spot_img

ချန်ပီယံလိဂ် အဖွင့်ပွဲမှာ မန်ချက်စတာ ယူနိုက်တက် အသင်းကို ရှုံးနိမ့် ခဲ့တာနဲ့ ပတ်သက်လို့ တုန့်ပြန်လိုက်တဲ့ အမ်ဘက်ပီ

လီဂူးဝမ်း ထိပ်သီး PSG အသင်းဟာ ပြီးခဲ့တဲ့ ရက် သတ္တပါတ် တုန်းက ချန်ပီယံလိဂ် ပြိုင်ပွဲ ရဲ့ အုပ်စု အဖွင့် ပွဲစဉ် အဖြစ် ပရီးမီးယားလိဂ် ထိပ်သီး ကလပ် ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းကို ပါ့စ် ဒက်စ် ပရင့်စ် ကွင်းမှာ ဧည့်ခံ ကစားခဲ့ ရပြီး 1 – 2 ဆိုတဲ့ ရလဒ် နဲ့ စိတ်ပျက်ဖွယ် ရှုံုးနိမ့် သွားခဲ့ရ ပါတယ် ။

အဆိုပါ ပွဲစဉ် မှာတော့ မန်ချက်စတာ ယူနိုက်တက် အသင်း အတွက် သွင်းဂိုး တွေကို ဘရူနို ဖာနန်ဒက်စ် နဲ့ မားကပ်စ် ရပ်ရှ်ဖို့ တို့က သွင်းယူ ပေးခဲ့ ကြပြီး PSG အသင်း ကတော့ ယူနိုက်တက် တိုက်စစ်မှူး အန်သိုနီ မာရှယ် ရဲ့ ခေါင်းတိုက်ချက် ညံ့ဖျင်းမှုကြောင့် ရရှိ ခဲ့တဲ့ own goal ကိုသာ ပိုင်ဆိုင် သွားနိုင်ခဲ့ ပါတယ် ။

myan789

ဒီပွဲ မှာတော့ PSG အသင်း ရဲ့ ပထမပိုင်း အတွင်း ကစားပုံ တွေက စိတ်ပျက် စရာ ဖြစ်ခဲ့ရ ပါတယ် ။ ဒါဟာ နေမာ ၊ အမ်ဘက်ပီ တို့နဲ့ အတူ ပြီးခဲ့တဲ့ ဘောလုံး ရာသီ တုန်းက ချန်ပီယံလိဂ် ဖိုင်နယ် အထိ တက်ရောက် နိုင်ခဲ့တဲ့ PSG အသင်း ရဲ့ ဆိုးရွားလွန်းတဲ့ စွမ်းဆောင်ရည် တစ်ခုလည်း ဖြစ်သွားခဲ့ ပါတယ် ။

အခု တစ်ပါတ် မှာတော့ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ RB လက်ပ်ဇစ် အသင်း နဲ့ ရင်ဆိုင် ရမှာ ဖြစ်ပြီး PSG အသင်း ကတော့ အုပ်စု ဒုတိယ ပွဲစဉ် အဖြစ် အစ္စတန်ဘူလ် ဘာဆက်ဆီဟာ အသင်း နဲ့ ရင်ဆိုင် ကစား ရမှာပဲ ဖြစ်တဲ့ အတွက် ပြင်သစ်သား တွေဟာ အနိုင် ရရှိအောင် အားထုတ် ရမှာပဲ ဖြစ်ပါတယ် ။

အဲ့ဒီနောက် ဒီဇင်ဘာ 2 ရက်နေ့ မှာတော့ PSG နဲ့ ယူနိုက်တက် တို့ဟာ အိုးလ် ထရပ်ဖို့ဒ် ကွင်းထဲမှာ တစ်ဖန် ပြန်လည် တွေ့ဆုံ ရင်ဆိုင် ကြရမှာပဲ ဖြစ်ပါတယ် ။ ဒါဟာ PSG အသင်း အတွက် ယူနိုက်တက်ကို နှစ်ကြိမ်ဆက် ရှုံးနိမ့် ခဲ့ခြင်းကို လက်စားချေဖို့ အကောင်းဆုံး အခွင့်အရေးပဲ ဖြစ်ပါတယ် ။

အခုတော့ အစ္စတန်ဘူလ် အသင်း နဲ့ ရင်ဆိုင် ရမယ့် ပွဲစဉ် မတိုင်မီ သတင်းစာ ရှင်းလင်းပွဲ မှာ အမ်ဘက်ပီ က သူတို့ တွေဟာ ယခင် တုန်းကလည်း အဖွင့် ပွဲစဉ်မှာ ရှုံးနိမ့်ခဲ့ ဖူးကြောင်း ၊ ဒါကို ဘယ်လို တုန့်ပြန် ရမလဲ ဆိုတာကို ကောင်းကောင်း သိရှိကြောင်း ထုတ်ဖော် ပြောကြား သွားခဲ့လိုက် ပါတယ် ။

” ချန်ပီယံလိဂ် ပြိုင်ပွဲ ရဲ့ အုပ်စု အဖွင့် ပွဲစဉ်မှာ ကျွန်တော် တို့ ရှုံးနိမ့်ခဲ့ ကြတာက ဒါဟာ ပထမဆုံး အကြိမ်တော့ မဟုတ် ပါဘူး ။ ဒီလို အနေအထား ကြုံတွေ့ ရတဲ့ အခါ ဘယ်လို တုန့်ပြန် ကြရ မလဲ ဆိုတာကို ကျွန်တော်တို့ ကောင်းကောင်း သိရှိ နားလည် ထားကြ ပါတယ် ”

” ကျွန်တော်တို့ ရှေ့ဆက်ပြီး အပြန်အလှန် ကစားကြ ရမယ့် ပွဲစဉ် တွေက အမြန်ဆုံး ကုန်ဆုံး သွားမှာပါ ။ ကျွန်တော်တို့ ကတော့ ဒီဂျာစီ ၊ ဒီကလပ် အသင်းကို ထိုက်တန်စွာ ဂုဏ်ပြု နိုင်ရေး အတွက် အစ္စတန်ဘူလ်မှာ အနိုင် ရလဒ် ရရှိအောင် အစွမ်းကုန် ကြိုးစား အားထုတ် သွားကြမှာပါ ”

” ပွဲစဉ်တိုင်းက အရေးကြီးလှ ပါတယ် ။ ဒါပေမယ့် ခင်ဗျား တို့ အပါတ်စဉ် နှစ်ရက် ၊ သုံးရက် အကြာမှာ တစ်ပွဲနှုန်း ကစားနေရမယ် ဆိုရင်တော့ အကြီးမားဆုံး ကလပ် အသင်း တစ်သင်း ဖြစ်နေရင် တောင်မှ အခက်အခဲ တွေကို ကြုံတွေ့ ရမှာ အသေအချာ ပါပဲ ” လို့ အမ်ဘက်ပီ က ပြန်လည် ဖြေကြား သွားခဲ့လိုက် ပါတယ် ။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular