spot_img

ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်(ပထမအကျော့) ပွဲကြိုသုံးသပ်ချက်

PSG – မန်စီးတီး (မြန်မာစံတော်ချိန် ဧပြီလ ၂၉ ရက် နံနက် ၁:၃၀ နာရီ)
ဆီမီးဖိုင်နယ်ရောက် (၄)သင်းထဲမှာ ဒီနှစ်သင်းက ပိုအားကောင်း၊ ပိုပြီး ပုံစံကောင်းပြနေတဲ့အသင်းတွေဖြစ်တယ်။ ငွေကြေးအင်အားတောင့်တင်းသလို၊ ကမ္ဘာ့စျေးအကြီးဆုံးတိုက်စစ်အသင်းနဲ့ ကမ္ဘာ့စျေးအကြီးဆုံး ခံစစ်အသင်း ထိပ်တိုက်တွေ့တဲ့ပွဲလို့ လည်းပြောနိုင်တယ်။ ကစားဟန်အရဆိုရင်တော့ နှစ်သင်းစလုံးက တိုက်စစ်အားပြုကစားကြတဲ့အသင်းတွေဖြစ်ပြီး ပွဲကောင်းတစ်ပွဲ ဖြစ်လာလိမ့်မယ်။ အသင်းလိုက်ခြေစွမ်းချင်းယှဉ်ရင် မန်စီးတီးကို ပိုကြိုက်တယ်။ PSG က ပိုချက်တီနိုလက်ထက်မှာ ဂိုးမိုးရွာတဲ့ပွဲမျိုးတွေ နည်းလာတာကို သတိပြုရမှာဖြစ်သလို၊ လက်ရှိ Form အရလည်း မန်စီးတီးကို မမီဘူး။ ဒါပေမဲ့ ပိုချက်တီနိုက ဂွါဒီယိုလာကို စပါးမှာတုန်းက ချန်ပီယံလိဂ်ကနေ ဖြုတ်ချခဲ့ဖူးတဲ့ နည်းပြဖြစ်ပြီး အခုအချိန်မှာ ပိုကောင်းတဲ့ စုဖွဲ့မှုနဲ့ ရင်ဆိုင်ရမှာဖြစ်တယ်။ မန်စီးတီးကို ဘယ်လိုတုံ့ပြန်ရမလဲဆိုတာ ကောင်းကောင်းနားလည်နေတဲ့ နည်းပြဖြစ်ပြီး ဘာပေ၊ နေမာတို့ရဲ့ တစ်ဦးချင်းခြေစွမ်းက မန်စီးတီးကို ထိုးနှက်မယ့်အချက်လည်းဖြစ်တယ်။ မန်စီးတီးကို ဒီဘက်နှစ်တွေမှာ တောက်လျှောက်ဒုက္ခပေးခဲ့တဲ့ နည်းဗျူဟာပိုင်းဆိုရင် အသင်းလိုက်ကစားဟန်ထက်၊ တစ်ဦးချင်းအားကောင်းတဲ့ ကစားသမားတွေနဲ့ ဒုက္ခပေးတာ ဖြစ်ပြီး၊ လက်ရှိ အချိန်မှာတော့ ခံစစ်ပိုင်းက In-form ဖြစ်နေလို့ ဒီအချက်ကို အဆုံးသတ်နိုင်မလားဆိုတာ စောင့်ကြည့်ရမယ်။ ဒါပေမဲ့ ဒီယက်စ်-လာပေါ့တ် ဖြစ်ဖြစ်၊ ဒီယက်စ်-စတုန်းစ်ဖြစ်ဖြစ် ဘာပေရဲ့အမြန်နှုန်းက ထိန်းချုပ်ဖို့ မလွယ်တဲ့အနေအထား ဖြစ်တယ်။ ဝေါ်လ်ကာတစ်ဦးတည်းသာ PSG တိုက်စစ်ကစားသမားတွေရဲ့ အမြန်နှုန်းနဲ့ ကျွမ်းကျင်မှုကို ယှဉ်လိုက်နိုင်တဲ့အနေအ ထားလည်းဖြစ်နေတယ်။ ဘာပေဒဏ်ရာအနည်းငယ်ရှိပေမဲ့ သူသာပါလာရင်တော့ PSG ကို ပိုကြိုက်ပါတယ်။

myan789

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular