ဝက်စ်ဟမ်းအသင်းနည်းပြ ဒေးဗစ်မွိုက်စ်က စာချုပ်သက်တမ်း ခြောက်လသာ ကျန်ရှိသော်လည်း အနာဂတ်ကို အလျင်အမြန်ဆွေးနွေးမည်မဟုတ်ကြောင်း ပြောကြားခဲ့သည်။
အသက် ၆၀ ရှိပြီဖြစ်သည့် စကော့တလန်နိုင်ငံသားနည်းပြ ဒေးဗစ်မွိုက်စ်သည် ဝက်စ်ဟမ်းအသင်းကို ဒုတိယအကြိမ် ကိုင်တွယ်နေခြင်းဖြစ်ပြီး ယခုရာသီကုန်တွင် စာချုပ်ကုန်ဆုံးမည်ဖြစ်သည်။ ထို့ကြောင့် အနာဂတ်အခြေအနေကိုမေးမြန်းရာ ဒေးဗစ်မွိုက်စ်က ယင်းကဲ့သို့ ဖြေကြားခြင်းဖြစ်သည်။
“ကျွန်တော်တို့ စကားပြောဖို့ အဆင်သင့်ဖြစ်နေပါပြီ။ ကျွန်တော်တို့ထဲမှာ ဘယ်သူကမှ မြန်မြန်ပြီးအောင်လုပ်ဖို့ ခုန်ပေါက်နေမှာ မဟုတ်ပါဘူး။ ကျွန်တော်တို့ အပြီးသတ်နိုင်အောင် လုပ်မှာပါ။ ပြဿနာအများကြီးလည်း ကျွန်တော်မမြင်မိပါဘူး။ ကျွန်တော်တို့ အလျင်စလို မဖြစ်ပါဘူး။ ကျွန်တော်တို့ အဆင်သင့်ဖြစ်တဲ့ အချိန်ကျရင် အပြီးသတ်နိုင်မှာပါ။ ကျွန်တော့်ရဲ့အချိန်တွေကို ပျော်နေပါတယ်။ ကျွန်တော်တို့ လာခဲ့တုန်းက ဝက်စ်ဟမ်းကို တန်းမဆင်းရအောင် လုပ်ပေးဖို့ပါ။ ဒါပေမဲ့ ကျွန်တော်တို့က ပိုကောင်းပြီး တိုးတက်လာတယ်။ ကျွန်တော်တို့က ဇယားထိပ်မှာ ညစာစားနေတာ မဟုတ်ပါဘူး။ ကျွန်တော်တို့ အဆင်ပြေပါတယ်။ ဘုတ်အဖွဲ့နဲ့လည်း အဆင်ပြေပါတယ်။ ဥရောပနဲ့ ပရီးမီးယားလိဂ်မှာ အသင်းကို အင်အားတောင့်တင်းအောင် စွမ်းဆောင်ထားနိုင်လို့ သူတို့ဝမ်းသာနေပါတယ်” ဟု ဒေးဗစ်မွိုက်စ်က ပြောကြားခဲ့သည်။