spot_img

ချန်ပီယံလိဂ်အောင်ပွဲကိုသာ အာရုံစိုက်ရတော့မည်ဟု မာနေ ပြောကြား

လီဗာပူးလ်တိုက်စစ်ကစားသမား မာနေက မိမိတို့၏ ပရီးမီးယားလိဂ်ချန်ပီယံဆု ကာကွယ်နိုင်ရေးမျှော်လင့်ချက်မှာ အဆုံးသတ်သွားခဲ့ပြီဖြစ်ပြီး ချန်ပီယံလိဂ်အောင်ပွဲကိုသာ အာရုံစိုက်ရတော့မည်ဟု ပြောကြားခဲ့သည်။

လီဗာပူးလ်အသင်းသည် ပရီးမီးယားလိဂ်အမှတ်ပေးဇယားကို ဦးဆောင်နေသည့် မန်စီးတီးအသင်းနှင့် (၁၉)မှတ်အထိ ကွာဟသွားပြီဖြစ်သည့်အတွက် မာနေက ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

myan789

“ကျွန်တော်တို့ ချန်ပီယံလိဂ်၊ ပရီးမီးယားလိဂ်နဲ့ တခြားဖလားပြိုင်ပွဲတွေကို ပစ်မှတ်ထားပြီး ဒီရာသီကို စတင်ခဲ့တာပါ။ အခုတော့ ပရီးမီးယားလိဂ်က အဆုံးသတ်သွားပြီလို့ ပြောနိုင်ပါတယ်။ အမှတ်ကွာဟမှုက အရမ်းများသွားပါပြီ။ ဘယ်တော့မှ အရှုံးမပေးတဲ့စိတ်ကို ခေါင်းထဲထည့်ထားပေမဲ့ မန်စီးတီးက အမြင့်ပျံနေပါပြီ။ ဒါကြောင့် ချန်ပီယံလိဂ်ကိုပဲ အဓိကပစ်မှတ်အဖြစ် သတ်မှတ်ရတော့မှာပါ။ ဒုတိယတောင်ရလို့ မဖြစ်ပါဘူး။ ဆုဖလားရမှ ဖြစ်မှာပါ”ဟု ပြောကြားခဲ့သည်။

လီဗာပူးလ်အသင်းသည် ပရီးမီးယားလိဂ်ချန်ပီယံဆုကို ကာကွယ်နိုင်ရန် ဖြစ်နိုင်ခြေမရှိတော့သလောက် ဖြစ်သွားသည့်အပြင် FA ဖလားနှင့် လိဂ်ဖလားပြိုင်ပွဲတို့မှလည်း ထွက်ခွာခဲ့ရပြီဖြစ်သောကြောင့် ချန်ပီယံလိဂ် ဖလားတစ်ခုသာ မျှော်လင့်ချက်ရှိတော့ကြောင်း သိရသည်။

လီဗာပူးလ်အသင်းသည် ချန်ပီယံလိဂ်ရှုံးထွက် (၁၆)သင်းအဆင့် ပထမအကျော့တွင် လိုက်ပ်ဇစ်အသင်းကို အဝေးကွင်း၌ (၂-၀) ဂိုးဖြင့် အနိုင်ရထားသည့်အတွက် ကွာတားဖိုင်နယ်တက်ရောက်ရန် အခြေအနေကောင်းနေသည်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular