မန်ယူနှင့် အင်္ဂလန်အသင်းတို့၏ ဂန္ထဝင်နောက်ခံလူဟောင်းဖြစ်သူ ဂယ်ရီနဗီးလ်က လီဗာပူးလ်အသင်း၏ အီဂျစ်လက်ရွေးစင်တိုက်စစ်မှူးဆာလာအနေဖြင့် ကစားသမားဘဝတွင် စပိန်ထိပ်သီး (၂)သင်းဖြစ်သော ရီးယဲလ်နှင့် ဘာစီလိုနာ တစ်သင်းသင်းသို့ ပြောင်းရွှေ့သွားနိုင်ကြောင်း သုံးသပ်ပြောကြားခဲ့သည်။
ဆာလာသည် လက်ရှိတွင် လီဗာပူးလ်အသင်းနှင့် စာချုပ်သစ်ချုပ်ဆိုရန် အဆင်မပြေသေးသူဖြစ်ပြီး ၎င်း၏အနာဂတ်နှင့် ပတ်သက်၍လည်း သတင်းများစွာထွက် ပေါ်လျက်ရှိသည်။
နဗီးလ်က ဆာလာအနေဖြင့် လီဗာပူးလ်အသင်းတွင် ကစားသမားဘဝ အဆုံးသတ်မည်ဟု မထင်မြင်ကြောင်းလည်း ပြောကြားခဲ့သည်။