ရိုးမားအသင်းနည်းပြ မော်ရင်ဟိုသည် အာဆင်နယ်ကွင်းလယ်လူ ချာကာအား ယခုဇန်နဝါရီအပြောင်းအရွှေ့စျေးကွက်မပိတ်သိမ်းမီ ခေါ်ယူနိုင်ရန် မျှော်လင့်နေကြောင်း အီတလီအားကစားသတင်းစာ La Gazzetta dello Sport က ဖော်ပြခဲ့သည်။
မော်ရင်ဟိုသည် အသက် (၂၉)နှစ်အရွယ်ရှိ ဆွစ်ဇာလန်လက်ရွေးစင်ကွင်းလယ်လူ ချာကာကို ပြီးခဲ့သည့်နွေရာသီအပြောင်းအရွှေ့ကာလကတည်းက ခေါ်ယူရန် စီစဉ်ခဲ့ခြင်းဖြစ်သည်။
ရိုးမားအသင်းသည် ပြီးခဲ့သည့်နွေရာသီအပြောင်းအရွှေ့တွင် ချာကာအား ခေါ်ယူရန် ပုဂ္ဂိုလ်ရေးသဘောတူညီမှု ရရှိခဲ့သော်လည်း အာဆင်နယ်အသင်းနှင့် ပြောင်းရွှေ့ကြေးညှိနှိုင်းရာတွင် အဆင်မပြေသဖြင့် အပြောင်းအရွှေ့ပျက်ပြယ်ခဲ့ရသည်။
သို့သော် ရိုးမားအသင်းသည် ချာကာအား ခေါ်ယူမည့်အစီအစဉ်ကို လက်မလျှော့သေးဘဲ ယခုဇန်နဝါရီအပြောင်းအရွှေ့မပိတ်သိမ်းမီ ခေါ်ယူရန် ကြိုးပမ်းနေခြင်းဖြစ်သည်။
ရိုးမားအသင်းသည် ချာကာအတွက် ပေါင် (၁၆.၆)သန်းကို အရစ်ကျပေးချေရန် အသင့်ရှိနေကြောင်း La Gazzetta dello Sport က ဖော်ပြခဲ့သည်။