spot_img

ချဲလ်ဆီးသို့ ပထမဆုံး အကြိမ် စရောက်လာခဲ့စဉ်က ၊ လေ့ကျင့်ရေး အစီအစဉ် တခုမှာ ချဲလ်ဆီး ဂန္တဝင် တဦးနဲ့ ရင်ဆိုင်ခဲ့ရတဲ့ အတွေ့အကြုံ အမှတ်တရကို ပြန်ပြောင်းဖွင့်ဟခဲ့တဲ့ လူကာကူ

ဘယ်လ်ဂျီယမ် လက်ရွေးစင် တိုက်စစ်မှူး ရိုမီလူ လူကာကူ ဟာ ပြီးခဲ့တဲ့ ရက်သတ္တပတ် အတွင်းကပဲ ၊ ၎င်းရဲ့ ကလပ်ဟောင်း ချဲလ်ဆီးသို့ ကလပ် စံချိန်တင် ပြောင်းရွှေ့ကြေး ပေါင် ၉၇.၅သန်းနဲ့ တကျော့ပြန် ပြောင်းရွှေ့လာခဲ့ပါတယ် ။

ဒီမတိုင်ခင် ပထမ အကြိမ် အင်္ဂလန်မြေသို့ အခြေချခဲ့ရာမှာတော့ လူကာကူ ဟာ အသက် ၁၈နှစ် အရွယ်သာ ရှိခဲ့ပြီး ၊ အန်ဒါလက်ချ် အသင်းကနေ အလားအလာကောင်းတဲ့ လူငယ် ကြယ်ပွင့် တဦး အဖြစ် ချန်ပီယံလိဂ် ဖလားကို အကြီးအကျယ် ပစ်မှတ်ထားခဲ့တဲ့ ချဲလ်ဆီး အသင်းသို့ ပထမဆုံး စတင် အခြေချခွင့် ရခဲ့ပါတယ် ။

myan789

ထိုစဉ်က ချဲလ်ဆီး အသင်းကို အန်ဒရေ ဗီလာ ဘိုအာ့စ် ကိုင်တွယ်ခဲ့ပြီး ၊ နောက်ပိုင်းမှာတော့ လူကာကူ ဟာ ဟိုဆေး မော်ရင်ဟိုလို နာမည်ကြီး နည်းပြဆီနေ သင်ယူမှုကောင်းတွေ ပိုင်ဆိုင်ခဲ့ပါတယ် ။ ပထမ တကြိမ် ချဲလ်ဆီးသို့ ရောက်လာစဉ်က လူကာကူ ဟာ အတွေ့အကြုံသစ်တွေ ရယူဖို့ ဖြစ်ခဲ့ပြီး ၊ ဒီတကြိမ်မှာတော့ လူကာကူ ဟာ အတွေ့အကြုံရင့် တိုက်စစ်မှူး တဦး အဖြစ် ကူညီပေးဖို့ ရောက်လာခြင်း ဖြစ်ပါတယ် ။

လူကာကူ ဟာ ပထမ အကြိမ် စတမ်းဖို့ဒ်ဘရစ်ချ်သို့ အခြေချခဲ့စဉ် ၊ သူ လေးစားအားကျရတဲ့ ကလပ် ဂန္တဝင်တွေ ဖြစ်ကြတဲ့ ဒီဒီယာ ဒရော့ဘာ ၊ ဖရန့် လမ်းပတ် ၊ ဂျွန်တယ်ရီ ၊ အက်ရှ်လေကိုးလ် ၊ ပီတာချက် အစရှိတဲ့ စီနီယာတွေနဲ့ အတူ လေ့ကျင့်ခွင့် ရခဲ့ပါတယ် ။

ထိုစဉ်က ဂျွန်တယ်ရီနဲ့ အတူ လေ့ကျင့်ရေး အစီအစဉ် တခုမှာ ရင်ဆိုင်ခဲ့ရစဉ် ဘယ်လို အတွေ့အကြုံမျိုး ရရှိခဲ့တယ် ဆိုတာကို လူကာကူ က Sky Sports နဲ့ တွေ့ဆုံခဲ့ရာမှာ ” ချဲလ်ဆီးကို စရောက်တဲ့ ပထမဆုံးရက်ကို ကျွန်တော် အမှတ်ရမိပါတယ် ။ ပထမဆုံး လေ့ကျင့်ရေး အစီအစဉ်မှာ ကျွန်တော် မြင်တွေ့ခဲ့ရတဲ့ အရာတွေကို ပြန်ပြောပြချင်ပါတယ် ။ “

” စိန်ခေါ်မှုတွေ ၊ ချဲလ်ဆီးက ပထမဆုံး နေ့ရက်တိုင်းဟာ ကျွန်တော့အတွက် တိုက်ပွဲဇုန်ထဲ ရောက်နေခဲ့ရသလိုပါပဲ ။ JT ( ဂျွန်တယ်ရီ ) ကျွန်တော့ကို လေ့ကျင့်ရေး အစီအစဉ်တွေမှာ ကျောက်ကန် တားဆီးခဲ့တာတွေကို ကျွန်တော် မှတ်မိနေဆဲပါ ။ ကျွန်တော် သူ့ကို one vs one အနေအထားမှာ ကျော်ဖြတ်ဖို့ ကြိုးစားခဲ့ပေမယ့် ၊ သူ ချက်ချင်း ကျွန်တော့ကို တားဆီးပြခဲ့ပါတယ် ။ “

” ဒုတိယ တကြိမ်မှာတော့ သူဟာ ကျွန်တော့ရော ၊ ဘောလုံးပါ ပိုင်ပိုင်နိုင်နိုင် ဟန့်တားပြခဲ့ပါတယ် ။ ဒီလို အတွေ့အကြုံတွေကို ကျွန်တော် နှစ်သက်ပါတယ် ။ ဒါဟာ ကျွန်တော် ဘောလုံး ပညာရဲ့ အမြင့်ဆုံး အဆင့်အတန်းကို ရောက်ရှိနေပြီလို့ ပထမဆုံး ခံစားခဲ့ရတဲ့ အခိုက်အတန့်ပါပဲ ။ “

” ချက်ချင်းဆိုသလိုပဲ ကျွန်တော်ဟာ ဒီထက် ပိုပြီး အများကြီး ကြိုးစားရမယ် ဆိုတာ ကိုယ့်ကိုယ်ကို သဘောပေါက်သွားခဲ့ပါတယ် ။ ကျွန်တော်ဟာ တကယ့် စီနီယာတွေ ပြည့်နေတဲ့ အဝတ်လဲခန်းထဲကို ဝင်ခွင့်ရခဲ့ပါတယ် ။ သူတို့တွေဟာ အောင်မြင်မှု များစွာ ဆွတ်ခူးခဲ့ကြပါတယ် ။ ဒီလို အခြေခံ အတွေ့အကြုံတွေကို ကျွန်တော် လက်ကျန် ကစားသမား ဘဝ တလျှောက် သယ်ယူခဲ့ပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

ချဲလ်ဆီး နည်းပြ သောမတ်စ် တူချယ် ကတော့ လူကာကူ ဟာ ချဲလ်ဆီး အသင်း လိုအပ်နေတဲ့ နောက်ဆုံး သော့ချက် ဖြစ်မယ်လို့ မျှော်လင့်ထားကြောင်းကို ” ကျွန်တော်တို့ဟာ တချို့ ကစားသမားတွေကို ထွက်ခွာခွင့် ပေးခဲ့ပါတယ် ။ ကစားသမားတိုင်းဟာ အသင်းရဲ့ အခန်းကဏ္ဍ တခုမှာ ပါဝင်နေကြပြီး ၊ နေရာ တနေရာ အတွက် တိုက်ပွဲဝင်ရပါတယ် ။ “

” ဒီတော့ ဒါဟာ လိုအပ်လို့ ဖြစ်လာခဲ့တာပါ ။ တဖက်မှာ ကျွန်တော်ဟာ ဒီလို ကစားသမား အများအပြားကို ထွက်ခွာခွင့် ပေးရတာ သိပ်တော့ မကြိုက်ပါဘူး ။ ဘာလို့လဲဆိုတော့ အသင်း ပြောင်းသွားတဲ့ ကစားသမား တချို့ဟာ ပြီးခဲ့တဲ့ ရာသီတုန်းက ကြီးမားတဲ့ အခန်းကဏ္ဍ တခုခုမှာ ပါဝင်ခဲ့ကြသလို ၊ အောင်မြင်တဲ့ နှစ်တနှစ်လည်း ဖြစ်ခဲ့လို့ပါ ။ “

” ခင်ဗျားဟာ အသင်းသားတွေနဲ့ ဆက်ဆံရေးကောင်း တခု တည်ဆောက်နေတဲ့အချိန် ၊ အခုလို အသင်းပြောင်းခွင့် ပေးရတာ ဘယ်လိုနည်းနဲ့မှ မကောင်းပါဘူး ။ တဖက်က ကြည့်ပြန်တော့လည်း ဒါက လိုအပ်လို့ လုပ်ရတာ ဖြစ်ပါတယ် ။ ဒီတော့ ဒီလိုမျိုး ဆုံးဖြတ်ချက်တွေ ချလိုက်ရတာပါ ။ “

” ရိုမီလူ ဟာ နောက်ဆုံး ကျွန်တော် လိုအပ်နေတဲ့ အပိုင်းအစ တချပ်လား ? ကျွန်တော်တို့တော့ မျှော်လင့်တာပါပဲ ။ ဒါပေမယ့် တချိန်တည်းမှာ ကျွန်တော်တို့ဟာ ပွဲချိန်အတွင်း ကိုယ့်အပေါ် မေးခွန်းထုတ်လာတာ မှန်သမျှကို ပြန်ပြီး ဖြေရှင်းချက် ပေးနိုင်ဖို့ကိုလည်း ကြိုးစားရပါတယ် ။ “

” ကျွန်တော် တို့ဟာ အင်အား တောင့်တင်းမှု ရှိချင်ကြပါသေးတယ် ။ အသင်းလိုက် ကြိုးစား အားထုတ်မှုကနေ ဖြစ်လာတာမျိုးပေါ့ ။ ရိုမီလူမှာ ဒီလိုမျိုး စိတ်ဓာတ် ခံယူချက်မျိုး ရှိပြီး ၊ အထောင် တိုက်စစ်မှာ ကျွန်တော်တို့ လိုအပ်နေတဲ့ တိုက်စစ်မှူးမျိုး ဖြစ်ပါတယ် ။ အခုကနေစပြီး ကျွန်တော်တို့ လုပ်ရမယ့် အလုပ် က ဒီ ကန့်သတ်ချက် အထိကို တွန်းအားပေးဖို့ ဖြစ်ပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular