spot_img

ခြေအသာနဲ့ကစားပြီး လက်ဆောင်ဂိုးတွေနဲ့အနိုင်ရခဲ့တဲ့ ဘာစီလိုနာ

ဂျူဗင်တပ်စ် ဝ-၂ ဘာစီလိုနာ

ကွင်းတွင်းကွင်းပြင် ပြဿနာမျိုးစုံနဲ့ ဖြတ်သန်းနေရတဲ့ ဘာစီလိုနာအသင်းက အီတလီမြေမှာ လက်ဆောင်ဂိုးတွေနဲ့ အနိုင်ရခဲ့တာပါ။ ဒါပေမဲ့ ဘာစီလိုနာအသင်းက အိမ်ရှင်အသင်းကို အသာစီးကကစားခဲ့ပြီး နိုင်ပွဲနဲ့ထိုက်တန်တဲ့ခြေစွမ်းကိုလည်း ပြသနိုင်ခဲ့တာဖြစ်တယ်။ ဘာစီလိုနာက ပွဲထွက်လူစာရင်းမှာ အန်ဆူဖာတီ၊ ဘူးစကွက်စ်တို့ကိုတောင် အသုံးမပြုခဲ့ပါဘူး။ မက်ဆီက ဂျူဗင်တပ်စ်အသင်းခံစစ်ရဲ့ အာရုံစိုက်ထားမှုကြောင့် အခွင့်အရေးသိပ်မရခဲ့ပေမဲ့ လွှမ်းမိုးနိုင်စွမ်းရှိတဲ့ပုံစံကောင်းကို ဆက်ထိန်းထားနိုင်ဆဲဆိုတာ သက်သေပြခဲ့ပါတယ်။ ဒီပွဲမှာ ပယ်နယ်တီကနေ တစ်ဂိုးသွင်းကာ ချန်ပီယံလိဂ်အုပ်စု(၇၄)ပွဲမှာ သွင်းဂိုး(၇၀)ဂိုး ပြည့်မြောက်ခဲ့သလို၊ ဂိုးဖန်တီးပေးမှုကလည်း (၃၅)ကြိမ်ရှိလာပြီး တစ်ပွဲလုံးမှာ Key Passes ပေးပို့မှုကလည်း (၅)ကြိမ်အထိရှိခဲ့ပါတယ်။

myan789

အခုပွဲ မှာ ဘာစီလိုနာအသင်းက ပတ်ဒရီရဲ့ဘယ်တောင်ပံထက် ဒမ်ဘီလီကစားတဲ့ ညာခြမ်းကနေ အဓိက ထိုးဖောက်ခဲ့ပါတယ်။ ဒမ်ဘီလီကလည်း တဖြည်းဖြည်းယုံကြည်မှုရှိလာတဲ့ပုံပါ။ ဘာစီလိုနာအသင်းရတဲ့အဖွင့်ဂိုးက (၁၄)မိနစ်မှာ ဂိုးဧရိယာအပြင်က နေ ဒမ်ဘီလီရဲ့ကန်ချက်က ခီယေဆာနဲ့ထိပြီး လမ်းကြောင်းပြောင်း ဂိုးဝင်သွားခဲ့တာဖြစ်တယ်။ ဂရီးဇ်မန်းသာ အခုပွဲမှာ ဂိုးကံမခေခဲ့ရင် ဘာစီလိုနာအသင်း ဂိုးပြတ်အနိုင်ရလောက်တဲ့ အခြေအနေ ရှိခဲ့တယ်။ ပွဲအစပိုင်းမှာ ဂရီးဇ်မန်းရဲ့အပိုင်ကန်ချက် တိုင်ထိထွက်ခဲ့ပြီး နောက်ပိုင်းမှာလည်း အပိုင်အခွင့်အရေး(၂)ကြိမ်လောက်ရခဲ့ပေမဲ့ အသုံးမချနိုင်ခဲ့ဘူး။ ဘာစီလိုနာအသင်းရဲ့ Possession Games က ဒီရာသီမှာ အကောင်းဆုံးကစားနိုင်တဲ့ပွဲလို့တောင် ပြောလို့ရတယ်။

ဘာစီလိုနာအတွက် ဒုတိယဂိုးကို နာကျင်အချိန်ပိုမှာ မက်ဆီက အန်ဆူဖာတီကြောင့်ရတဲ့ပယ်နယ်တီကို ကန်သွင်းယူခဲ့တာပါ။ ဂျူဗင်တပ်စ်အသင်းမှာတော့ ခီယေဆာရဲ့ဘယ်တောင်ပံက ပံ့ပိုးမှုမရှိသလောက်ဖြစ်ခဲ့ပြီး တိုက်စစ်ချိတ်ဆက်မှုတွေကလည်း အံဝင်ခွင်ကျ မဖြစ်ခဲ့ပါဘူး။ အဆိုးရွားဆုံးကတော့ ဒီဘားလားရဲ့ခြေစွမ်းဖြစ်ပြီး တစ်ပွဲလုံးမှာ ပါဝင်ကစားတယ်လို့ မထင်ရလောက်အောင် ပျောက်နေခဲ့ပါတယ်။ တစ်ပွဲလုံးမှာ ဂိုးကန်သွင်းမှု (၃)ကြိမ်လောက်ပဲရှိခဲ့ပြီး (၃)ကြိမ်စလုံးကလည်း ဘာစီလိုနာနောက်တန်းကို မကျော်နိုင်ခဲ့ပါဘူး။ ဂျူဗင်တပ်စ်အသင်းအတွက် ပိုခံရခက်စေတာက တစ်ပွဲလုံးမှာ ဂိုးပေါက်ခြိမ်းခြောက်မှု လုံးဝမရှိခဲ့တာပါ။ မိုရာတာကတော့ တာဝန်ကျေခဲ့ပြီး (၃)ဂိုးသွင်းခဲ့ပေမဲ့ ဂိုးအားလုံးလူကျွံနေလို့ ပယ်ဖျက်ခံခဲ့ရပါတယ်။ ဂျူဗင်တပ်စ်နောက်ခံလူ ဒီမီရယ်လ် (၈၇)မိနစ်မှာ နှစ်ဝါတစ်နီနဲ့ ထုတ်ပယ်ခံခဲ့ရပါတယ်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular