spot_img

ချန်ပီယံအခွင့်အရေးမှာ မိမိတို့လက်ထဲရောက်လာပြီဟု ဂွါဒီယိုလာ ကြုံးဝါး

အဓိကပြိုင်ဘက်ဖြစ်သူ အာဆင်နယ်အသင်းကို ဂိုးပြတ်အနိုင်ရပြီးနောက် ပရီးမီးယားလိဂ်ချန်ပီယံအခွင့်အရေးမှာ မိမိတို့လက်ထဲရောက်ရှိလာပြီဖြစ်ကြောင်း မန်စီးတီးအသင်းနည်းပြ ဂွါဒီယိုလာက ကြုံးဝါးပြောဆိုခဲ့သည်။

ပရီးမီးယားလိဂ်ပွဲစဉ် (၃၃)လက်ကျန်ပွဲအဖြစ် မန်စီးတီးနှင့် အာဆင်နယ်အသင်းတို့ ဗုဒ္ဓဟူးနေ့ညပိုင်းက အီ တီဟတ်ကွင်း၌ ယှဉ်ပြိုင်ကစားရာ အိမ်ရှင် မန်စီးတီးအသင်းက (၄-၁)ဂိုးဖြင့် ဂိုးပြတ်အနိုင်ရခဲ့သည်။ 

မန်စီးတီးအတွက် ဂိုးများကို ဒီဘရိုင်းနား (၇၊ ၅၄ မိနစ်)၊ ဂျွန်စတုန်း (၄၅+၁ မိနစ်)နှင့် ဟော်လန်း (၉၀+၅ မိနစ်)တို့က သွင်း ယူခဲ့ပြီး အာဆင်နယ်အတွက် ဟိုးလ်ဒင်း (၈၆ မိနစ်)က တစ်ဂိုးပြန်လည်ချေပခဲ့သည်။ 

myan789

မန်စီးတီးအသင်းအနေဖြင့် ယခုပွဲအနိုင်ရလဒ်ကြောင့် အာဆင်နယ်အသင်းအား (၂) ပွဲလျော့၊ (၂)မှတ်ကွာအနေအထားအထိ ဖိအားပေးထားနိုင်ပြီဖြစ်သည်။


သို့ဖြစ်ရာ ဂွါဒီယိုလာက “ကျွန်တော်တို့ အာရုံစူးစိုက်မှု ပျက်သွားလို့ မရပါဘူး။ အခုအချိန်က ကျွန်တော်တို့ လက်ထဲမှာ ရှိနေပါပြီ။ လာမယ့်ပွဲစဉ် (၃)ပွဲက ကျွန်တော် တို့အနေနဲ့ ကိုယ်ဖြစ်ချင်တာကို လုပ်နိုင်မလားဆိုတာ ဆုံးဖြတ်ပေးပါလိမ့်မယ်။ ကျွန်တော်တို့ အာဆင်နယ်ရဲ့နောက်မှာပဲ ရှိနေသေးတာက အမှန်တရားပါ။ အဲဒါက ကျွန်တော်တို့အတွက် လွယ်ကူမှာ မဟုတ်ပါဘူး။ ဒါပေမဲ့ တစ်ပွဲပြီးတစ်ပွဲ ဘာဖြစ်မလဲဆိုတာ ကျွန်တော်တို့ ကြည့်ကြတာပေါ့။ အခွင့်အရေးက ကိုယ့်လက်ထဲရောက်လာချိန်မှာ အဲဒါကို အသုံးချရပါမယ်”ဟု ပြောကြားသည်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular