ဒီမှာ ဘယ်လောက်အထိရှိနေချင်သလဲဆိုတာ သိပါတယ်။ ကွင်းထဲမှာရှိတဲ့ ကျွန်တော့်ရဲ့စွမ်းဆောင်ရည်နဲ့အတူ သူတို့ကို ပျော်ရွှင်မှုတွေ ပေးစွမ်းလိုပါတယ်။ အိုးလ်ထရက်ဖို့ဒ်ကွင်းမှာ ပရိသတ်တွေရှေ့ ကျွန်တော်မကစားရသေးပါဘူး။ ဒါက ကျွန်တော် လုံးဝမစောင့်နိုင်တော့တဲ့အရာပါပဲ”ဟု ကာဗာနီ က ပြောကြားခဲ့သည်။

ထို့ပြင် ၎င်းက မန်ယူအသင်းတွင် သူ့ကို အခွင့်အရေးပေးခဲ့သည့် နည်းပြ ဆိုးလ်ရှားအားလည်း ကျေးဇူးတင်စကားဆိုခဲ့သည်။ ကာဗာနီသည် ပြိုင်ပွဲစုံ နောက်ဆုံးရှစ်ပွဲတွင် အသင်းအတွက် ရှစ်ဂိုးအထိ သွင်းယူပေးခဲ့သည်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular