ဘာစီလိုနာ – ဒိုင်နမိုကိဗ် (မြန်မာစံတော်ချိန် အောက်တိုဘာ ၂၀ ရက် ည ၁၁:၁၅ နာရီ)
ဘာစီလိုနာအသင်းအဖို့ အသင်းရဲ့ ချန်ပီယံလိဂ်မှတ်တမ်းကောင်းကို လက်လွှတ်ရဖို့ လက်မတင်လေးပဲ လိုပါတော့တယ်။ အခုနှစ်ကျော့မှာ ဘာစီလိုနာ ရမှတ်ပြည့်မယူထားနိုင်ရင်တော့ ဆက်မျှော်လင့်ချက်ထားဖို့ မဖြစ်နိုင်တော့ဘူး။ ဒိုင်နမိုကိဗ်ကလည်း အသင်းကြီးတွေနဲ့ ရင်ဆိုင်တွေ့တဲ့ပွဲတွေမှာ ရလဒ်ကောင်းရတာ နည်းပါတယ်။ ဘာစီလိုနာ ဂိုးပြတ်နိုင်ပွဲယူမယ် ထင်တယ်။
ဆာလ်ဇ်ဘာ့ဂ် – ဝုလ်ဖ်ဘတ် (မြန်မာစံတော်ချိန် အောက်တိုဘာ ၂၀ ရက် ည ၁၁:၁၅ နာရီ)
ဝုလ်ဖ်ဘတ်အသင်းက ချန်ပီယံလိဂ်ဝင်လာချိန်မှာ ပြိုင်ပွဲ စုံ (၆)ပွဲဆက်တိုက် နိုင်ပွဲပျောက်ဆုံးတဲ့အထိ ရလဒ်ပိုင်း ယိမ်း ယိုင်သွားတယ်။ ဆာလ်ဇ်ဘာ့ဂ်အသင်းကို အစောပိုင်းက ဒီအုပ်စုရဲ့ အားအနည်းဆုံးအသင်းလို့ သတ်မှတ်ထားပေမဲ့ လတ်တလောမှာတော့ အုပ်စုကို ဦးဆောင်ထားနိုင်တဲ့အထိ ခြေစွမ်းပြနေတယ်။ သရေဆက်ကျထားတဲ့ ဝုလ်ဖ်ဘတ် အခုပွဲလည်း သရေခံကစားဦးမယ်ထင်တယ်။
ယန်းဘွိုင်းစ် – ဗီလာရီးယဲလ် (မြန်မာစံတော်ချိန် အောက်တိုဘာ ၂၁ ရက် နံနက် ၁:၃၀ နာရီ)
ယန်းဘွိုင်းစ်က အုပ်စုအဖွင့်ပွဲမှာ နာမည်ကြီး မန်ယူကို ဒုက္ခပေးခဲ့ပြီး ဒုတိယပွဲမှာလည်း အတ္တလန်တာကို တစ်ဂိုးတည်း နဲ့သာ ကပ်ရှုံးခဲ့တာပါ။ ဗီလာရီးယဲလ်အသင်းက ယူရိုပါလိဂ်ချန်ပီယံဖြစ်ခဲ့တဲ့ ယုံကြည်မှုမျိုးမရှိတော့ဘဲ ချန်ပီယံလိဂ်အဝေးကွင်းပွဲတွေမှာလည်း ရလဒ်ဆိုးနေတယ်။ ယန်းဘွိုင်းစ်ကိုပဲ ကြိုက်တယ်။
မန်ယူ – အတ္တလန်တာ (မြန်မာစံတော်ချိန် အောက်တိုဘာ ၂၁ ရက် နံနက် ၁:၃၀ နာရီ)
မန်ယူအသင်းက နောက်ဆုံးကစားထားတဲ့ ပြိုင်ပွဲစုံ(၅)ပွဲမှာ ဗီလာရီးယဲလ်အသင်းနဲ့ ချန်ပီယံလိဂ်တစ်ပွဲပဲ အနိုင်ရခဲ့တာ ပါ။ လက်စတာကို ရှုံးတဲ့ပွဲမှာတော့ မန်ယူနောက်တန်းကစားသွားပုံက အတော်လေးစိတ်ပျက်စရာကောင်းတယ်။ တန်ဖိုးမြင့် ခံစစ်ကစားသမားတွေရဲ့ မှားယွင်းမှုတွေက လုံးဝလက်ခံနိုင်စရာအနေအထား မရှိခဲ့ဘူး။ ဒါပေမဲ့ အခုရင်ဆိုင်ရမယ့် အတ္တလန်တာအသင်းကလည်း ဒီရာသီမှာ တိုက်စစ်စွမ်းဆောင်ရည်က မယုံကြည်နိုင်လောက်အောင် ကျဆင်းနေလို့ မန်ယူခံစစ်ပိုင်းအတွက် အနည်းငယ်တော့ စိတ်အေးရဖွယ်ရှိတယ်။ မန်ယူအတွက် အမှားထပ်လုပ်လို့မရတော့တဲ့ အခြေအနေဖြစ်လို့ အနိုင်ကစားလိမ့်မယ်။
လိုင်လီ – ဆီဗီလာ (မြန်မာစံတော်ချိန် အောက်တိုဘာ ၂၁ ရက် နံနက် ၁:၃၀ နာရီ)
ဆီဗီလာအသင်းက နိုင်ပွဲမရသေးဘဲ ဝုလ်ဖ်ဘတ်လိုပဲ နှစ်ပွဲစလုံး သရေကျထားတယ်။ လိုင်လီအနေနဲ့ အုပ်စုနောက်ဆုံးရောက်နေပေမဲ့ အသင်းလိုက်စုဖွဲ့မှု မဆိုးသလို၊ အိမ်ကွင်း ရလဒ်ပိုင်းလည်း တဖြည်းဖြည်းတည်ငြိမ်လာတာ တွေ့ရတယ်။ ဆီဗီလာအသင်း နိုင်ပွဲစယူဖို့ ကြိုးစားနိုင်ပေမဲ့ လိုင်လီကိုပဲ အရဲ စွန့်ရွေးချင်တယ်။
ချယ်လ်ဆီး – မာလ်မို (မြန်မာစံတော်ချိန် အောက်တိုဘာ ၂၁ ရက် နံနက် ၁:၃၀ နာရီ)
လက်ရှိချန်ပီယံ ချယ်လ်ဆီးအသင်းအတွက် ဒီအုပ်စုမှာ နောက်တစ်ဆင့်တက်ဖို့ စိုးရိမ်စရာမရှိပေမဲ့ ချန်ပီယံဂုဏ်သိက္ခာ အတွက် ကစားပြဖို့ လိုအပ်နေသေးတယ်။ ပြီးခဲ့တဲ့(၂)ပွဲမှာတော့ ချယ်လ်ဆီး ကစားသွားပုံက အထင်ကြီးစရာ မရှိခဲ့ဘူး။ မာလ်မိုက ချယ်လ်ဆီးနဲ့ယှဉ်ရင် အဆင့်အတော်ကွာပါတယ်။ ချယ်လ်ဆီး (၃)ဂိုးလောက်တော့ပြတ်မှာပါ။
ဇင်းနစ် – ဂျူဗင်တပ်စ် (မြန်မာစံတော်ချိန် အောက်တိုဘာ ၂၁ ရက် နံနက် ၁:၃၀ နာရီ)
ဇင်းနစ်အသင်း နောက်တစ်ဆင့်တက်ခွင့်ရဖို့ မျှော်လင့်ချက်ရှိနေသေးပေမဲ့ အသင်းကစားသမားပိုင်းက ထိပ်သီး(၂) သင်းနဲ့ယှဉ်ရင် အဆင့်ချင်း အတော်ကွာပါတယ်။ ဂျူဗင်တပ်စ်က နောက်ဆုံး(၆)ပွဲဆက် အနိုင်ကစားထားပြီး အယ်လီဂရီ လက်ထက် အကောင်းဆုံးအနေအထားရောက်လာတယ်။ ဂျူဗင်တပ်စ်ပဲ နိုင်ပွဲဆက်ဖို့များတယ်။