spot_img

ချန်ပီယံလိဂ် အုပ်စုပွဲစဉ်-၃ (ပထမနေ့) ပွဲကြိုသုံးသပ်ချက်

ဘက်ဆစ်တက် – စပို့တင်းလစ္စဘွန်း (မြန်မာစံတော်ချိန် အောက်တိုဘာ ၁၉ ရက် ည ၁၁း၁၅ နာရီ)
နှစ်သင်းစလုံးအဖို့ ချန်ပီယံလိဂ်ကနေ ယူရိုပါလိဂ်ဘက်ကို ကူးပြောင်းယှဉ်ပြိုင်ခွင့်အတွက် ယှဉ်လုရမယ့်အနေအထားပါ။ လက်ရှိရလဒ်ပိုင်းမှာတော့ စပို့တင်းလစ္စဘွန်း သာပေမဲ့ တူရကီကလပ်တွေရဲ့ အိမ်ကွင်းအားကို ထည့်သွင်းစဉ်းစားသင့်တယ်။ ဘတ်ရှူအာယီဦးဆောင်တဲ့ ဘက်ဆစ်တက်တိုက်စစ် မဆိုးပေမဲ့ ခံစစ်အားနည်းချက်တော့ရှိတယ်။ အိမ်ကွင်းမှာတော့ ဘက်ဆစ်တက် အမှတ်ရမှာပါ။

ကလပ်ဘရုဂေး – မန်စီးတီး (မြန်မာစံတော်ချိန် အောက်တိုဘာ ၁၉ ရက် ည ၁၁း၁၅ နာရီ)
အုပ်စုကျပ်ထဲမှာ ကလပ်ဘရုဂေးအသင်းရဲ့လက်ရှိစွမ်းဆောင်ထားနိုင်စွမ်းကိုတော့ Credit ပေးရမှာပါ။ ဒါပေမဲ့ ကလပ်ဘရုဂေးဆီက ဒီထက်ပိုပြီး မမျှော်လင့်သင့်တော့ဘူး။ မန်စီးတီးက ဟန်ချက်ညီတဲ့အသင်းဖြစ်လို့ PSG လို ဘယ်လ်ဂျီယံမြေမှာ ရုန်းကန်ရဖို့ မရှိနိုင်ဘူး။ တစ်ဖက်မှာလည်း PSG အသင်းကို ပြန်လိုက်ရမှာဖြစ်လို့ မန်စီးတီးအသင်းဘက်ကပဲ ရပ်တည်တာ ပိုကောင်းမယ်။

myan789

အက်သလက်တီကို – လီဗာပူးလ် (မြန်မာစံတော်ချိန် အောက်တိုဘာ ၂၀ ရက် နံနက် ၁း၃၀ နာရီ)
၂၀၁၉-၂၀ ရာသီက လီဗာပူးလ်အသင်းရဲ့ ချန်ပီယံလိဂ်ဖလားကာကွယ်ရေးအိပ်မက်ကို အက်သလက်တီကိုအသင်း ဖျက်ဆီးခဲ့တဲ့အေ<ကးတော့ ရှိနေတယ်။ အက်သလက်တီကိုအသင်း ဒီရာသီအိမ်ကွင်းပွဲတွေမှာ ရှုံးပွဲမရှိသေးပေမဲ့ စွမ်းဆောင် ရည်ပိုင်းကတော့ အနည်းငယ်ကျဆင်းနေတဲ့ပုံပါပဲ။ တိုက်စစ်မှာ ဆွာရက်ဇ်က ဂိုးတွေသွင်းနေဆဲဖြစ်ပြီး သူ့အတွက် တိုက်စစ် တွဲဖက်ကိုတော့ ရှာမတွေ့သေးဘူး။ လီဗာပူးလ်က နောက်ပိုင်းပွဲတွေမှာ ဂိုးသွင်းအားက ကြောက်စရာကောင်းနေပြီး အခုရာသီ ပြိုင်ပွဲစုံ(၁၁)ပွဲမှာ ချယ်လ်ဆီးနဲ့ သရေကျခဲ့တဲ့ပွဲကလွဲလို့ ကျန်တဲ့ပွဲတွေမှာ အနည်းဆုံး(၂)ဂိုးသွင်းထားကာ (၃)ဂိုးနဲ့အထက် သွင်းတဲ့ပွဲက ပိုများနေတယ်။ တိုက်စစ်အားကောင်းတဲ့ လီဗာပူးလ်ကိုပဲ ရွေးချယ်ချင်တယ်။

ပေါ်တို – အေစီမီလန် (မြန်မာစံတော်ချိန် အောက်တိုဘာ ၂၀ ရက် နံနက် ၁း၃၀ နာရီ)
အေစီမီလန်အသင်းက လီဗာပူးလ်၊ အက်သလက်တီကို အသင်းတို့ကို ဆက်တိုက်ရှုံးထားပေမဲ့ အတော်လေးဒုက္ခပေးနိုင်ခဲ့တာ တွေ့ရတယ်။ ဒီပွဲက ယူရိုပါလိဂ်ကို ပြောင်းလဲကစားခွင့်အတွက် အဓိကအဆုံးအဖြတ်ပေးမယ့်ပွဲဖြစ်ပြီး လက်ရှိခြေစွမ်း ပိုင်းမှာတော့ ပေါ်တိုအသင်းထက် အေစီမီလန်က နှာတစ်ဖျားသာနေတယ်။ ပေါ်တူဂီမြေဖြစ်ပေမဲ့ အေစီမီလန်အသင်း အမှတ်ရလိမ့်မယ်။

PSG – လိုက်ပ်ဇစ် (မြန်မာစံတော်ချိန် အောက်တိုဘာ ၂၀ ရက် နံနက် ၁း၃၀ နာရီ)
လိုက်ပ်ဇစ်အတွက် ချန်ပီယံလိဂ်ခရီးက ပြီးဆုံးလုနီးပါး အခြေအနေရောက်နေပြီ။ ဒီပွဲက လိုက်ပ်ဇစ်အဖို့ သေရေးရှင်ရေး လို့ပြောနိုင်ပေမဲ့ ပြင်သစ်မြေမှာတော့ အခွင့်အရေးမရှိလောက်ဘူး။ PSG အသင်းမှာ နေမာ မပါဝင်ပေမဲ့ အသင်းတိုက်စစ်ပိုင်းက ဒီရာသီမှာ အပြောင်းအလဲကြီးကြီးမားမား ဖြစ်ထားတဲ့ လိုက်ပ်ဇစ်နောက်တန်းကို ဖိအားပေးနိုင်မှာ သေချာသလောက်ပဲ။ အုပ်စုပထမနေရာမှန်းနေတဲ့ PSG ကိုပဲ ရွေးချယ်ချင်တယ်။

အေဂျက်စ် – ဒေါ့မွန် (မြန်မာစံတော်ချိန် အောက်တိုဘာ ၂၀ ရက် နံနက် ၁း၃၀ နာရီ)
အုပ်စုပထမနေရာအတွက် အရေးပါဆုံးပွဲမကစားမီမှာ ဟော်လန်း ဂိုးပေါက်ပြန်တွေ့ခဲ့တာက ဒေါ့မွန်အဖို့ ကျေနပ်စရာပါပဲ။ နယ်သာလန်မြေမှာ ကစားရမှာဖြစ်ပြီး အိမ်ရှင်အသင်းက အစဉ်အလာကြီးမားတာကလွဲလို့ လက်ရှိအနေအထားမှာ ဒေါ့မွန်ကပဲ အဖက်ဖက်က သာပါတယ်။ ဟယ်လာ၊ တာဒစ်တို့ဦးဆောင်လာမယ့် အေဂျက်စ်တိုက်စစ်ကိုတော့ ဒေါ့မွန် သတိထားရလိမ့်မယ်။ ဒေါ့မွန် မရှုံးပါဘူး။

ရှက်တာဒိုးနက် – ရီးယဲလ်မက်ဒရစ် (မြန်မာစံတော်ချိန် အောက်တိုဘာ ၂၀ ရက် နံနက် ၁း၃၀ နာရီ)
ပြီးခဲ့တဲ့ရာသီက ရီးယဲလ်မက်ဒရစ်ကို (၂)ကျော့စလုံး အနိုင်ကစားပြီး ရှက်တာဒိုးနက် ဒုက္ခပေးခဲ့တာက ပူပူနွေးနွေးပဲ ရှိပါသေးတယ်။ လက်ရှိအချိန်မှာ ရှက်တာဒိုးနက်ကလည်း အ မှတ်ဆုံးရှုံးခံလို့ မဖြစ်တော့တာကြောင့် ရီးယဲလ်အတွက် အဝေးကွင်းမှာ ရုန်းကန်ရဦးမယ့် အနေအထားပါပဲ။ ယူကရိန်းမြေမှာ ရီးယဲလ်အသင်း ဂိုးပြတ်နိုင်ဖို့မရှိလို့ အိမ်ရှင်ကိုပဲ ရွေးချယ်တာ ပိုကောင်းမယ်။

အင်တာမီလန် – ရှာရစ်ဖ် (မြန်မာစံတော်ချိန် အောက်တိုဘာ ၂၀ ရက် နံနက် ၁း၃၀ နာရီ)
ရှာရစ်ဖ်က ရှက်တာဒိုးနက်၊ ရီးယဲလ်မက်ဒရစ်တို့ကို အနိုင်ကစားပြီး ချန်ပီယံလိဂ်ပရိသတ်တွေကို အံ့သြမှင်တက်သွားအောင် လုပ်ပြခဲ့ပြီးပြီ။ အခု အီတလီမြေမှာ ရှာရစ်ဖ်အသင်း မထင်မှတ်တာတွေ ဆက်လုပ်ပြနိုင်မလား စိတ်ဝင်စားစရာကောင်းနေတယ်။ အင်တာမီလန်ကတော့ နောက်တစ်ဆင့်တက်ဖို့ လုံးဝအမှားခံလို့မရတော့တဲ့ အခြေအနေပါ။ အင်တာမီလန် အနည်းဆုံး(၂)ဂိုးတော့ ပြတ်လိမ့်မယ်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular