ချယ်လ်ဆီးအသင်းသည် မန်စီးတီးတိုက်စစ်ကစားသမား စတာလင်အား ခေါ်ယူရန် ပုဂ္ဂိုလ်ရေး သဘောတူညီမှုရခဲဲ့ပြီဖြစ်ကြောင်း BBC သတင်းဌာနက ဇူလိုင် (၆) ရက်တွင် ဖော်ပြခဲ့သည်။
အသက် (၂၇) နှစ်အရွယ်ရှိ အင်္ဂလန်လက်ရွေးစင်တောင်ပံကစားသမား စတာလင်သည် မန်စီးတီးအသင်းနှင့် ၂၀၂၃ ခုနှစ်တွင် စာချုပ်သက်တမ်းကုန်ဆုံးမည်ဖြစ်ပြီး ၎င်းင်းကိုခေါ်ယူရန် ဥရောပထိပ်တန်းအသင်းများစွာ စိတ်ဝင်စားခဲ့ကြသည်။
သို့သော် စတာလင်အား ခေါ်ယူရန် ချယ်လ်ဆီးအသင်းက အမှန်တကယ်ကြိုးစားခဲ့ပြီး ယခုအခါ ကစားသမားနှင့် ပုဂ္ဂိုလ်ရေးသဘောတူညီမှု ရရှိခဲ့ပြီဖြစ်ကြောင်း BBC က ဖော်ပြခဲ့ခြင်းဖြစ်သည်။
မန်စီးတီးအသင်းသည် စတာလင်အား ဆက်ထိန်းရန် ကြိုးပမ်းခဲ့သော်လည်း ကစားသမားကိုယ်တိုင်က အသင်းအတွက် အလွန်အရေးပါသည့်ကစားသမားဖြစ်လိုခြင်းကြောင့် ချယ်လ်ဆီးအသင်းကို ပြောင်းရွှေ့ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်းလည်း သိရသည်။
ချယ်လ်ဆီးအသင်းသည် စတာလင်နှင့် ပုဂ္ဂိုလ်ရေးသဘောတူညီမှု ရရှိခဲ့သလို၊ မန်စီးတီးအသင်းနှင့် ပြောင်းရွှေ့ကြေး သဘောတူညီမှုရရှိရန် အလွန်နီးစပ်နေပြီဖြစ်ကြောင်း သိရသည်။ ချယ်လ်ဆီးအသင်းသည် စတာလင်အတွက် ပေါင် (၄၅)သန်း+ Add-ons ကြေး (ပေါင် ၁၀ သန်း) ပေးချေရဖွယ်ရှိကြောင်း သိရသည်။
၎င်း၏အပြောင်းအရွှေ့မှာ ယခုတစ်ပတ်အတွင်း အပြီး သတ်ဖွယ်ရှိနေပြီး ချယ်လ်ဆီးအသင်း၏ ရာသီကြိုခရီးစဉ်ကို လိုက်ပါဖွယ်ရှိနေကြောင်း သိရသည်။