spot_img

ချန်ပီယံလိဂ် အုပ်စုပွဲစဉ်-၅ ပွဲကြိုသုံးသပ်ချက်

◘ ဆာလ်ဇ်ဘာ့ဂ် – ချယ်လ်ဆီး (မြန်မာစံတော်ချိန် အောက်တိုဘာလ ၂၅ ရက် ည ၁၁း၁၅ နာရီ)

ချယ်လ်ဆီးက အိမ်ကွင်းမှာတုန်းကတော့ ဆာလ်ဘာ့ဂ်နဲ့ သရေကျခဲ့တယ်။ ကစားတာလည်းသာတယ်ဆိုပေမဲ့ အရမ်း မကောင်းပါဘူး။ ဒါပေမဲ့ အဲဒီပွဲက ဂရေဟမ်ပေါ်တာရဲ့ ပထမဆုံးပွဲဖြစ်ပြီး ချယ်လ်ဆီးအသင်း နည်းနည်းလေး ခြေပျက်နေချိန်လည်းဖြစ်တယ်။ အခုအချိန်မှာတော့ အေစီမီလန်ကို နှစ်ပွဲဆက်အနိုင်ယူပြီး အုပ်စုထိပ်ဆုံးနေရာကို ပြန်တက်လာတာတွေ့ရတယ်။ ခြေစွမ်းပိုင်းရော၊ ရလဒ်ပိုင်းပါ တိုးတက်လာတယ်။ ရီးစ်ဂျိမ်းစ်မပါတဲ့ အကြောင်းကို (၃၊ ၄) ပွဲလောက်ရောက်လာတဲ့အထိ ပြောနေရဆဲဆိုတာ မဖြစ်သင့်ပေမဲ့ တကယ်တမ်းလည်း ချယ်လ်ဆီးက ရီးစ်ဂျိမ်း မကစားနိုင်တဲ့ (၃) ပွဲမှာ ကစားပုံ တော်တော်လေးအားနည်းပါတယ်။ ဒါပေမဲ့ ဒီပွဲတော့ ချယ်လ်ဆီး အနိုင်ကစားဖို့များတယ်။ 

myan789

◘ ဆီဗီလာ – FCကိုပင်ဟေဂင် (မြန်မာစံတော်ချိန် အောက်တိုဘာလ ၂၅ ရက် ည ၁၁း၁၅ နာရီ)

မန်စိီးတီး၊ ဒေါ့မွန်၊ ဆီဗီလာတို့လို အားကောင်းတဲ့အသင်းတွေပါဝင်နေတဲ့ အုပ်စုမှာ ကိုပင်ဟေဂင်က (၄)ပွဲကို Clean Sheet နှစ်ပွဲပါဝင်ခဲ့တာ ချီးကျူးစရာကောင်းတယ်။ ခက်တာက အိမ်ကွင်းတွေမှာပဲ ခံစစ်ကောင်းတာဖြစ်ပြီး အဝေးကွင်းနှစ်ပွဲစလုံး ဂိုးပြတ်ရှုံးတယ်။ ဂိုးမသွင်းနိုင်ခဲ့ဘူး။ ဆီဗီလာအသင်းရဲ့ ကွင်းမှာလည်း ကိုပင်ဟေဂင် မလွယ်ပါဘူး။ ဒီပွဲက ယူရိုပါလိဂ်ဝင်ခွင့်အတွက် အရေးကြီးပြီး ဆီဗီလာ အနိုင်ကစားလိမ့်မယ်။ 

◘ ဒိုင်နမိုဇာဂရက် – အေစီမီလန် (မြန်မာစံတော်ချိန် အောက်တိုဘာလ ၂၆ ရက် နံနက် ၁း၃၀ နာရီ)

ဆာလ်ဇ်ဘာ့ဂ်သာ ချယ်လ်ဆီးကို ရှုံးရင်၊ ဒီပွဲမှာ အနိုင်ရတဲ့အသင်းက အုပ်စုဒုတိယနေရာကို ပြန်ရောက်လာလိမ့်မယ်။ ဒိုင်နမိုဇာဂရက်က အိမ်ကွင်းနှစ်ပွဲမှာ ချယ်လ်ဆီးကို နိုင်ပြီး၊ ဆာလ်ဇ်ဘာ့ဂ်ကို သရေကစားခဲ့တယ်။ အိမ်ကွင်းခြေစွမ်းလည်း တကယ်ကောင်းပြီး မာကျောပါတယ်။ ဒါပေမဲ့ အေစီမီလန်က လူပြန်စုံတဲ့အခြေအနေဖြစ်လာပြီး၊ ကစားပုံလည်း ပိုကောင်းတယ်။ အေစီမီလန်ကို ကြိုက်တယ်။ 

◘ ဆဲလ်တစ် – ရှက်တာဒိုးနက် (မြန်မာစံတော်ချိန် အောက်တိုဘာလ ၂၆ ရက် နံနက် ၁း၃၀ နာရီ)

ဆဲလ်တစ်က ဒီအုပ်စုမှာ မျှော်လင့်ချက် မရှိတော့ပါဘူး။ ယူရိုပါလိဂ်ဝင်ခွင့်အတွက်တောင် ဒီပွဲနိုင်လည်း ဖြစ်နိုင်ခြေ တော်တော်နည်းတယ်။ ရှက်တာဒိုးနက်ကလည်း ပထမအ ကျော့တုန်းက ဆဲလ်တစ်ကို သရေကစားလိုက်တာ ဆိုးသွားတယ်။ အဝေးကွင်းမှာ ရီးယဲလ်ကို ကပ်ရှုံးပြီး၊ လိုက်ပ်ဇစ်ကို ဂိုးပြတ်အနိုင်ရထားတဲ့ စွမ်းဆောင်ရည်အရ ဒီတစ်ကြိမ်တော့ ဆဲလ်တစ်ကို အနိုင်ကစားပါလိမ့်မယ်။

◘ လိုက်ပ်ဇစ် – ရီးယဲလ်မက်ဒရစ် (မြန်မာစံတော်ချိန် အောက်တိုဘာလ ၂၆ ရက် နံနက် ၁း၃၀ နာရီ)

ရီးယဲလ်မက်ဒရစ်က အုပ်စုက တက်ဖို့ သေချာထားပြီး ဖြစ်သလို၊ ဒီပွဲရှုံးရင်လည်း နောက်ဆုံးပွဲမှာ ဆဲလ်တစ်နဲ့ အိမ်ကွင်းပွဲကစားရမှာဖြစ်လို့ အုပ်စုဗိုလ်နေရာပါ သေချာထားပြီးသားလို့ ပြောလို့ရတယ်။ ဒါကြောင့် ရီးယဲလ်မက်ဒရစ်အတွက် ဖိအားမရှိပါဘူး။ အေးအေးဆေးဆးကစားလို့ရတယ်။ အုပ်စုဗိုလ်နေရာ သေချာဖို့အတွက်ကတော့ သရေတစ်မှတ်ယူလိုက် ရင်ရပါပြီ။ သရေလောက်ပဲ ကစားမယ်ထင်တယ်။ 

◘ ဒေါ့မွန် – PSG (မြန်မာစံတော်ချိန် အောက်တိုဘာလ ၂၆ ရက် နံနက် ၁း၃၀ နာရီ)

မန်စီးတီးအသင်းက ပထမအကျော့ အိမ်ကွင်းမှာတုန်း က ဒေါ့မွန်ကို ခက်ခက်ခဲခဲ အနိုင်ကစားခဲ့ရတယ်။ ဒီပွဲမှာ သရေဆိုရင် မန်စီးတီး အုပ်စုဗိုလ်သေချာပါပြီ။ ဒေါ့မွန်ကလည်း နောက် တစ်ဆင့်တက်ဖို့ သေချာသလောက်ရှိနေတဲ့အသင်းပါ။ ဒါပေမဲ့ အုပ်စုဗိုလ်နေရာကို မျှော်လင့်ချင်ရင် ဒီပွဲကို အနိုင်ကစားဖို့လိုတယ်။ လက်ရှိအချိန်မှာ မန်စီးတီးရဲ့ ခြေစွမ်းက ရပ်တန့်ဖို့ခက်ပြီး အာရုံစိုက်ကစားရင် ကွင်းမရွေးပါဘူး။ ဒေါ့မွန်ကွင်းဆိုပေမဲ့ မန်စီးတီးပဲ ကြိုက်တယ်။

◘ PSG – မက္ကာဘီဟိုင်ဖာ (မြန်မာစံတော်ချိန် အောက်တိုဘာလ ၂၆ ရက် နံနက် ၁း၃၀ နာရီ)

မက္ကဘီဟိုင်ဖာက နောက်ဆုံးကစားခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ ဂျူဗင်တပ်စ်အသငး်ကို ဂိုးပြတ်အနိုင်ကစားခဲ့ပြီး PSGကတော့ ဘင်ဖီကာအသင်းကို အိမ်ကွင်း၊ အဝေးကွင်း နှစ်ကျော့ စလုံး သရေပဲကစားနိုင်ခဲ့တယ်။ ဒီပွဲက PSG အုပ်စုဗိုလ်နေရာအတွက် ပြန်အာရုံစိုက်ရမယ့်ပွဲဖြစ်ပြီး မက်ဆီလည်း ပြန်ပါလာမှာဖြစ်တယ်။ ဒါ့အပြင် ပြင်သစ်မြေမှာ ကစားရမယ်။ ပြီးတော့ ဘင်ဖီကာနဲ့ အုပ်စုဗိုလ်နေရာကို ဂိုးကွာခြားချက်ကြည့်ရမယ့် အခြေအနေလည်းဖြစ်လာနိုင်လို့ ဂိုးပြတ်သွင်းလိမ့်မယ်။ 

◘ ဘင်ဖီကာ – ဂျူဗင်တပ်စ် (မြန်မာစံတော်ချိန် အောက်တိုဘာလ ၂၆ ရက် နံနက် ၁း၃၀ နာရီ)

ဘင်ဖီကာက ဂျူဗင်တပ်စ်ကွင်းမှာ အနိုင်ကစားခဲ့တယ်။ PSGကို နှစ်ကျော့စလုံး သရေကစားထားတယ်။ တော်တော်လေး အထင်ကြီးစရာကောင်းတဲ့အသင်းဖြစ်ပြီး ဒီပွဲလည်း ဂျူ ဗင်တပ်စ်က ရုန်းကန်ရဦးမယ်။ ဂျူဗင်တပ်စ်က နောက်ဆုံးကစားခဲ့တဲ့ပွဲမှာ မက္ကာဘီဟိုင်ဖာလိုအသင်းကို ဂိုးပြတ်ရှုံးခဲ့တာ စိတ်ပျက်စရာဖြစ်ပြီး စီးရီးအေမှာတော့ ခြေနည်းနည်းပြန်တက်လာတာတွေ့ရတယ်။ ဒါပေမဲ့ ဒီပွဲလည်း ဘင်ဖီကာမြေမှာ ဂျူဗင်တပ်စ် ရလဒ်ဆိုးဦးမှာပဲ။ 

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular