spot_img

ခြေချောင်းဒဏ်ရာကြောင့် လူတန်နှင့်ပွဲကို ဟာလန်းလွဲချော်ခဲ့ခြင်းဖြစ်ပြီး မည်မျှအနားယူရမည်ကို မသိရှိသေးဟု ဂွါဒီယိုလာ ပြောကြား

မန်စီးတီးအသင်း၏ တိုက်စစ်မှူး ဟာလန်းသည် ခြေချောင်းဒဏ်ရာကြောင့် လူတန်နှင့်ပွဲကို လွဲချော်ခဲ့ခြင်းဖြစ်ပြီး မန်စီးတီးကစားသမားဘဝတွင် (၄)ပွဲမြောက်လွဲချော်သည့် ပရီးမီးယားလိဂ်ပွဲစဉ်ဖြစ်ခဲ့ကြောင်း သိရသည်။

ဟာလန်းသည် မန်စီးတီးအသင်းသို့ ၂၀၂၂ နွေရာသီတွင် ရောက်ရှိလာခဲ့ခြင်းဖြစ်ပြီး ၂၀၂၂ အောက်တိုဘာ၌ လက်စတာကို အနိုင်ရသည့်ပွဲ၊ ၂၀၂၃ ဧပြီ၌ လီဗာပူးလ်ကို အနိုင်ရသည့်ပွဲ၊ ၂၀၂၂-၂၃ ရာသီ နောက်ဆုံးပွဲစဉ်အဖြစ် ဘရန့်ဖို့ဒ်ကို ရှုံးနိမ့်သည့်ပွဲနှင့် ယခု လူတန်နှင့်ပွဲကို လွဲချော်ခဲ့ခြင်းဖြစ်သည်။

myan789

ဟာလန်းသည် အက်စတွန်ဗီလာနှင့်ပွဲပြီးကတည်းက ခြေချောင်းနာကျင်မှုရှိနေခြင်းကြောင့် မကစားနိုင်ခြင်းဖြစ်ကြောင်း ဂွါဒီယိုလာက ပြောကြားခဲ့သည်။

ဂွါဒီယိုလာက ”သူ ဘယ်လောက်ကြာကြာ နားရမလဲဆိုတာကိုတော့ ကျွန်တော်အတိအကျမသိပါဘူး။ ဘာတွေဖြစ်လာမလဲဆိုတာ တစ်နေ့ချင်း၊ တစ်ပတ်ချင်း ကျွန်တော်တို့ မြင်တွေ့ရမှာပါ”ဟု ပြောကြားခဲ့သည်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular