spot_img

ချယ်လ်ဆီးအသင်းကို ကိုင်တွယ်ခွင့်ရသည့်အတွက် ဂုဏ်ယူကြောင်း တူဟယ်လ် ပြောကြား

ချယ်လ်ဆီးနည်းပြသစ် တူဟယ်လ်က အသင်းကို ကိုင်တွယ်ခွင့်ရသည့်အတွက် ဂုဏ်ယူကြောင်း ပြောကြားခဲ့သည်။

ချယ်လ်ဆီးအသင်းသည် PSG အသင်းနည်းပြဟောင်း ဖြစ်သည့် ဂျာမန်လူမျိုးနည်းပြ တူဟယ်လ်ကို (၁၈) လသက်တမ်းရှိစာချုပ်တစ် ရပ်ချုပ်ဆိုကာ အသင်းနည်းပြအဖြစ်ခန့်အပ် ကြောင်း ဇန်နဝါရီ (၂၅) ရက်က အတည်ပြုကြေညာခဲ့သည်။

myan789

ချယ်လ်ဆီးအသင်းနှင့် တူဟယ်လ်တို့ ချုပ်ဆိုသည့် စာချုပ်တွင် တစ်နှစ်သက်တမ်း တိုးခွင့်ရှိသည်ဆိုသော အချက်ပါဝင်ကြောင်း လည်းသိရသည်။

တူဟယ်လ်က “ကျွန်တော်နဲ့ ကျွန်တော့်ရဲ့ဝန်ထမ်းတွေကို ယုံကြည်စွာနဲ့ တာဝန်ပေးခဲ့တဲ့ ချယ်လ်ဆီးအသင်းကို ကျွန်တော် အရမ်းကျေးဇူးတင်ပါတယ်။ ချယ်လ်ဆီးအသင်းမှာ နည်းပြဟောင်း လမ်းပတ် လုပ်ပေးခဲ့တာတွေကို ကျွန်တော်လေးစားပါတယ်။ တစ်ချိန်တည်းမှာပဲ ကျွန်တော့်အနေနဲ့ အသင်းသစ်မှာ ကစားသမားသစ်တွေနဲ့ ဆုံ တွေ့ခွင့်ရဖို့၊ လိဂ်အသစ်မှာ ယှဉ်ပြိုင်ခွင့်ရဖို့အတွက် မစောင့်နိုင်အောင်ဖြစ်နေပါပြီ။ ချယ်လ်ဆီးအသင်းရဲ့ မိသားစုဝင်ဖြစ်ခွင့်ရတဲ့အတွက် ကျွန်တော်ဂုဏ်ယူပါတယ်”ဟု ပြောကြားသည်။

အသက် (၄၇) နှစ်အရွယ်ရှိ ဂျာမန်လူမျိုးနည်းပြ တူဟယ်လ်သည် နည်းပြဘဝကို ဂျာမန်ကလပ်အသင်းများတွင် စတင်ခဲ့သူဖြစ်ပြီး ဒေါ့မွန်၊ PSG တို့ကဲ့သို့ ဥရောပထိပ်တန်အသင်းများကို ကိုင်တွယ်ခဲ့သူဖြစ်သည်။

တူဟယ်လ်သည် ဒေါ့မွန်အသင်းနှင့်အတူ ဂျာမန်ဖလား၊ PSG အသင်းနှင့်အတူ လီဂူး-၁ ချန်ပီယံဆု (၂) ကြိမ်အပါအဝင် ဆုဖလားပေါင်း (၆) လုံးအထိ ရယူပေးနိုင်ခဲ့ပြီး ပြီးခဲ့သည့်ရာသီက PSG အသင်းကို ချန်ပီယံလိဂ်ဗိုလ်လုပွဲအထိ ပို့ဆောင်ပေးခဲ့သူဖြစ်သည်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular