ဂီတာဖေး – ကာဒစ်ဇ် (တနင်္ဂနွေည ရး၃၀ နာရီ)
အိမ်ကွင်းနိုင်ပွဲရထားလို့ ဂီတာဖေး တက်ကြွ နေနိုင်တယ်။ ဒါပေမဲ့ ကာဒစ်ဇ်ကလည်း အဝေးကွင်းနောက်ဆုံးနှစ်ပွဲမှာ ဗီ လာရီးယဲလ်ကို သရေ၊ ဘီလ်ဘာအိုကို အနိုင်ရထားလို့ ဂီတာ ဖေးကို ထိန်းကစားသွားနိုင်ဖို့က သိပ်ခက်မယ်မထင်ဘူး။ ကာ ဒစ်ဇ်က အနိမ့်ဆုံးသရေကစားနိုင်တယ်။ ဂိုးနည်းမယ်။
ဂရန်နာဒါ – ရီးယဲလ်မက်ဒရစ် (တနင်္ဂနွေည ၉း၄၅ နာရီ)
ရီးယဲလ်အတွက်လည်း သတိထားကစားရမယ့် ပွဲမျိုးပါပဲ။ အစဉ်အလာတွေအရ ရီးယဲလ် အသာရထားပေမဲ့ လက်ရှိ ဂရန်နာဒါရဲ့ခြေစွမ်းက ရီးယဲလ်ကို အခက်တွေ့အောင် တုံ့ပြန် နိုင်စွမ်းရှိနေတယ်။ ဂရန်နာဒါဟာ အောက်တိုဘာလကစပြီး အိမ်ကွင်းကစားပုံလည်း ပိုပြီးကျစ်လျစ်မာကျောလာတယ်။ အိမ်ကွင်းမှာ ဂရန်နာဒါရဲ့ခံစစ်ပိုင်း မာမာထန်ထန် ကစားလာ နိုင်သလို၊ တိုက်စစ်ကလည်း အိမ်ကွင်း ပွဲတိုင်း ဂိုးရအောင်က စားနေနိုင်တယ်။ ရီးယဲလ်ကတော့ အန်ဆယ်လော့တီလက်ထဲ ခြေစွမ်းအတက်အကျ ရှိနေသေးလို့ ပရိသတ်တွေရဲ့အားမလို အားမရ ဝေဖန်ခြင်းကိုတောင် ခံနေရတယ်။ ဒါ့ပြင် ပြိုင်ပွဲစုံ နောက်ဆုံး(၅)ပွဲမှာ ဂိုးမပေးရတဲ့ပွဲက တစ်ပွဲသာရှိတဲ့အထိ ရီးယဲလ်ခံစစ်ကစားပုံကလည်း ပြောစရာရှိနေလို့ အရင်လို ဂရန်နာဒါကို ဂိုးပြတ်ခြေပြတ် အနိုင်ကစားပြနိုင်ဖို့ လွယ်မယ် မထင်ဘူး။ ဂရန်နာဒါနဲ့ ဂိုးအနည်းကိုတောာင် ပိုကြိုက်မိတယ်။
အယ်လ်ချီ – ဘက်တစ် (တနင်္လာနံနက် ၀၀း၀၀ နာရီ)
ဘက်တစ် အခုတလော ခံစစ်ကစားပုံ ပြန်လျော့နေသလို ပဲ။ ပြိုင်ပွဲစုံနောက်ဆုံး(၃)ပွဲကို (၉)ဂိုးအထိ ပေးထားရတယ်။ အဲ ဒီ(၃)ပွဲစလုံး ဂိုးလည်းမသွင်းနိုင်ခဲ့ပုံနဲ့တော့ အိမ်ကွင်းမှာ မာမာ ကျောကျောကစားတတ်တဲ့ အယ်လ်ချီကို ခက်ခဲစွာရင်ဆိုင်ရဦး မှာပါပဲ။ ဂိုးအနည်းသရေပွဲလို့ပဲ မှန်းထားချင်တယ်။
ဆိုစီဒက် – ဗလင်စီယာ (တနင်္လာနံနက် ၂း၃၀ နာရီ)
ဆိုစီဒက်က လာလီဂါဘက်မှာ အမှားနည်းအောင် ကစား ရင်း ထိပ်ဆုံးနေရာမြဲအောင် ကြိုးစားနေတယ်။ ဗလင်စီယာ က စားပုံ ပြန်တက်လာတယ်ဆိုပေမဲ့ အဝေးကွင်းတော့ စိတ်မချရ သေးဘူး။ အထူးသဖြင့် ခံစစ်ပိုင်းစိတ်မချရလို့ ဆိုစီဒက်ရဲ့အနို တာကွင်းမှာ ဗလင်စီယာကို မမျှော်လင့်နိုင်သေးတာ အမှန်ပဲ။ ဆိုစီဒက်နဲ့ ဂိုးအနည်းပဲကောင်းမယ်။