spot_img

ဂူဒီဆင်ပ့ါခ်မှာ ဂိုးပြတ်နိုင်ပွဲယူပြီး ဖိအားတွေအောက်ကရုန်းထွက်ခဲ့တဲ့ မန်ယူ

ပရီးမီးယားလိဂ်ပွဲစဉ် (၈) စနေညရဲ့ အစောဆုံးပွဲစဉ်မှာတော့ မန်ယူအသင်းက အဲဗာတန်အသင်းကို အဝေးကွင်းမှာ (၃-၁)ဂိုးနဲ့အနိုင်ယူပြီး ဖိအားတွေအောက်ကနေ ရုန်းထွက်နိုင်ခဲ့ပါတယ်။

ပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိဂ်မှာ အာဆင်နယ်နဲ့ ဘာရှက်ဆီဟီတို့ကို (၂)ပွဲဆက်ရှုံးနိမ့်ထားတဲ့ မန်ယူအသင်းနဲ့ နည်းပြဆိုးလ်ရှားအတွက်တော့ အခုအဝေးကွင်းနိုင်ပွဲက ကျေနပ်စရာရလဒ်လို့ ဆိုရမှာဖြစ်ပြီး အထူးသဖြင့် အနာဂတ်လှုပ်ခတ်နေတဲ့ နည်းပြဆိုးလ်ရှားအတွက်တော့ အတန်ငယ်စိတ်အေးစရာဖြစ်ခဲ့တာအမှန်ပါပဲ။

myan789

ပရီးမီးယားလိဂ်နောက်ဆုံး (၃)ပွဲဆက်နိုင်ပွဲပျောက်ထားလို့ ဖိအားတွေများနေတဲ့ အဲဗာတန်အသင်း အခုအိမ်ကွင်းပွဲမှာ ရှုံးပွဲထပ်မံကြုံတွေ့ခဲ့လို့ နည်းပြအန်ဆယ်လော့တီအတွက်လည်း စိတ်ပျက်စရာအခြေအနေဖြစ်ခဲ့ပြီလို့ဆိုရပါမယ်။

လက်ရှိအဲဗာတန်အသင်းမှာ ရာသီအစပိုင်းကာလကလို ယုံကြည်မှုမြင့်မားတဲ့ပုံရိပ်တွေ၊ အသင်းလိုက်ဟန်ချက်ညီကစားပုံတွေ၊ တစ်ဦးချင်းစွမ်းဆောင်ရည်ကောင်းတွေကို မတွေ့ရတော့ဘဲ ရလဒ်တွေယိမ်းယိုင်လာတာနဲ့အမျှ အသင်းရဲ့ဟန်ချက်ကပိုပျက်လာခဲ့တယ်လို့ဆိုရပါမယ်။

ဒီပွဲမတိုင်ခင်မှာ နည်းပြဆိုးလ်ရှားနေရာအစားထိုးတော့မယ်ဆိုတဲ့အထိ အခြေအနေဆိုးနေတဲ့ မန်ယူအသင်းကတော့ ဒီနေ့ပွဲမှာ ကျေနပ်စရာအသင်းလိုက်ကစားအားကိုမြင်တွေ့ခဲ့ရသလို၊ ပုံမှန်ခြေစွမ်းပျောက်ဆုံးနေလို့ ဖိအားများနေတဲ့ ကွင်းလယ်လူဘရူနိုဖာနန်ဒက်ဇ်ကလည်း သေသပ်တဲ့သွင်းဂိုး (၂)ဂိုးနဲ့အတူပြန်လာနိုင်ခဲ့ပါတယ်။

အိမ်ရှင်အဲဗာတန်အသင်းမှာ ဟာမီးစ်ရိုဒရီဂွက်ဇ်၊ ဒစ်ဂ်နေးတို့ပြန်လည်ပါဝင်နိုင်ခဲ့သလို ဘားနတ်ဒ်၊ ကယ်လ်ဗတ်လူဝင်၊ အယ်လန်၊ ဆီဂတ်ဆန်တို့နဲ့ လူစုံခဲ့ပေမယ့် ကစားပုံအရတော့ အားနည်းချက်တွေ၊ ဟာကွက်တွေများခဲ့ပါတယ်။

အဲဗာတန်အသင်းဟာ ပွဲအစပိုင်းမှာပဲ မန်ယူအသင်းဘက်ကို ဘောလုံးပိုင်ဆိုင်မှုအသာနဲ့ဖိအားပေးကစားခဲ့ပြီး အခွင့်အရေးတွေရခဲ့တာပါ။ မန်ယူအသင်းကတော့ အထလေးတဲ့ကစားပုံနဲ့အတူ အဲဗာတန်အသင်းရဲ့ဖိအားပေးမှုတွေကို တားဆီးရင်းနဲ့ပဲအချိန်ကုန်ခဲ့ရပါတယ်။

အဲဗာတန်အသင်းအတွက်အဖွင့်ဂိုးကိုလည်း ပွဲချိန် (၁၉)မိနစ်မှာ ဘားနတ်ဒ်အကောင်းဆုံးကန်သွင်းအဆုံးသတ်ပေးခဲ့ပြီး ပွဲကိုဦးဆောင်ခဲ့တာပါ။

ဒါပေမဲ့ ဂိုးပေးလိုက်ရပြီးချိန်မှာ မန်ယူအသင်းရဲ့ကစားပုံကပိုကောင်းလာခဲ့ပြီး အဲဗာတန်အသင်းဘက်ကို ပြန်လည်ဖိအားပေးနိုင်ခဲ့ပါတယ်။ ပွဲချိန်ကြာလာတာနဲ့အမျှ အဲဗာတန်အသင်းဟာ မန်ယူအသင်းကို ကွင်းလယ်ကစားအားပိုင်းမှာ မယှဉ်နိုင်တော့ဘဲ ဘောလုံးအပျက်များနေခဲ့လို့ မန်ယူအသင်းက ပွဲကိုစိုးမိုးသွားနိုင်ခဲ့ပါတယ်။

ပွဲချိန် (၂၅)မိနစ်မှာ မန်ယူအသင်းအဖွင့်ဂိုးရခဲ့ပြီး လုခ်ရှောရဲ့ဖြတ်တင်ပေးပို့မှုကို ဘရူနိုဖာနန်ဒက်စ်က ပြေးဝင်ခေါင်းတိုက်သွင်းယူပေးခဲ့တာပါ။ ဆက်တိုက်ဆိုသလိုပဲ မန်ယူအသင်းကအခွင့်အရေးတွေရခဲ့ပြီး ပွဲချိန် (၃၂)မိနစ်မှာ ဖာနန်ဒက်ဇ်ရဲ့ဖြတ်တင်ဘောပေးပို့မှုက အဲဗာတန်အသင်းရဲ့ ဂိုးပေါက်ထဲတိုက်ရိုက်ဝင်ရောက်သွားခဲ့လို့ မန်ယူအသင်းဦးဆောင်ဂိုးရခဲ့ပါတယ်။

ပထမပိုင်းမှာ (၂-၁)ဂိုးနဲ့ပြီးဆုံးခဲ့ပြီး ဒုတိယပိုင်းမှာတော့ (၂)သင်းစလုံးရဲ့ ခပ်မာမာကစားပုံတွေက ပွဲကပိုကြမ်းလာခဲ့သလို၊ ပိုပြီးလည်းအကြိတ်အနယ်ရှိလာခဲ့ပါတယ်။

အဲဗာတန်အသင်းအနေနဲ့ အီဝိုဘီကိုထည့်ကာ တိုက်စစ်အပြောင်းအလဲလုပ်ပြီး ချေပဂိုးရဖို့ကြိုးစားခဲ့ပေမယ့် မန်ယူအသင်းက တည်ငြိမ်တဲ့ခံစစ်ကို ထိုးဖောက်ဖို့ခက်သွားခဲ့ပါတယ်။

ဒါ့အပြင် အဲဗာတန်အသင်းရဲ့ ကွင်းလယ်နဲ့တိုက်စစ်ပိုင်းချိတ်ဆက်မှုအားနည်းခြင်းတွေက စိတ်ပျက်စရာကောင်းခဲ့ပြီး နည်းပြအန်ဆယ်လော့တီအနေနဲ့ ဥရောပဝင်ခွင့်တစ်နေရာကို မှန်းထားတယ်ဆိုရင် ရာသီအစကလို ကောင်းမွန်းကျစ်လျစ်တဲ့ စုဖွဲ့မှုမျိုး ဖန်တီးနိုင်ဖို့လိုပါလိမ့်မယ်။

မန်ယူအသင်းကလည်း နောက်ထပ်ဂိုးရနိုင်တဲ့အခွင့်အရေးတွေရှိခဲ့ပေမယ့် အသုံးမချနိုင်ခဲ့လို့ ဂိုးတွေကိုထပ်မမြင်ခဲ့ရပါဘူး။

(၂-၁)ဂိုးရလဒ်အတိုင်းပွဲပြီးဖို့ နီးစပ်ခဲ့ပေမယ့် မိနစ် (၉၀)နာကျင်အချိန်ပိုမှာတော့ တန်ပြန်တိုက်စစ်က ရရှိလာတဲ့အခွင့်အရေးကတစ်ဆင့် ဘရူနိုဖာနန်ဒက်ဇ်ရဲ့ပေးပို့မှုကို ကာဗာနီကအဆုံးသတ်ပိတ်သွင်းပြီး မန်ယူအသင်းအတွက် တတိယဂိုးကိုရယူပေးနိုင်ခဲ့ပါတယ်။

ဒီဂိုးဟာ ကာဗာနီအတွက် ပထမဆုံးပရီမီးယားလိဂ်သွင်းဂိုးဖြစ်ခဲ့သလို ပွဲအပြီးမှာတော့ မန်ယူအသင်းက (၃-၁)ဂိုးနဲ့အနိုင်ရခဲ့ပြီး ဖိအားတွေအောက်ကနေ ရုန်းထွက်နိုင်ခဲ့တယ်လို့ဆိုရပါမယ်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular