လက်ရှိရာသီကုန်ဆုံးချိန်တွင် မန်ယူအသင်းမှ ထွက်ခွာရန်နီးစပ်နေသည့် ကွင်းလယ်လူ ပေါ့ဘာအနေဖြင့် ဂျူဗင်တပ်စ်အသင်းသို့ ပြန်လည်ပြောင်းရွှေ့ပါက လစာလျှော့ချခံရဖွယ်ရှိကြောင်း သိရသည်။
ပေါ့ဘာကို ခေါ်ယူရန် ဂျူဗင်တပ်စ်အသင်းအပြင် ရီးယဲလ်၊ PSG နှင့် မန်စီးတီးအသင်းတို့ကလည်း စိတ်ဝင်စားလျက်ရှိသည်။
ဂျူဗင်တပ်စ်အသင်းသည် ပေါ့ဘာကို ခေါ်ယူလိုသော်လည်း တစ်နှစ်လစာ ယူရို (၇.၈) သန်းထက် ပိုပေးနိုင်ဖွယ်မရှိဘဲ ကျန်အသင်းများအနေဖြင့် မြင့်မားသည့်လစာငွေပေး၍ ကမ်းလှမ်းသွားဖွယ်ရှိနေကြောင်း သိရသည်။