spot_img

ဂိုးပေါက် ပျောက်ခဲ့တဲ့ ပွဲတွေမှာ ဗာနာ မပျောက်နေခဲ့ဘူး လို့ ကာကွယ်လိုက်တဲ့ ပတ်နီဗင်

ချဲလ်ဆီး အသင်း ရဲ့ ဂျာမန် လက်ရွေးစင် တိုက်စစ်မှူး တီမို ဗာနာ ဟာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ည က ကစားခဲ့တဲ့ မော်ကမ်ဘီ အသင်း နဲ့ အက်ဖ်အေ ဖလား တတိယ အဆင့် ပွဲမှာ ပထမပိုင်း ပြီးခါနီး ၊ တနိုင်ငံတည်းသား အသင်းဖော် ကွင်းလယ်လူ ကိုင်ဟာဗက်ဇ် ရဲ့ အနီးကပ် ခေါင်းတိုက် ဖန်တီးပေးမှု ကနေ တဆင့် အသာအယာ ပိတ်သွင်း အဆုံးသတ်ခဲ့ပါတယ် ။

ဒါဟာ ပြိုင်ပွဲစုံ နောက်ဆုံး ၁၂ပွဲဆက် ဂိုးပေါက်ပျောက်နေခဲ့တဲ့ ဗာနာ အတွက် စိတ်သက်သာရာ ရစေသလို ၊ အနာဂတ် သွင်းဂိုးတွေ အတွက် ယုံကြည်မှု ကို တပိုင်းတစ တည်ဆောက်ရာလည်း ရောက်စေမှာ ဖြစ်ပါတယ် ။ ဂိုးပေါက် ပျောက်ခဲ့တဲ့ အရှေ့ပွဲတွေမှာလည်း ဗာနာ ဟာ အခွင့်အရေး တချို့ ရခဲ့ပေမယ့် ၊ အဆုံးသတ် မသေချာခဲ့ပါဘူး ။

myan789

သို့ပေမယ့် အရေးကြီးတာ က ဘယ်လိုနည်းနဲ့ပဲ ဖြစ်ဖြစ် ဂိုးပေါက် ပြန်တွေ့ဖို့သာ ဖြစ်ပြီး ၊ ဒီ အခိုက်အတန့် ဟာ ဗာနာ အတွက် ချဲလ်ဆီး ကစားသမား ဘဝ အချိုးအကွေ့ တခုလည်း ဖြစ်သွားနိုင်ပါတယ် ။ အလားတူပဲ ၊ ကိုဗစ် ဖြစ်ပြီးနောက် ရုန်းကန်နေရတဲ့ ကိုင်ဟာဗက်ဇ် ဟာလည်း ဒီပွဲမှာ သွင်းဂိုး တဂိုး နဲ့ ဂိုးဖန်တီးမှု တကြိမ်ကြောင့် ယုံကြည်မှု ပြန်တက်လာရပြီ ဖြစ်ပါတယ် ။

ချဲလ်ဆီး အသင်း တရားဝင် ဝက်ဘ်ဆိုက် ရဲ့ ပင်တိုင် ဆောင်းပါးရှင် ပတ်နီဗင် ကတော့ ဗာနာ ဟာ ဒီ သွင်းဂိုး မရခင် ၊ အရှေ့ပွဲတွေမှာ လုံးလုံး ခြေစွမ်းမပြနိုင်ခဲ့ခြင်း မဟုတ်ကြောင်း ကာကွယ်ခဲ့သလို ၊ ကိုင်ဟာဗက်ဇ် ရဲ့ မော်ကမ်ဘီ နဲ့ ပွဲမှ အရည်အသွေးကောင်းတွေကိုလည်း အခုလို ချီးကျူး ရေးသားခဲ့ပါတယ် ။

ပတ်နီဗင် က ” သွင်းဂိုး ၄ဂိုး နဲ့ Clean Sheet ဟာ ဖရန့် လမ်းပတ် အမှန်တကယ် အလိုရှိတဲ့ အရာတွေ ဆိုတာ ရှင်းလင်းနေပါတယ် ။ နောက်ပြီး အသင်း ရဲ့ ဂိုးသွင်းရှင်တွေဆီက အရင် စွမ်းဆောင်ရည် ပြန်တွေ့လာခြင်း အတွက်လည်း သူ သဘောကျမိမှာ သေချာပါတယ် ။ “

” တီမို ဗာနာ ဟာ ဒီပွဲမတိုင်မီ ၊ ဂိုးပေါက် ပျောက်နေခဲ့တာ ကြာပေမယ့် ၊ နေရာယူတဲ့ အပိုင်းတွေမှာ အမှားအယွင်း မရှိခဲ့ပါဘူး ။ သို့ပေမယ့် ဒီပွဲမှာ သူ ဂိုးပြန်ရခဲ့တာ က အရင်လို ယုံကြည်တွေ ပြန်ရစေမှာ ဖြစ်သလို ၊ အနည်းငယ် စိတ်သက်သာရ ရစေမှာ သေချာပါတယ် ။ “

” တကယ့် အထောင် တိုက်စစ် ကစားသမားတွေ ဆိုတာ ဘယ်တော့မှ ပျောက်သွားတယ် ဆိုတာ မရှိပါဘူး ။ သူတို့ဟာ သွင်းဂိုးတွေ အတွက် အမြဲတမ်း ဆာလောင်နေသလို ၊ နောက်ထပ် လာမယ့် အခွင့်အရေး ကို အပိုင် အဆုံးသတ်ဖို့ ဆိုတာကိုလည်း သူတို့မှာ ယုံကြည်မှု ရှိနေပြီးသား ဖြစ်ပါတယ် ။ “

” ဒီတော့ မော်ကမ်ဘီ နဲ့ ပွဲက သွင်းဂိုး ဟာ ဗာနာ ရဲ့ သွင်းဂိုးတွေ ဆက်လာစေမယ့် အစကောင်း တခု ဖြစ်လာနိုင်ပါတယ် ။ တီမို ရဲ့ သွင်းဂိုး ဟာ ကျွန်တော်တို့ အရင်က မြင်ဖူးနေကျတွေထဲက တဂိုးပါပဲ ။ ရှေ့ဆက်လည်း ဒီလို ပုံစံမျိုးတွေ ကျွန်တော်တို့ သူ့ဆီကနေ ထပ်မြင်ရဖို့ ရှိပါသေးတယ် ။ “

” ကိုင်ဟာဗက်ဇ် ရဲ့ ခေါင်းတိုက် ဖန်တီးပေးမှု ကလည်း ရိုးရှင်းတယ် လို့ ထင်ရပါတယ် ။ ဒါကလည်း သူဟာ ဒီ တိုတောင်းတဲ့ ကစားသမား ဘဝ အတွင်း စတော့ခ် ရှယ်ယာ တခုလို အလဲအလှယ် လုပ်ပြီး ကစားနေတာကြောင့်ပါ ။ ဘွန်ဒက်စ်လီဂါ မှာတုန်းက သူဟာ ဒီလို ပင်နယ်တီ ဧရိယာ အတွင်း မှန်ကန်တဲ့ ရွေ့လျားပုံ ၊ နေရာယူပုံတွေ အကြိမ်ကြိမ် စွမ်းဆောင်ပြခဲ့တာပါ ။ “

” ဒီ အချက် က ဟာကင် ဇီယက်ချ် လို တဖက် တောင်ပံမှာ ဖြတ်တင်ဘော ကောင်းကောင်း ပံ့ပိုးပေးမယ့် အသင်းဖော်မျိုး ရှိရင် ၊ အတော်လေး အထောက်အကူ ဖြစ်စေပါတယ် ။ ဒီ ဖန်တီးမှု ဟာ ဇီယက်ချ် ရဲ့ ဘယ်ခြေ ဖန်တီးပေးမှု နဲ့ ဟာဗက်ဇ် ရဲ့ နေရာယူပုံ မှန်ကန်မှုတွေ ပေါင်းစပ်ပြီး ဖြစ်လာတာပါ ။ “

” ရိုးရိုးသားသား စဉ်းစားမိတာ ပြောရရင် ၊ ဒီလို တဖက် တောင်ပံ က ဝေ့ဝိုက် ဖြတ်တင်ဘောမျိုး ၊ ပင်နယ်တီ ဧရိယာထဲ ဝင်လာတဲ့အခါ ၊ တဖက်ကလည်း ပြိုင်ဖက် box ထဲ ဝင်လာတဲ ကစားသမား တဦး နဲ့ ချိန်သားကိုက်မိတဲ့အခါ ၊ တားဆီးဖို့ အတော်လေး ခက်ခဲပါတယ် ။ “

” ပွဲပြီးခါနီးမှာ ကိုင် ဟာ နောက်ကျ ခေါင်းတိုက်ဂိုး တဂိုး သွင်းခဲ့ပါသေးတယ် ။ ဒီလို အမြင့်ဘော တွေမှာ သူ ဘယ်လို အသုံးချနိုင်စွမ်း ရှိတယ် ဆိုတာ ကျွန်တော်တို့ သိထားပြီးသားပါ ။ ဒီလို အခြေအနေ အတွက် ကျွန်တော် ကြိုပြီး မှန်းဆခဲ့မိပါတယ် ။ “

” ဒီပွဲမှာ မျက်နှာသစ် ကြယ်ပွင့်တွေ ဖိအား တပုံတပင် နဲ့ ရင်ဆိုင်ခဲ့ပြီးတဲ့နောက် ၊ ယုံကြည်မှု အတော်အတန် ပြန်ရလာမယ် လို့ မျှော်လင့်ပါတယ် ။ ကိုင် ရဲ့ ဂိုးသွင်းအပြီး မျက်နှာကို ကြည့်ရင် သူ ဘယ်လောက် အထိ စိတ်သက်သာ ရခဲ့တယ် ဆိုတာကို အားလုံး တွေ့မြင်ရမှာ ဖြစ်ပါတယ် ။ ” လို့ ရေးသားခဲ့ပါတယ် ။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular