spot_img

ချယ်လ်ဆီးမှစပါးသို့ ကစားသမားအပြောင်းအရွှေ့မရှိခြင်းမှာအေဘရာမိုဗစ်ချ်ကြောင့်ဟု ကာလ်တန်ကိုးလ် ဖွင့်ဟခဲ့ပြီး မိမိကိုလည်း စပါးသို့ရောင်းရန် ငြင်းဆန်ခဲ့ဖူးသည်ဟုဆို

ချယ်လ်ဆီးအသင်းပိုင်ရှင် အေဘရာမိုဗစ်ချ်၏လက်ထက်တွင် ချယ်လ်ဆီးအသင်းမှ စပါးအသင်းသို့ပြောင်းရွှေ့သည့် ကစားသမားမရှိခြင်းမှာ ၎င်းကိုယ်တိုင် တားဆီးနေခြင်းကြောင့်ဖြစ်သည်ဟု ချယ်လ်ဆီးကစားသမားဟောင်းတစ်ဦးဖြစ်သူ ကာလ်တန်ကိုးလ်က ထုတ်ဖော်ပြောကြားခဲ့သည်။ ချယ်လ်ဆီးအသင်းတွင် ၂၀၀၁ ခုနှစ်မှ ၂၀၀၆ ခုနှစ်အထိကစားခဲ့ဖူးသည့် ကာလ်တန်ကိုးလ်က ၂၀၀၆ ခုနှစ်တွင် ချယ်လ်ဆီးအသင်းမှ လန်ဒန်မြို့ခံပြိုင်ဘက် စပါးအသင်းသို့ မိမိပြောင်းရွှေ့ရန် အလွန်နီးစပ်သောအနေအထားတွင် အေဘရာမိုဗစ်ချ်သည် မိမိ၏အပြောင်းအရွှေ့ကို တားဆီးပိတ်ပင်ခဲ့ဖူးသည်ဟု ဖွင့်ဟပြောကြားခဲ့သည်။

ကာလ်တန်ကိုးလ်သည် ချယ်လ်ဆီးအသင်းတွင်ကစားစဉ် ဝုလ်ဗ်၊ ချာလ်တန်၊ ဗီလာ အစရှိသောအသင်းများသို့ အ ငှားချခံခဲ့ရသူဖြစ်ပြီး ၂၀၀၆ ခုနှစ်တွင် စပါးအသင်းသို့ပြောင်း ရွှေ့ရန် စီစဉ်ခဲ့ခြင်းဖြစ်သည်။ အပြောင်းအရွှေ့ဖြစ်ပေါ်ရန် အလွန်နီးစပ်သောအနေအထားတွင် အေဘရာမိုဗစ်ချ်က တားဆီးပိတ်ပင်ခဲ့ပုံကို ကာလ်တန်ကိုးလ်က Talk Sport Radio သို့ ပြောကြားခဲ့သည်။ ”ကျွန်တော် စပါးအသင်းကို ပြောင်းဖို့ အတော်နီးစပ်ခဲ့ပါတယ်။ ကျွန်တော် ဆေးစစ်ဆေးမှုခံယူပြီး အပြောင်းအရွှေ့အတွက် အားလုံးလုပ်ဆောင်ပြီးချိန်မှာ အေဘရာမိုဗစ်ချ်က ဒါကို သိသွားခဲ့ပါတယ်။ အဲဒီနောက် မင်းပြန်လာခဲ့။ အဲဒီကိုသွားလို့မရဘူး။ ငါ သူတို့နဲ့အလုပ်မလုပ်ချင်ဘူးလို့ပြောပြီး ကျွန်တော့်ကို ပြန်ခေါ်ခဲ့ပါတယ်”ဟု ကာလ်တန်ကိုးလ်က ပြောကြားခဲ့သည်။

myan789

ကာလ်တန်ကိုးလ်ပြောကြားသကဲ့သို့ပင် ချယ်လ်ဆီး အသင်းအား အေဘရာမိုဗစ်ချ်ဝယ်ယူခဲ့သည့် ၂၀၀၃ ခုနှစ် မှစတင်၍ ယနေ့အချိန်အထိ ချယ်လ်ဆီးအသင်းမှ စပါးအသင်းသို့ တိုက်ရိုက်ပြောင်းရွှေ့သောကစားသမား လုံးဝမရှိခဲ့ပေ။ ယင်းကာလအတွင်း ချယ်လ်ဆီးအသင်းတွင်ကစားပြီးနောက် စပါးအသင်း၌ ကစားသည့် ကစားသမားမှာ တစ်ဦးတည်းသာရှိခဲ့ပြီး အီတလီဂိုးသမား ကူဒီချီနီဖြစ်သည်။ ကူဒီချီနီသည် ၂၀၀၉ ခုနှစ်တွင် ချယ်လ်ဆီးအသင်းနှင့် စာချုပ်သက်တမ်းကုန်ဆုံးခဲ့၍ အသင်းမှ ပြောင်းရွှေ့ကြေးအလွတ်ဖြင့်ထွက်သွားပြီး စပါးအသင်းနှင့် စာချုပ်ချုပ်ဆိုခဲ့ခြင်းဖြစ်သည်။ ကာလ်တန်ကိုးလ်သည် ၂၀၀၆ ခုနှစ်တွင် စပါးအသင်းသို့ ပြောင်းရွှေ့ခွင့်မရခဲ့ခြင်းကြောင့် အခြားလန်ဒန်မြို့ခံ ပြိုင်ဘက်အသင်းတစ်သင်းဖြစ်သည့် ဝက်စ်ဟမ်းအသင်းသို့ ပြောင်းရွှေ့ခဲ့ရသည်။ ထိုစဉ်က အေဘရာမိုဗစ်ချ်သည် မိမိကို စာချုပ်သစ်ချုပ်ဆိုပြီး ရုရှားကလပ် CSKA မော်စကိုအသင်းသို့ အငှားပို့ဆောင်ရန် စီစဉ်ခဲ့သေးသည်ဟု လည်း ကာလ်တန်ကိုးလ်ကပြောကြားခဲ့သည်။

ကာလ်တန်ကိုးလ်ကဲ့သို့ပင် ချယ်လ်ဆီးအသင်းမှ စပါးအသင်းသို့ ပြောင်းရွှေ့ခွင့်ဆုံးရှုံးခဲ့သည့် ကစားသမားတစ်ဦးမှာ အိုင်ယာလန်တောင်ပံကစားသမား ဒါမီယန်ဒပ်ဖ် ဖြစ်ပြီး ၂၀၀၆ ခုနှစ်အတွင်းက စပါးအသင်းသို့ပြောင်းရွှေ့ ရန် ကြိုးပမ်းမှုကို စွန့်လွှတ်ခဲ့ရခြင်းဖြစ်သည်။ ယခုအခါ စပါးအသင်းအား ချယ်လ်ဆီးနည်းပြဟောင်း မော်ရင်ဟိုက ကိုင်တွယ်လျက်ရှိနေရာ ယင်းလန်ဒန်မြို့ခံနှစ်သင်းကြားပြိုင်ဆိုင်မှုမှာ ပိုမိုပြင်းထန်သော အနေအထားသို့ ရောက်ရှိနေသည်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular