spot_img

ဂျာမန်-ဗြိတိန်ဆက်ဆံရေးကို ဂုဏ်ပြုသည့်ဆု လီဗာပူးလ်အသင်းနည်းပြ ယာဂန်ကလော့ပ် ဆွတ်ခူး

လီဗာပူးလ်အသင်းနည်းပြ ယာဂန် ကလော့ပ်သည် ဂျာမန်-ဗြိတိန် နှစ်နိုင်ငံဆက်ဆံရေးကို ဂုဏ်ပြုသည့် “#Freundship Award” အထူးဆု ဆွတ်ခူးရရှိခဲ့ကြောင်း သိရသည်။

ယင်းဆုကို ဗြိတိန်ကုန်သည်များအသင်းနှင့် ဂျာမနီနိုင်ငံရှိ ဗြိတိန်နိုင်ငံဆိုင်ရာသံရုံးက ပထမဆုံးအကြိမ် ချီးမြှင့်ခြင်းဖြစ်ပြီး ဆုပေးပွဲ အခမ်းအနားကို ဒေါ့မွန် အသင်း၏ Signal Iduna Park ကွင်း၌ ကျင်းပခဲ့သည်။

myan789

အထူးဂုဏ်ပြုဆု လက်ခံရယူ ပြီးနောက် ယာဂန်ကလော့ပ်က “ကျွန်တော့် အကြောင်းနဲ့ပတ်သက်လို့ ကျွန်တော့်ကိုအား ပေးသူတွေ ပြောကြတာကို စဉ်းစားကြည့်တဲ့အခါ တခြားရွေးချယ်စရာမရှိလို့ ကျွန်တော်က ဒီဆုအတွက် သင့်လျော်တဲ့သူဖြစ်ကောင်းဖြစ်နိုင်တယ်လို့ တွေးမိတယ်(ရယ်လျက်)။ ဒါပေမဲ့ ဒီဆုရတဲ့အတွက်တော့ တကယ်ပျော်ပါတယ်။ ကျွန်တော် အသက် ၁၈ နှစ်တုန်းက ဝမ်းကွဲညီ အစ်ကိုနဲ့ အင်္ဂလန်ကို ရထားစီးပြီးသွားခဲ့တယ်။ အဲဒီတုန်းက ရာသီဥတုဆိုးပါတယ်။ ဘာပဲ ပြောပြော ကျွန်တော်တို့ ဒီနိုင်ငံကို သဘောကျခဲ့တယ်” ဟု ပြောကြားခဲ့သည်။

အသက် ၅၄ နှစ်ရှိပြီဖြစ်သည့် ဂျာမန် နည်းပြ ယာဂန်ကလော့ပ်သည် ပရီးမီးယားလိဂ်ကလပ် လီဗာပူးလ်အသင်းကို ကိုင်တွယ် နေသည်မှာ ခြောက်နှစ်ရှိပြီဖြစ်ပြီး ပရီးမီးယား လိဂ်ချန်ပီယံဆု၊ ချန်ပီယံလိဂ်ဖလား၊ ဥရောပ စူပါဖလားနှင့် ကလပ်ကမ္ဘာ့ဖလား တစ်ကြိမ်စီ ဆွတ်ခူးရရှိထားသည်။

ယာဂန်ကလော့ပ်နှင့် လီဗာပူးလ်အသင်း၏ လက်ရှိစာချုပ်မှာ ၂၀၂၄ ခုနှစ်အထိဖြစ်ပြီး စာချုပ်သစ် ထပ်မံချုပ်ဆိုဖွယ်မရှိကြောင်း ပြောကြားထားသည်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular