ချယ်လ်ဆီးကစားသမားသစ် ဟာဗက်ဇ်က မိမိအနေဖြင့် ချယ်လ်ဆီးအသင်းသို့ ပြောင်းရွှေ့ခဲ့ခြင်းမှာ နည်းပြလမ်းပတ်ကြောင့်ဖြစ်သည်ဟု ပြောကြားခဲ့သည်။
ချယ်လ်ဆီးအသင်းသည် စက်တင်ဘာ (၄)ရက်တွင် ဂျာမန်ကွင်းလယ်တိုက်စစ်ကစားသမား ဟာဗက်ဇ်(၂၁ နှစ်)ကို ပေါင်(၇၁)သန်း(Adds-on အပါအဝင်)ဖြင့် ခေါ်ယူကာ (၅)နှစ်သက်တမ်းရှိ စာချုပ်တစ်ရပ် ချုပ်ဆိုခဲ့သည်။
ဟာဗက်ဇ်သည် ချယ်လ်ဆီးနည်းပြ လမ်းပတ်ကဲ့သို့ ဂိုးသွင်းကောင်းသည့်ကွင်းလယ်ကစားသမားဖြစ်ပြီး မိမိအနေဖြင့် ချယ်လ်ဆီးသို့ ပြောင်းရွှေ့ခဲ့ခြင်းမှာ လမ်းပတ်နှင့်အတူ လက်တွဲကာ အလုပ်လုပ်လိုခြင်းကြောင်းဖြစ်သည်ဟု ဆိုခဲ့ခြင်းဖြစ်သည်။
လမ်းပတ်က “ချယ်လ်ဆီးကို ကျွန်တော် ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ခဲ့တဲ့အထဲမှာ လမ်းပတ်ရဲ့လွှမ်းမိုးမှုက ကြီးမားပါတယ်။ ကျွန်တော် ငယ်ငယ်တုန်းက လမ်းပတ်ကစားတာကို စောင့်ကြည့်ခဲ့ရပါတယ်။ အခုအချိန်မှာ ကျွန်တော့်အနေနဲ့ သူ့ဆီက အများကြီးသင်ယူခွင့်ရမယ်လို့ ထင်ပါတယ်။ လမ်းပတ်ဟာ အရမ်းကိုနိမ့်ချတတ်သူပါ။ သူ့လက်အောက်မှာ ကစားဖို့၊ သူ့ဆီက သင်ယူခွင့်ရဖို့ ကျွန်တော် မျှော်လင့်ပါတယ်။ လမ်းပတ်က ကျွန်တော့်လို တိုက်စစ်အားသန်တဲ့ ကွင်းလယ်ကစားသမားပါ။ သူက ဂိုးသွင်းရတာကို နှစ်သက်တယ်။ ကျွန်တော်လည်း ဂိုးသွင်းရတာကို နှစ်သက်တယ်။ ဒါကြောင့် သူ့အနေနဲ့ ကျွန်တော့်ကို အများကြီး ကူညီနိုင်ပါလိမ့်မယ်”ဟု ပြောကြားခဲ့သည်။
ဂျာမန်ကွင်းလယ်တိုက်စစ်ကစားသမား ဟာဗက်ဇ်သည် ပြီးခဲ့သည့် ၂၀၁၉-၂၀ ရာသီတွင် လေဗာကူဆင်အတွက် ပြိုင်ပွဲစုံ (၄၅)ပွဲတွင် (၁၈)ဂိုး သွင်းယူခဲ့သည်။