spot_img

ချယ်လ်ဆီးနည်းပြသစ်ဖြစ်လာနိုင်သူ အလေးပေးချက်တွင် PSG နည်းပြဟောင်း တူဟယ်လ် ထိပ်ဆုံးမှ ရေပန်းစားနေ

ချယ်လ်ဆီးနည်းပြသစ်ဖြစ်လာနိုင်သူ အလေးပေးချက်တွင် PSG အသင်းမှ ထုတ်ပယ်ခံထားရသည့် ဂျာမန်လူမျိုးနည်းပြဖြစ်သူ တူဟယ်လ်က ထိပ်ဆုံးမှ ရေပန်းစားနေလျက် ရှိကြောင်း သိရသည်။

ချယ်လ်ဆီးအသင်းသည် ဇန်နဝါရီ (၃)ရက်က မန်စီးတီးအသင်းအား (၁-၃)ဂိုးဖြင့် အရေးနိမ့်ခဲ့ပြီးနောက် ပြိုင်ပွဲစုံနောက်ဆုံး (၇)ပွဲတွင် တစ်ပွဲသာအနိုင်ရရှိရာ နည်းပြ လမ်းပတ်မှာလည်း ရာထူးမှ ထုတ်ပယ်ခံရရန် ပိုမိုနီးစပ်လာပြီဟု ဗြိတိန်မီဒီယာများက ဖော်ပြခဲ့ကြသည်။

myan789

ဗြိတိန်လောင်းကစားကုမ္ပဏီ Paddy Power ၏အလေးပေးချက်တွင် တူဟယ်လ်က (၂း၁) လေးဖြင့် ထိပ်ဆုံး၌ ရှိနေခြင်းဖြစ်သည်။

၎င်း၏နောက်တွင် အသင်းလက်မဲ့ဖြစ်နေသည့် ဂျူဗင်တပ်စ်နည်းပြဟောင်း အယ်လီဂရီက (၃း၁) လေး၊ လက်စတာနည်းပြ ဘရန်ဒန်ရော်ဂျာက (၆း၁) လေး၊ ဆောက်သမ်တန်နည်းပြ ဟာဆန်ဟူတယ်လ်က (၁၂း၁) လေး၊ လီဗာပူးလ်နှင့် ချယ်လ်ဆီးနည်းပြဟောင်း ဘင်နီတက်ဇ်က (၁၄း၁) လေး၊ အက်သလက်တီကို အသင်းနည်းပြ ဆီမြွှန်နီက (၂ဝး၁) လေး၊ လိုက်ပ်ဇစ်အသင်းနည်းပြ နာဂယ်စ်မန်းက (၂ဝး၁) လေး၊ အသင်းဂန္ထဝင်ကစားသမားနှင့် အက်စတွန်ဗီလာလက်ထောက်နည်းပြဖြစ်သူ ဂျွန်တယ်ရီက (၂ဝး၁) လေးဖြင့် အသီးသီး ရှိနေသည်။

လောင်းကစားဒိုင်၏အလေးပေးချက်တွင် မပါဝင်သော်လည်း ချယ်လ်ဆီးအသင်းပိုင်ရှင် အေဘရာမိုဗစ်ချ်နှင့် ပုဂ္ဂိုလ်ရေးအရ ရင်းနှီးမှုရှိပြီး လက်ရှိ ယူကရိန်းလက်ရွေးစင်အသင်းကို ကိုင်တွယ်နေသည့် ရှက်ဗ်ချင်ကိုမှာလည်း ချယ်လ်ဆီးနည်းပြသစ်ဖြစ်နိုင် ခြေစာရင်းတွင် ထည့်သွင်းခံထားရသည်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular