ချယ်လ်ဆီးအသင်းမှ အင်တာမီလန်အသင်းသို့ တစ်ရာသီအငှားဖြင့် ပြောင်းရွှေ့ခဲ့သည့် ဘယ်လ်ဂျီယံတိုက်စစ်မှူး လူကာကူက မိမိအနေဖြင့် ချယ်လ်ဆီးအသင်းတွင် သူရဲကောင်းဖြစ်မည်ဟု ထင်မှတ်ခဲ့သော်လည်း တကယ်တမ်းတွင် ယင်းသို့မဖြစ်လာ ခဲ့ကြောင်း ဖွင့်ဟပြောကြားခဲ့သည်။
လူကာကူသည် ပြီးခဲ့သည့် ၂၀၂၁ နွေတွင် ချယ်လ်ဆီးအသင်းသို့ ကလပ်စံချိန်တင် ပြောင်းရွှေ့ကြေး ပေါင် (၉၇.၅) သန်းဖြင့် ပြောင်းရွှေ့ခဲ့သည်။
သို့သော် ၎င်းသည် ချယ်လ်ဆီးအသင်းတွင် ခြေစွမ်းမပြနိုင်သဖြင့် ယခုနွေတွင် အင်တာမီလန်အသင်းထံသို့ တစ်ရာသီအငှားဖြင့် ပြန်လည်ပြောင်းရွှေ့ခဲ့ရသည်။
လူကာကူက ”ချယ်လ်ဆီးမှာ ငယ်ငယ်တုန်းက နေရာမရခဲ့တာကို ကျွန်တော် လက်စားချေချင်ခဲ့တာပါ။ အဲဒီအတွက် အခွင့်အရေးလည်း ကျွန်တော် ရခဲ့ပါတယ်။ ဒီတစ်ခါတော့ ချယ်လ်ဆီးအသင်းမှာ ကျွန်တော် သူရဲကောင်းဖြစ်မယ်လို့ ထင်မှတ်ခဲ့ပေမဲ့ တကယ်တမ်းမှာတော့ အဲဒီလိုဖြစ်မလာခဲ့ပါဘူူး”ဟု DAZN နှင့် အင်တာဗျူးတွင် ပြောကြားခဲ့သည်။