spot_img

ဂျူဗင်တပ်စ်အသင်းနည်းပြရာထူးမှ နုတ်ထွက်ရန် ပီယာလို ငြင်းဆန်

ဂျူဗင်တပ်စ်အသင်းအနေဖြင့် ချန်ပီယံလိဂ်ဝင်ခွင့်ပြင်ပ အဆင့် ၅ နေရာရောက်ရှိသွားပြီဖြစ်သော်လည်း နည်းပြဖြစ်သူ ပီယာလိုက ရာထူးမှနုတ်ထွက်မည်မဟုတ်ကြောင်း တုံ့ပြန်ပြောကြားသည်။

ဂျူဗင်တပ်စ်အသင်းသည် စီးရီးအေ ပွဲစဉ် ၃၅ အဖြစ် တနင်္ဂနွေနေ့ညပိုင်းက အေစီမီလန်အသင်းနှင့်ယှဉ်ပြိုင်ကစားရာ အိမ်ကွင်း ၌ (၀-၃) ဂိုးဖြင့် ဂိုးပြတ်ရှုံးနိမ့်ခဲ့သည်။

myan789

ဂျူဗင်တပ်စ်အသင်း၏ ပွဲထွက်စာရင်းတွင် စီရော်နယ်လ်ဒို၊ မိုရာတာ၊ ရာဘီယူ၊ ချီလီနီ၊ ဒီလစ်စသည့် အဓိကကစားသမားများပါဝင်သော်လည်း ဂိုးပြတ်ရှုံးပွဲကြုံတွေ့ခဲ့ပြီး အေစီမီလန် အတွက်ဂိုးများကို ၄၅+၁ မိနစ်တွင် ဘရာဟင်ဒီယက်ဇ်၊ ၇၈ မိနစ်တွင် ရယ်ဘစ်နှင့် ၈၂ မိနစ်တွင် တိုမိုရီတို့က သွင်းယူခဲ့ကြသည်။

ဂျူဗင်တပ်စ်အသင်းအနေဖြင့် ကိုးရာသီဆက်တိုက်ရရှိထားသည့် ချန်ပီယံဆုကို လက်လွှတ်ခဲ့ရပြီဖြစ်သလို ယခုပွဲရှုံးနိမ့်မှုကြောင့် ချန်ပီယံလိဂ်ဝင်ခွင့်ပြင်ပ အဆင့် ၅ နေရာ ရောက်ရှိသွားပြီး အဆင့် ၂၊ ၃ နေရာမှ အတ္တလန္တာ၊ အေစီမီလန်အသင်းတို့နှင့် သုံးမှတ်၊ အဆင့် ၄ နေရာမှ နာပိုလီအသင်းနှင့် တစ်မှတ်ကွာဟနေသည်။

လက်ရှိအခြေအနေကြောင့် ဖိအားများရင်ဆိုင်နေရသော်လည်း ပီယာလိုက ”နုတ်ထွက်ဖို့လား။ မလုပ်ပါဘူး။ ဘေးထွက်သွားမယ့်ခြေလှမ်းကို ကျွန်တော် ဘယ်တော့မှ မလှမ်းပါဘူး။ အခက်အခဲတွေရှိမှာသေချာတဲ့ ဒီရာထူးကို ကျွန်တော်က စိတ်အားထက်သန်မှုအပြည့်နဲ့ ရယူခဲ့တာပါ။ ရာသီပြီးဆုံးဖို့ လက်ကျန်သုံးပွဲ ရှိပါသေးတယ်။ ဒါကြောင့် ကျွန်တော့်အလုပ်ကို လုပ်ခွင့်ရလောက် ဆက်ပြီးလုပ်နေဦးမှာပါ။ ကျွန်တော့်အနေနဲ့ ပိုကောင်းအောင် လုပ်နိုင်တယ်လို့ ယုံကြည်ထားပြီး အသင်းနဲ့အတူ ဒီအခြေအနေကနေ ရုန်းထွက်နိုင်စွမ်းရှိပါတယ်။ အဲဒီလိုလုပ်နိုင်မယ်လို့လည်း မျှော်လင့်ပါတယ်”ဟု Sky Sport Italia သတင်းဌာနသို့ ပြောကြားသည်။

ဂျူဗင်တပ်စ်အသင်းသည် စီးရီးအေ လက်ကျန်သုံးပွဲအဖြစ် မေ ၁၂ ရက်တွင် ဆာဆူအိုလိုနှင့် အဝေးကွင်း၊ မေ ၁၅ ရက်တွင် ချန်ပီယံ အင်တာမီလန်နှင့် အိမ်ကွင်း၊ မေ ၂၃ ရက်တွင် ဘိုလော့ဂ်နာနှင့် အဝေးကွင်း ကစားရမည်ဖြစ်သည်။

ဂျူဗင်တပ်စ်အသင်းသည် ကိုပါအီတာလီယာဗိုလ်လုပွဲသို့ တက်ရောက်ထားပြီး မေ ၁၉ ရက်တွင် အတ္တလန်တာအသင်းနှင့် ယှဉ်ပြိုင်ရမည်ဖြစ်သည်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular