မာယော့ကာ – အိုဆာဆူနာ (တနင်္ဂနွေညနေ ၆း၃၀ နာရီ)
အိုဆာဆူနာရဲ့ခြေစွမ်းက ပုံမှန်မဟုတ်သေးပေမဲ့ လျှော့ တွက်လို့တော့မရဘူး။ ဒါ့အပြင် မာယော့ကာက အိမ်ကွင်းမာ ကျောတဲ့အသင်းပီပီ အိုဆာဆူနာနဲ့တွေ့မှ အားလျော့သွားမယ် မထင် ဘူး။ မာယော့ကာနဲ့ဂိုးအနည်းပဲ ရွေးထားလိုက်တယ်။
ဘာစီလိုနာ – လီဗန်တေး (တနင်္ဂနွေည ၈း၄၅ နာရီ)
ဘာစီလိုနာမှာတော့ နည်းပြ ကိုးမန်းထိုင်ခုံလှုပ်နေပါပြီ။ အပြောင်းအရွှေ့စျေးကွက်ပိတ်အပြီး စက်တင်ဘာလအတွင်း ကစားခဲ့တဲ့ပွဲတွေမှာ ဘာစီလိုနာရဲ့အခြေအနေ အတော်ဆိုး သွားတာလည်း တွေ့ရတယ်။ ဂရန်နာဒါနဲ့ပွဲမှာလည်း နောက်ဆုံး မိနစ်ရောက်မှ ချေပဂိုးပြန်ရခဲ့ပြီး တစ်မှတ်သာယူနိုင်ခဲ့သလို၊ အဲဒီပွဲရဲ့နောက်ပိုင်းမိနစ်တွေမှာ ပီကေးကရှေ့တက်ပြီး တိုက် စစ်သမားတစ်ဦးလို ကစားပေးခဲ့ရတဲ့ အခြေအနေတွေကိုကြည့် ရင် မက်ဆီ၊ ဂရီးဇ်မန်းတို့ မရှိတော့တဲ့ ဘာစီလိုနာတိုက်စစ် ဂိုး ရဖို့ဘယ်လောက်ရုန်းကန်နေရပြီလဲဆိုတာကိုပါ တွေ့နေရ တယ်။ လီဗန်တေးကလည်း ဘာစီလိုနာကို အခက်တွေ့အောင် တုံ့ပြန်ပြတတ်တဲ့အသင်းမျိုး ဖြစ်နေတဲ့အပြင် အဝေးကွင်း(၃)ပွဲမှာ ဆိုဆီဒက်ကိုသာ (၁)ဂိုးတည်းနဲ့ ကပ်ရှုံးခဲ့တဲ့ အသင်းဖြစ် နေပြီး အဝေးကွင်းခံစစ်ကစားပုံလည်း မဆိုးလှဘူး။ ဒါကြောင့် လည်း အခုပွဲမှာ ဘာစီလိုနာတိုက်စစ် ဂိုးရဖို့ အခက်အခဲတွေ အများကြီးကြုံရဦးမှာ သေချာနေတယ်။ လီဗန်တေးနဲ့ ဂိုးအ နည်းပဲ ရွေးထားရမယ့်ပွဲလိုဖြစ်နေတယ်။
ဆိုစီဒက် – အယ်လ်ချီ (တနင်္ဂနွေည ၁၁းဝ၀ နာရီ)
ဆိုစီဒက်တိုက်စစ်နဲ့ အယ်လ်ချီခံစစ် အားပြိုင်မယ့်ပွဲမျိုးပါ ပဲ။ အယ်လ်ချီရဲ့ခံစစ်ကစားပုံက ဆိုစီဒက်တိုက်စစ်အတွက် စိန် ခေါ်မှုဖြစ်နိုင်တယ်။ ဒါပေမဲ့ အစဉ်အလာအရ အားသာတဲ့ ဆိုစီ ဒက်ကိုပဲ ရွေးရမှာဖြစ်ပြီး ဂိုးတော့နည်းမယ်။
ဗယ်လက်ကာနို – ကာဒစ်ဇ် (တနင်္ဂနွေည ၁၁းဝ၀ နာရီ)
ကာဒစ်ဇ်ကတော့ သရေပွဲတွေများနေပြီး အဝေးကွင်းပွဲ တွေကိုလည်း အတတ်နိုင်ဆုံးထိန်းကစားနေတယ်။ ဒါပေမဲ့ အိမ် ကွင်းနိုင်ပွဲဆက်ပြီး ဂိုးတွေပါမြူးနေတဲ့ ဗယ်လက်ကာနိုရဲ့အိမ် ကွင်းကစားအားကြောင့် အိမ်ရှင်နဲ့ ဂိုးအများပဲ ရွေးရမယ်။
ဘက်တစ် – ဂီတာဖေး (တနင်္လာနံနက် ၁း၃၀ နာရီ)
ဂီတာဖေးကတော့ ရုန်းကန်နေရတုန်းပါပဲ။ အဝေးကွင်း ကစားပုံလည်း အားရစရာမရှိသေးသလို၊ ခံစစ်ပိုင်းကလည်း ဂိုး တွေ တောက်လျှောက် ပေးနေရတယ်။ ဘက်တစ်ကတော့ အိမ် ကွင်း မာကျောတဲ့အသင်းဖြစ်သလို၊ အိမ်ကွင်းမှာ ဂိုးတွေလည်း ပိုရတတ်တာကြောင့် ဂီတာဖေးအနေနဲ့ အဝေးကွင်းမှာ ဘက် တစ်ကို ပွဲချိန်ပြည့်တောင့်ခံကစားဖို့ မဖြစ်နိုင်ဘူး။ ဒါ့အပြင် အစဉ် အလာအရလည်း ဘက်တစ်ဟာ အိမ်ကွင်းမှာ ဂီတာဖေးကို အ နိုင်ကစားလေ့ရှိတယ်။ နောက်ပိုင်းပွဲတွေ တိုက်စစ်ခြေတွေ့နေ တဲ့ ဘက်တစ်နဲ့ဂိုးအများပဲ ရွေးထားကြည့်ချင်တယ်။